ရန်ကုန်လူငယ်များ (၉)ဦးတရားစွဲဆိုခံရမှု ရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစု သဘောထားထုတ်ပြန်

နော်ဒွေးအယ်ခူ လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံမှာဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ် ထားရှိမှုကိုဌာနေတိုင်းရင်းသားတို့မှ ဖေဖော်ဝါရီလ၁၂ရက်နေ့မှာ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကိုထောက်ခံတဲ့အနေနဲ့ ရန်ကုန်မြို့ရှိလူငယ်များကဆူးလေပန်းခြံမှာ ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဦးဆောင်သူ (၉)ဦးတရားစွဲဆိုခံရတာနဲ့ ပတ်သက်ပြီးအမှုရုတ်သိမ်းပေးရန် ကရင်နီပြည် လူငယ်များအင်အားစုကဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာသဘောထားထုတ်ပြန်ခဲ့ပါတယ်။ “ကျွန်တော်တို့ လွိုင်ကော်မှာ ၁၂ရက်နေ့တုန်းက

Read more

ဒေသထွက်ကုန်များ ဈေးကွက်ဝင်နိုင်ရန် အမြင်ဖွင့်သင်တန်းပေး

မူဂျာမီလှိုင် မိမိတို့ဒေသထွက်ကုန်များကို ဈေးကွက်အတွင်းသို့ မည်သည့်ပုံစံများဖြင့် ဝင်ဆံ့နိုင်အောင် ပြုလုပ်ဆောင်ရွက်သင့်ကြောင်း ဒေသဆိုင်ရာ စီးပွားရေးအမြင်ဖွင့်သင်တန်းတစ်ရပ်ကို ဖယ်ခုံမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ “အဓိကက​တော့ ဒီ​ဒေသအလိုက်​ထွက်​ကုန်​​တွေရှိတယ်​ ဒီထွက်​ကုန်​​တွေကို ​ဈေးကွက်​ထဲဘယ်​လို​ရောက်​​အောင်​စဉ်းစားတဲ့​နေရာမှာ စီးပွား​ရေးဆန်​ဆန်​စဉ်းစားတတ်​ဖို့အတွက်​၊ စီးပွား​ရေးလုပ်​တဲ့အခါမှာ သဘာဝပတ်​ဝန်းကျင်​ကို ဘယ်​လိုနည်းနဲ့ထိခိုက်​​နေလဲ၊ ဘယ်​လိုနည်းနဲ့ကာကွယ်​သင့်​သလဲဆိုတာကို အဓိက​ပေးချင်​တဲ့ရည်​ရွယ်​ချက်​​ပေါ့”

Read more

ရန်ကုန်ဓာတ်ပုံပြိုင်ပဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုရရှိ

ခွန်းကလိုင်းဖရီး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ဖေဖော်ဝါရီလ(၂၄)ရက်ည (၇) နာရီအချိန် ကျင်းပပြုလုပ်သည့် (၁၁)ကြိမ်မြောက် ရန်ကုန်ဓာတ်ပုံပြိုင်ပွဲတွင် ကယားပြည်နယ်မှ ပထမဆုနှင့် စတုတ္ထဆုကို ဆွတ်ခူးရရှိခဲ့သည်။ စစ္စတာစန္ဒာလင်း ရိုက်ကူးသည့် “အမြင့်ပျံ” ဓာတ်ပုံဇာတ်လမ်းက ပထမဆုရရှိခဲ့ပြီး၊ ကိုဟယ်ရီဖြိုး

Read more

နေရပ်ပြန်ဒုက္ခသည်များ ရေရှည်အလုပ်အကိုင်ရှားပါးမှု ပြဿနာကြုံတွေ့မည်ကိုစိုးရိမ်

နော်ဒွေးအယ်ခူ မိမိဆန္ဒအလျောက်နေရပ်ပြန် ဒုက္ခသည်များသည် လတ်တလောတွင်အဆင်ပြေနိုင်သော်လည်း ရေရှည်တွင် အလုပ်အကိုင်ရှားပါးမှုပြဿနာ ကြုံတွေ့လာရမည်ကိုစိုးရိမ်ကြောင်း ကရင်နီဒုက္ခသည် ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဗညားကပြောသည်။ ၎င်းက “ကျနော်တို့ စိုးရိမ်တာကရေရှည်အသက်မွေးဝမ်းကြောင်းမဖန်တီးပေးနိုင်ဘူးဆိုရင် ရေရှည်စားဖို့သောက်ဖို့က ပြဿနာကြုံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် စိုက်ပျိုးလုပ်ကိုင်ဖို့အတွက် မြေနေရာမရှိတာရယ်၊

Read more

မွေတော်ဓာတ်စစ်ဘုရားပွဲခေါ် မိုးဗြဲပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ

မူဂျာမီလှိုင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲတွင် နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ကျင်းပလျှက်ရှိသည့် လူသိများသည့်မိုးဗြဲပွဲခေါ် မွေတော်ဓာတ်စစ်ဘုရားပွဲသည် ယခုနှစ်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသောကြောင့် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများနှင့် စည်ကားလျှက်ရှိကြောင်း သိရသည်။ ” ဒီပွဲကို စော်ဘွားခေတ်ကတည်းကကျင်းပခဲ့တာ ကျွန်တော်တို့ ၈၈

Read more

ပြည်နယ်အစိုးရ ကရင်နီသမိုင်းကို မထီမဲ့မြင်ပြုလုပ်နေဟု KNPP ဝေဖန်

ခူးဖရက်ရယ် ဗိုလ်ချုပ်ကြေးရုပ်ကို ပြည်နယ်၏ အများပြည်သူပန်းခြံထဲတွင် တည်ဆောက်သွားခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့သည် ကရင်နီသမိုင်းအမှန်ကို ဖုံးကွယ်ပြီး အတင်းအဓမ္မဆောင်ရွက်နေခြင်းဖြစ်သည် မထီမဲ့မြင့်ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ရယ်အက်စ် ကပြောပါသည်။ ကရင်နီသမိုင်းကိုလေ့လာသည့်သူတိုင်း ယခုကဲ့သို့ လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ကြောင်း၊ ပြည်နယ်အစိုးရမှလည်း

Read more

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ပညာဆက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေ

ခူးဖရဲရယ် ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ပညာသင်ကြားပြီး မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားဆောင်ရွက်ပေးနေသည်ဟု သိရသည်။ နေရပ်ဒေသေသို့ ပြန်သွားလိုသော ကျောင်းသား/သူများအတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာကို ပြီးခဲ့သည့် ဇန်နာဝါရီလက ကရင်နီဒုက္ခသည် ပညာရေးဌာနမှ

Read more

ရွှေ့ပြောင်းတောင်ယာလျော့ကျစေရန် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်လုပ်ဆောင်

မူဂျာမီလှိုင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု လျော့ကျလာစေရန်အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။ ” သဘာဝတောတောင်ရေမြေတွေမပျက်စီးအောင် တောင်ကတုံးမှာ တောင်ယာမီးရှို့မှုတွေမရှိအောင် ရွှေ့ပြောင်းတောင်ယာစနစ်တွေပပျောက်အောင် အစ်မတို့က ကွန်တိုလိုင်းတွေဖော်ပြီးစိုက်ပျိုးတာတို့ ကုန်းမြင့်လယ်ယာဖော်တာတို့ ဒါမျိုးတွေကို ဆောင်ရွက်ပေးတာပေါ့” ဟု

Read more

ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီမှ ဆွေးနွေးမှုအစီအစဉ်ကို ဖျက်သိမ်း

နော်ဒွေးအယ်ခူ ယနေ့ ဖေဖော်ဝါရီလ ၁၇ရက်နေ့ လွိုင်ကော်မြ်ု့ အင်ပါယာဟိုတယ်တွင် ဗိုလ်ချုပ်မြင်းစီးကြေးရုပ်နှင့် ပတ်သက်၍ ကန့်ကွက်သူများနှင့် ဖြစ်မြောက်ရေးကော်မတီတို့ ဆွေးနွေးညှိနှိုင်းမှုတွင် ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ကိုယ်စားလှယ်များမှ ဆွေးနွေးပွဲမပြီးခင်တွင် အစည်းအဝေးကို ဖျက်သိမ်း၍ ထပြန်ခဲ့ကြောင်း သိရသည်။ ကန့်ကွက်သူလူငယ်ကိုယ်စားမှ ပါဝင်ဆွေးနွေးခဲ့သည့်

Read more

ကရင်နီဒုက္ခသည်ပညာရေး ဆယ့်နှစ်တန်း အဆင့်ထိ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်

ခူးဖရဲရယ် ကရင်နီဒုက္ခသည်ပညာရေးဌာန လက်အောက်ရှိ အခြေခံအထက်တန်းကျောင်းကို လာမည့် ၂၀၁၉-၂၀ ခုနှစ် ပညာသင်နှစ်မှာ ဆယ့်နှစ်တန်းအဆင့်ထိ တိုးချဲဖွင့်လှစ်သွားမည်ဟု ကရင်နီပညာရေးဌာနထံမှ သိရပါသည်။ မြန်မာပညာရေးစနစ်သည် ဆယ့်နှစ်တန်းအဆင့်ထိ စတင်ကျင့်သုံးပြီး သင်ကြားနေပြီဖြစ်သည့်အတွက် ကရင်နီဒုက္ခသည်ပညာရေးသည်လည်း အနာဂတ်မှာ မိမိအရပ်ဒေသကို ပြန်သွားရင်

Read more