spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

NCA မထိုးသေးခြင်းဟာ ကေအဲန်ပီပီတပ်သား အသတ်ခံရတဲ့ ကိစ္စတစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူး။

Author

Date

Category

“NCA မထိုးသေးခြင်းဟာ ကေအဲန်ပီပီတပ်သား အသက်ခံရတဲ့ ကိစ္စတစ်ခုတည်းကြောင့်ပဲ မဟုတ်ဘူး။”လို့ ဆိုတဲ့ KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီ PNC ၏ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုးနှင့် တွေ့ဆုံမေးမြန်းခြင်း။

ကန္တာရဝတီတိုင်း(မ်)

မေး။ ။ NCA မထိုးနိုင်သေးတဲ့အပေါ်မှာ တကယ်ပဲ ဒီဇင်ဘာ ၂ဝ ရက်နေ့က ဖြစ်သွားတဲ့ဖြစ်စဉ်ကြောင့်ပါတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ Knpp NCA ကို မထိုးသေးတဲ့ကိစ္စက ဒီဇင်ဘာ ၂ဝ ရက်နေ့က ရဲဘော်သုံးယောက်နဲ့ ရွာသားတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့က တစုံတရာတော့ အကြောင်းရင်းတစ်ခုကြောင့်တော့ ဖြစ်ကောင်းဖြစ်မှာပေါ့နော။ အဲ့အကြောင်းရင်း တခုတည်းကြောင့်တော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အဲ့လိုဖြစ်သွားတော့ NCA ထိုးဖို့အတွက် အခက်အခဲပိုဖြစ်သွားတာပေါ့။ ကြန့်ကြာစေတယ်။ ဘာဖြစ်လဲဆိုတော့ ဒါက လူသတ်မှုဖြစ်တယ် အမှန်တရားဖော်ထုတ်ဖို့လိုတယ်။ အမှန်တရားဖော်ထုတ်နိုင်မယ့် အာမခံချက်တို့ သေချာရှိမှပဲလည်း ကျနော်တို့က NCA တို့ကို ကိစ္စမျိုးကို ရှေ့ဆက်လို့ရမယ်လေး။ တနည်းအားဖြင့်တော့ သက်ရောက်မှုရှိတာပေါ့။ ဒီ NCA ဖြစ်စဉ်ပေါ်မှာ ဒါပေမဲ့ ဒီအမှုကြောင့်ပဲ ကျနော်တို့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို မနောက်နှေးစေချင်ဘူး။

မေး။ ။ ဒီဇင်ဘာ ၂ဝ ရက်နေ့ကဖြစ်စဉ်က အခုဘယ်အဆင့်ထိရောက်နေပြီလဲ။ ဆရာတို့ကော ဘယ်လိုစောင့်ကြည့်နေလဲ။

ဖြေ။ ။ ဖော်ထုတ်နေတာကတော့ ကျနော်တို့ လိုလားတာကတော့ ပူးတွဲစုံစစ်ဆေးရေးကော်မရှင် မျှမျှတတဖြစ်အောင်ပေါ့နော။ လောလောဆယ် ဒီအတွက် ကျနော်တ ို့ ကြိုးစားနေတယ်။ အဲ့ကြောင့်မို့လို့ အမှုမှန်ဖော်ထုတ်ရေးက လောလောဆယ်က ထင်သလောက် ခရီးမပေါက်သေးဘူး။

မေး။ ။ အမှုမှန်ပေါ်ပေါက်နိုင်ဖို့အတွက် ဆရာတို့က ဘယ်လိုဆောင်ရွက်မှုမျိုးတွေ ဆက်လုပ်နေလဲ။ 

ဖြေ။ ။ ဒီအမှုက အမှုမှန်ပေါ်ဖို့က အရေးကြီးတယ်။ သူတို့ရဲ့ မိသားစုတွေအတွက်လည်း အမှန်တရားဖော်ထုတ်ပေးဖို့လိုတယ်။ ဆိုတော့ ကျနော်တို့က အမြန်ဆုံးတော့ လုပ်သွားမယ်။ အခုတော့ ညှိနှိုင်းရတယ်ပေါ့နော။ အစိုးရနဲ့ မဟုတ်ဘဲ စစ်တပ်နဲ့ပါ ကျနော်တို့ ညှိနှိုင်းရတယ်။ စုံစမ်းစစ်ဆေးရေးလုပ်ပြီးတော့ တရားစီရင်သွားနိုင်ဖို့က ညှိနှိုင်းနေရတယ်။ အခက်အခဲတော့ရှိတယ်။ ဒါပေမဲ့ ဒါကလောလောဆယ်ဆိုတော့ ဦးစားပေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတော့ အဲ့ဒါကို အနှေးအမြန်ဆက်လက်ဖော်ထုတ်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းသွားမှာပါ။

မေး။ ။ ဒီကိစ္စကသာ ဆရာတို့ knpp ဘက်က ကြေနပ်လောက်တဲ့ အဖြေရမယ်ဆိုရင် NCA ထိုးဖို့ကိစ္စက ပိုပြီးတော့ မြန်ဆန်သွားနိုင်မလား။

ဖြေ။ ။ ကျနော်ထင်တာကတော့ အမှုကိစ္စနဲ့ NCA က တိုက်ရိုက်ဆက်နွယ်နေတယ်။ တစ်ခုနဲ့ တစ်ခုက ချိတ်ပြီးတော့ သွားတဲ့ပုံစံမျိုးဆိုတော့ အမှုမှန်ဖော်ထုတ်ဖို့က အချိန်ကြာနိုင်တယ်။ မြန်လဲမြန်နိုင်တယ်။ အဲ့ဒါ တစ်လိုင်းပေါ့နော။ ပြီးတော့ NCA ထိုးနိုင်ဖို့က ကျနော်တို့ဆီမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်။ ညှိနှိုင်းရမယ့်ဟာတွေ အများကြီးရှိတယ်။ တပ်ပေါင်းစု အနေနဲ့လည်း ညှိထားတာရှိသလို ကျနော်တို့ ဆက်သွားမယ်ဆိုရင်လည်း ဆက်ညှိရမယ့် အရာတွေ ရှိသေးတယ်။ ဆိုတော့ အဲ့ဒါလည်း ဘယ်လောက်ကြာမလဲ မသိဘူး။

မေး။ ။ KNPP အနေနဲ့ ငြိမ်းချမ်းရေးအတွက် ဘာတွေဆောင်ရွက်နေလဲဆိုတာလေး ပြောပြလို့ရမလား။

ဖြေ။ ။ KNPPကတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် ကျနော်တို့က commitment အပြည့်အဝထားထားတယ်။ အခု NCA လမ်းကြောင်းနဲ့ သွားဖို့လည်း ကျနော်တို့က ဆုံးဖြတ်ချက်ချထားပြီးသား။ ပြီးတော့ အရင်ကတော့ တပ်ပေါင်းနဲ့ သွားခဲ့တယ်။ အခုတော့ အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့က (Bilateral) ဘယ်လထရယ်နဲ့ သွားရမယ့် အကြောင်းမျိုးဖြစ်လာတော့ ကျနော်တို့က ငြိမ်းချမ်းရေးရဖို့ဆိုရင် ကျနော်တို့ဆီမှာ ဘိုင်လထရယ် သဘောတူထားတဲ့ အချက်တွေရှိတယ်။ ကျနော်တို့ကနေ ငြိမ်းချမ်းရေးကို တရှိုက်မတ်မတ် အကောင်အထည်ဖော်သွားဖို့ ဘိုင်လထရယ်လမ်းကြောင်းကနေ ကျနော်တို့က တရှိုက်မတ်မတ် သွားမယ်။

spot_img
spot_img

Recent posts