spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အကြီးစားစီမံကိန်းဖေါ်ဆောင်ရာ၌ ဒေသခံလူထု၏ ဆန္ဒကိုအလေးထားရန် KSSUG တိုက်တွန်း

Author

Date

Category

ထျိုးမြာ

အကြီးစားစီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖေါ်ဆောင်းခြင်း မပြုလုပ်သေးခင် လူထုများကိုပွင့်လင်းမြင်သာစွာချပြရှင်းလင်းပေးရန်၊
လူထုများ၏ ဘဝလုံခြုံမှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောစီမံကိန်းများကို အကောင်အထည်ဖေါ်ဆောင်ခြင်း မပြုရန်နှင့် လူထုများ၏ ဘဝကို မြင့်တင်ပေးမည့် ရင်းနှီးမြပ်နှံမှုများကိုသာ ဆောင်ရွက်ရန် လိုအပ်ကြောင်း
Karenni State Situation Update Group (KSSUG)က တိုက်တွန်းနှိုးဆော်လိုက်သည်။

KSSUမှ ကောက်ခံခဲ့သော စစ်တမ်းတွင် အကြီးစားစီမံကိန်းများနှင့် ပတ်သက်ပြီး များသောအားဖြင့် သက်ဆိုင်ရာမှ ဆောင်ရွက်ကြရာတွင်
ဒေသခံလူထုဘက်မှ မသိရှိရသည်ကို တွေ့ရသည်ဟု KSSUG ၏ အဖွဲ့ဝင် နော်ဖောဝါးက ပြောသည်။

“ဒီစီမံကိန်းတွေက နိုင်ငံတော်ကနေအကောင်းအထည်ဖော်တဲ့ဒီမံကိန်းတွေ တော်တော်များများက လူထုတွေကဘာမှမသိဘူး။ ဘာစမ်းသပ်သွားလို့ ဘာလုပ်မှန်းမသိဘူး။ ဒါပေမဲ့ အကောင်းအထည်ဖော်မယ်ဟေ့ဆိုတဲ့ အဲ့ဒီအသိပေးတဲ့အချိန်ကျမှ သူတို့တွေ သိသွားတာတွေက များနေတယ်။ အဲ့တော့ ပွင့်လင်းမြင်သာမှုအပိုင်းမရှိဘူး။ အထူးသဖြင့်ဆိုရင် ကောင်းအထည်ဖောင်မဲ့ဒေသခံရဲ့ အသံကသူတို့ယူထားတာတွေ မရှိဘူးပေါ့။ အဲ့ဒါတွေဟာ အများအားဖြင့် ကျမတို့ လူထုတွေဆီသွားရောက်တွေ့ဆုံတဲ့အခါမှာ ထွက်လာတဲ့အသံပေါ့ ” ဟု နော်ဖောဝါးက ပြောသည်။

ကယားပြည်နယ်၌ အစိုးရသစ်လက်ထက်အတွင်း အကောင်အထည်ဖေါ်ဖို့ ပြန်လည်အစပြုခဲ့သော အကြီးစားစီမံကိန်းနှစ်ခု ရှိခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ပွန်ချောင်းရေအားလျှပ်စစ်စီမံကိန်းနှင့် ယခု ၂၀၁ရ ခုနှစ် ဩဂုတ်လ အတွင်း ဒီဘိလပ်မြေစက်ရုံစီမံကိန်းအကောင်အထည်ဖေါ်ရန် စတင်ပြုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

KSSUG အဖွဲ့သည် လူထု၏ လိုအပ်ချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကရင်နီပြည်နယ်အတွင်းရှိ ပဋိပက္ခနှင့် ပတ်သက်သော အချက်အလက်များကို ပါဝင်ပတ်သက်သူများထံ ဖြန့်ဝေပေးနိုင်ရန် သုတေသနပြုလုပ်ပြီး ရရှိလာသောအချက်အလက်များကို ကရင်နီပြည်နယ်အတွင်းရှိ လူထုများအားလုံး လက်လှမ်းမှီစေရန်အတွက် စာအုပ်ထုတ်ပြီး မျှဝေမှုများ ပြုလုပ်လျှက်ရှိသည်။

Karenni State Situation Update Group ( KSSUG) အဖွဲ့သည် ကယားပြည်နယ်ရှိ မြို့နယ်ခုနှစ်မြို့နှင့် ကယန်းဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ (၄၉) ခုကို ဦးတည်ကာ စစ်ဆေးရေးဂိတ်များ၊ မြေယာရေးရာ၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အခွန်ကောက်ခံခြင်းနှင့် အကြီးစားစီမံကိန်းဆိုင်ရာ သုတေသနပြုလုပ်ပြီး စစ်တမ်းကောက်ယူခဲ့ကြခြင်း ဖြစ်သည်။

spot_img
spot_img

Recent posts