- ကျစ်လစ်တဲ့ အခွန်ကောက်ခံမှုကိုသာ လိုလားတယ်လို့ ဒေသခံလူထုတွေပြောဆိုလိုက်ပါတယ်။
- တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်(PNO) က အဆိပ်ငွေ့ပါတဲ့ လက်နက်ကြီးတွေ အသုံးပြုလာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဖျားနာမှုခံစားရပါတယ်။
- ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်သူတွေဟာ အရေပြားပေါ်မှာ အဖြူရောင်အစက်အပျောက်များ ဖြစ်ပေါ်နေပါတယ်။
- နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲကြောင့် တိမ်းရှောင်ရသူ ၃ ဒသမ ၆ သန်းရှိပြီး ၁၀၂၇ စစ်ဆင်ရေးကာလ နောက်ပိုင်း ၁ ဒသမ ၅သန်း တိုးမြင့်လာပါတယ်။
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးကင်းလုံခြုံပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေရှင့်။ ကျမမော်ညားမာပါ။