spot_img
Wednesday, November 30, 2022
spot_img

ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း

spot_imgspot_imgspot_imgspot_img

ခွန်းကလိုင်းဖရီး ကန္တရဝတီတိုင်း(မ်)

တောင်တန်းတွေပေါ်က လူသွားလမ်းကျဉ်းကျဉ်းလေးထဲမှာ အမျိုးသားတွေနဲ့အတူ အမျိုးသမီးတွေလည်း ပေါက်ပြားကိုယ်စီကိုင်ပြီး ရွာချင်းဆက်တဲ့ ဆိုင်ကယ်လမ်းပေါက်ရောက်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

အခုလို လမ်းပေါက်နိုင်ဖို့ ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ကျေးရွာသုံးရွာပူးပေါင်းပြီး ရွာချင်းဆက်တဲ့ လူသွားလမ်းကို ဆိုင်ကယ်သွားနိုင်မယ့်လမ်းအဖြစ် အဆင့်မြှင့်တင်နေကြတာပါ။

ဒီလမ်းဟာ ဖယ်ခုံမြို့နယ်မှာရှိတဲ့ ရီနွဲ့ကျေးရွာအုပ်စုထဲက ကျေးရွာနှစ်ဖြစ်တဲ့ ဝှါစမ်းရွာဟောင်း၊ ဝှါစမ်းကရားနဲ့ အလယ်ကယန်းကျေးရွာအုပ်စုထဲက ရန်းခူကျေးကို ဆက်သွယ်ထားတဲ့ လမ်းလည်း ဖြစ်ပါတယ်။

ရန်းခူကျေးရွာရဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ စခွန်းမောင်ညိုက ရွာချင်းဆက် ကိုယ်ထူကိုယ်လမ်းဖောက်လုပ်တာနဲ့ ပတ်သက်ပြီး သူမျှော်လင့်ထားတာကို ခုလို ပြောပါတယ်။

“လမ်းဆိုတာက လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအဖက်ဖက်မှာပေါ့နော်။ အကုန်လုံးအကျိုးပြုပါတယ်။ လမ်းသာပြီးရင် ဆိုရင်တော့ တအားနီးသွားပြီလေ။ ဆိုင်ကယ်နဲ့ သွားလို့ လာလို့လည်း ရပြီဆိုရင်တော့ ဥပမာ လူဖျားလူနာဆိုတော့လည်း ဝှါစမ်းဖျားနာရင် ရန်းခူမှာ လာကုဆိုရင်လည်း ခဏလေး အဲ့မျိုးဖြစ်သွားတာပေါ့။ အခုခေတ်ဆို တစ်ရွာနဲ့တစ်ရွာ ရွာချင်းဆက်လမ််း ရှိထားလည်း မမှားဘူးပေါ့နော်။”

ကျေးရွာသူ၊သားတွေရဲ့ လုပ်အားနဲ့ပဲ ပေါက်ပြား၊ ဓါး၊ သံချောင်း၊ တူစတာတွေကို အသုံးပြုပြီး လမ်းဖြစ်လာအောင် လုပ်နေရတာကြောင့် အခက်အခဲရှိပါတယ်။

လမ်းပေါ်ရှိတဲ့ ကျောက်တုံးတွေကို ယမ်းတွေနဲ့ ဖောက်ခွဲပစ်ဖို့ မတတ်နိုင်လို့ ထင်းမီးတွေနဲ့ပဲ မီးတိုက် အပူပေးပြီး ထုခွဲရှင်းလင်းတဲ့နည်းနဲ့ပဲ လုပ်ဆောင်ရပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့ အနေအထားမှာ အစိုးရဆီက အကူအညီမရရှိနိုင်ကြတာကြောင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြရတာပဲဖြစ်ပါတယ်။

“ကျနော်တို့နိုင်ငံခါကျတော့ မတည်ငြိမ်တဲ့ အနေအထားမှာလည်း ရှိပြီးတော့မှ ကျနော်တို့က ဘယ်လို ပြောရမလဲဆိုရင် တောတောင်မှာ နေနေတဲ့ ပုဂ္ဂုလ် ခါကျတော့ ဆက်သွယ်ရေးက ကျနော်တို့ အဓိက လိုနေတယ်။ ဒါပေမယ့် ကျနော်တို့ အင်အားခါကျတော့ အားနည်းတယ်။ ဘာဖြစ်လဲဆို ရွာမှာက အိမ်ခြေက ၃၀၊ အဲဒီ ၃၀ တောင်မှ မုဆိုးဖို၊ မုဆိုးမတွေလည်း များပါလိမ့်မယ်။ ဘယ်လိုပြောရမလဲ အခက်အခဲက ငွေရေးကြေးရေးနဲ့၊ နိုင်ငံရေးနဲ့၊ လူအင်အားမရှိတဲ့ခါကျတော့ ဒီလိုမျိုးလုပ်နေရတာပေါ့နော်။ တကယ်တမ်း ပိုက်ဆံရှိမယ်ဆိုရင် စက်ယန္တရားတွေနဲ့ သို့မဟုတ်ရင် လူအများနဲ့ ငှားမယ်ဆိုင်ရင်တော့ ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။”လို့ ဝှါစမ်းကျေးရွာမှာ နေထိုင်တဲ့ စခွန်းမြင့်အောင်က ဆိုပါတယ်။

ဒီလမ်းကို ယခင် ခြေလျင်နဲ့ သွားလာတဲ့အခါ ၃ နာရီနောက်အချိန်ပေးရပြီး ဆိုင်ကယ်လမ်းပေါက်တဲ့အခါကျရင် နာရီဝက်ကျော် လောက်နဲ့ပဲ သွားလာနိုင်ကြတော့မှာပါ။

ဒီလမ်းဖောက်လုပ်ဖို့အတွက် ရွာတွေထဲက အင်အားသုံးနိုင်တဲ့ ဘယ်အမျိုးသား၊ အမျိုးသမီး ကိုမဆို လုပ်အားပေးကြဖို့ ပြောဆိုထားကြပါတယ်။

ဒီလို လမ်းဖောက်လုပ်တာကို ရန်းခူကျေးရွာနေ ရပ်မိရပ်ဖ စခွန်းမောင်ညိုက ”တစ်အိမ်ထောင်တစ်ယောက်မဟုတ်ဘူး။ ကျနော်တို့က ဥပမာ ယောက်ျားမှန်သမျှ အင်အားဗလတောင့်တဲ့လူဆို အကုန်လုံးသွားခိုင်းစေချင်တယ်။ တခါတလေ တစ်အိမ် ထောင်တစ်ယောက်ဆို တစ်အိမ်ထောင်တစ်ယောက်မှ မပါတဲ့လူလည်း ရှိတာပေါ့နော်။ အဲ့ခါကျတော့ အနည်းဆုံးတစ်အိမ်ထောင်တစ်ယောက်အဲ့မျိုးမဟုတ်ဘူး။ လုပ်အားပေးဆိုတာ ယောက်ျား၊ မိန်းကလေးကစ သွားရမယ်ဆိုတာ ပြောတော့ ပြောထားတာပေါ့နော်။”လို့ ဆိုပါတယ်။

ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း
ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း
ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း
ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း
ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း
ကယန်းဒေသက လူအားနဲ့ ကိုယ်ထူကိုယ်ထ ဖောက်တဲ့လမ်း

အဲ့ဒီကျေးရွာ သုံးရွာအတွက် ရွာချင်းဆက် လမ်းပေါက်နိုင်ဖို့အတွက် ရွာသူ၊သားအင်အား ၁၃၀ လောက်က သုံးရက်ဆက် လုပ်အားပေးလုပ်ခဲ့ကြတာပါ။

လုပ်အားပေးလာတဲ့ ရွာသူ၊သားတွေ နေ့လည်စာစားဖို့အတွက် ကယန်းပြည်သစ်ပါတီ၊ အမှတ် (၂) မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အလှူငွေထည့်ဝင်ပေးထားသလို အခြားအလှူရှင်တချို့ကလည်း ပါဝင်ကူညီ ထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့က ဒီလိုမျိုးလက်နဲ့ပဲ လုပ်ရတဲ့အခါကျတော့ ပြောရမယ်ဆို ဖြစ်နိုင်ရင်တော့ ဒီအကူအညီတွေ၊ ဒီနိုင်ငံရေး၊ အဖွဲ့အစည်းတစ်ခုခုပေါ့နော်၊ သူတို့က ကျနော်တို့ကို လုပ်ပေးနိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျနော်ထင်တယ်။ ဒီလိုမျိုးလက်နဲ့ပဲ လုပ်တဲ့ခါကျတော့ မဖြစ်မြောက်နိုင်ဘူးပေါ့နော်။ဒါပေမယ့် ကျနော်တို့ အတတ်နိုင်ဆုံး ဒီလိုမျိုးအခြေအနေရှိတဲ့အခါကျတော့ ကျနော်တို့ ပြောပြ၊ တောင်းဆိုချင်တာပေါ့နော်။ တစ်ဖွဲ့ဖွဲ့၊ တခုခု၊ အလှူရှင်တွေပေါ့နော်။” လို့ ရပ်မိရပ်ဖ စခွန်းမောင်ညိုက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဒေသခံရွာသားတွေက ဆိုင်ကယ်လမ်းလောက်သာ ကိုယ်ထူကိုယ်ထ ဖောက်လုပ်နေကြ ပေမယ့် တချိန်ကျရင်တော့ ကားလမ်းပေါက်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ဖို့ မျှော် လင့်ထားကြပါတယ်။

ကယန်းတိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသက အဆိုပါကျေးရွာတွေဟာ လမ်းပန်းဆက်သွယ် ရေးခက်အခဲပြီး စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာလည်း တခြားသောဒေသတွေထက် အားနည်းနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စေတနာ့ဝန်ထမ်းတွေနဲ့ အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်တဲ့ ကိုယ်ထူကိုယ်ထကျောင်း

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းရှိ ရွာတစ်ရွာက ကျောင်းတစ်ကျောင်းမှာ ဒေသခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေ ပညာဆက်ပြီးဆည်းပူးနိုင်ဖို့ လက်ရှိပညာသင်နှစ်မှာ ကျောင်းဖွင့် ထားတာ ၅ လ လောက်ရှိပြီလို့ ဆိုပါတယ်။ KG အတန်းကနေ ရှစ်တန်းအထိ ဖွင့်လှစ်ထားတဲ့ အဲ့ဒီကျောင်းမှာ ကျောင်းသူ၊သား ၁၅၀ ကျော် ပညာသင်ယူဆည်းပူး နေကြတာပါ။ အဆိုပါကိုယ်ထူကိုယ်ထကျောင်းမှာ စေတနာ့ဝန်ထမ်း...

စစ်ရှောင်မိသားစုတစ်ခုရဲ့ မနက်စာ

မနက် ၅နာရီခွဲအချိန်မှာ စစ်ရှောင် အိမ်ရဲ့ မီးဖိုချောင်ထဲ ဒေါ်ဂျူးလိယက်ဟာ မိသားစု မနက်စာအတွက် စတင်ချက်ပြုတ်နေတာဖြစ်ပါတယ်။ ဒေါ်ဂျူးလိယက်ကတော့ မနက်စာအတွက် တခြားသူတွေ မျှဝေထားတဲ့ ကျောက်ဖရုံသီးကို ချက်ပြီး သိမ်းထားတဲ့ မုန်ညင်းချဉ်ခြောက်ကို အထောင်းလုပ်ပြီး မနက်စာအတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။ သူတို့ဟာ ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စခန်း တစ်နေရာမှာ မိသားစု ၅ယောက်နေထိုင်ကြတာဖြစ်ပါတယ်။ စစ်ရှောင်တွေဟာ...

ကျန်းမာရေးအသိနဲ့ စောင့်ရှောက်မှု အားနည်းနေတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကယောဒေသ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒေသဖြစ်တဲ့ ကယောမျိုးနွယ်စုတွေ အများစုနေထိုင်ရာ ဒေသ ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ဒေသဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ ဒေသဖြစ်တဲ့အလျောက် ကျန်းမာရေး နဲ့ ပါတ်သက်တဲ့ အသိပညာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားနည်းပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တတိယအပတ်မှာ ဆေးကုသမှု...

ပျောက်ဆုံးနေတဲ့ သား ၂ယောက်အိမ်အပြန်ကို ဆက်စောင့်နေတဲ့ စစ်ရှောင် မိခင်

ကန္တာရဝတီတိုင်း(မ်) "အဒေါ်တို့ ကယန်းမှာဆိုရင် သူ့လိပ်ပြာ တွေပြန်လာတယ်။ အဲ့လိုအယူအဆရှိတယ်ပေါ့နော်။ အဲ့တာကြောင့်မို့ သူတို့အသက်ရှင်နေသေးတယ်လို့ ယုံကြည်တယ်" ၈လ ကြာပျောက်ဆုံးနေတဲ့ သား၂ယောက်ရဲ့ သတင်းအစအန ကို အခုထိ မကြားရတော့ပေမယ့် အသက်ရှင်နေဆဲပဲလို့ ယုံကြည်နေတဲ့ စစ်ရှောင်မိခင်တစ်ဦးဖြစ်တဲ့ မူကယန်း(အမည်လွဲ) က ပြောပြသွားတာဖြစ်ပါတယ်။ မူကယန်းဟာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူရွာသစ်မှာနေထိုင်ပေမယ့် လက်ရှိမှာတော့ ချယ်ရီကုန်း...