spot_imgspot_imgspot_imgspot_img
Monday, December 9, 2024
spot_imgspot_imgspot_imgspot_img

ကယန်းသာယာကျေးရွာမှာ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နှစ်စဥ်ပြုလုပ်လျက်ရှိတဲ့“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့” ၁၆ ရက်တာ လှုပ်ရှားမှုအစီအစဉ်ကို ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ နန်းဆွယ်ကျေးရွာမှာရှိတဲ့ ကယန်းသာယာရွာမှာ ကရင်နီအမျိုးသမီးအစည်းအရုံး ( KNWO) ကနေ ဦးဆောင်ပြီး ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

“ “တန်းတူရေးကို ဖော်ဆောင်ဖို့ ဖိုဝါဒကို တိုက်ဖျက်စို့“ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ၁၆ ရက်တာလှုပ်ရှားမှုတွေမှာ အဓိက အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ လျှော့ချဖို့ ရည်ရွယ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ အမျိုးသားတွေကြား အကြမ်းဖက်မှု ဖြစ်စေတဲ့ အရာမှန်သမျှ လျှော့ချဖို့ ပပျောက်ဖို့ ရည်ရွယ်တာဖြစ်တယ်။ ပြီးတော့ အမျိုးသမီးနဲ့ အမျိုးသားတွေကြားမှာ ခွဲခြားဆက်ဆံမှုတွေမလုပ်ဘဲ တန်းတူညီမျှဆက်ဆံဖို့ လိုအပ်ကြောင်းကို သိစေချင်တယ်။”လို့ IRC-WEP မှ ဆရာမအယ်ဒီးနာက အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောကြားသွားပါတယ်။

အခမ်းအနားမှာတော့ အဖွင့်အမှာစကားပြောကြားခြင်း ၊ ကယန်းသာယာကျေးရွာက ကလေးငယ်တွေ အကနဲ့ဖျော်ဖြေတင်ဆက်ခြင်း၊ အားပေးအမှာစကားပြောကြားခြင်း၊ သီချင်းသီဆို ပြိုင်ပွဲ နဲ့ ဆုပေးခြင်းအစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာလည်း ၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဘော်လီဘော အားကစားပြိုင်ပွဲကို ပြုလုပ်သွားပါတယ်။

အဆိုပါ ၁၆ ရက်တာလှုပ်ရှားမှု အခမ်းအနားကို အဖွဲ့အစည်းတချို့ ၊ ကျောင်းသူ၊ ကျောင်းသား နဲ့ ကျေးရွာလူထု စုစုပေါင်း ၁၀၀ ဝန်းကျင် တက်ရောက်ပါဝင်ခဲ့ပါတယ်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ၁၆ ရက်တာလှုပ်ရှားမှုကို ကရင်နီ ဒုက္ခသည် အမှတ်(၁) ၊(၂) အပါအဝင် ကရင်နီပြည်တွင်းက နေရာအသီးသီးမှာ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts