spot_imgspot_imgspot_imgspot_img
Wednesday, July 16, 2025
spot_imgspot_imgspot_imgspot_img

ကယားတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ၅၀၀ ကျော်ရှိ

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ ၅၅၇ ဦးရှိတယ်လို့ ပြည်နယ်ပညာရေးမှူးဦးစောအယ်ဒိုဝါးထံမှသိရပါတယ်။

ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသား ၈၄၆၃ဦး စာရင်းရှိသော်လည်း ပျက်ကွက်သူ ၅၀၀ကျော် ရှိနေတာပဲဖြစ်ပါတယ်။

ပျက်ကွက်တဲ့ ကျောင်းသားကျောင်းသူ (၅၅၇)ယောက်အနက် ပျက်ကွက်သူကျောင်းသား (၃၀၇)ဦး နဲ့ ကျောင်းသူ (၂၅၀)ဦးရှိတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့တွင် စာစစ်ဌာန (၁၁)ခု၊ ဒီမော့ဆိုမြို့တွင် စာစစ်ဌာန ၅ခု၊ ဖားဆောင်းမြို့တွင် စာစစ်ဌာန ၁ခု၊ ဖရူဆိုမြို့တွင် ၁ခု၊ ဘောလခဲမြို့တွင် ၁ခု၊ မယ်စဲ့မြို့တွင် ၁ခု၊ ရှားတောမြို့တွင် ၁ခု၊ စုစုပေါင်း စာစစ်ဌာန ၂၁ ခု ရှိပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကောင်းမွန်စွာဖြေဆိုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

“ကောင်းကောင်းဖြေဆိုနိုင်ဖို့ ကျတော်တို့ ကြီးကြပ်ရေးမှူးတွေ လက်ထောက်ကြီးကြပ်ရေးမှူးတွေ အပြည့်အဝခန့်ထားတယ်။ စိတ်အနှောင့်အယှက်မဖြစ်ရအောင်လည်း စီစဉ်ပေးထားတယ်။ အရေးပေါ် ဆေးရုံတက်ဖြစ်ခဲ့ရရင်လည်း ကျန်းမာရေးအဖွဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ထားပါတယ်” လို့ ပြည်နယ်ပညာရေးမှူးဦးစောအယ်ဒိုဝါးက ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့မှစ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာ စတင်ကျင်းပနေတာပဲဖြစ်ပါတယ်။

spot_img

Recent posts