“ကယားလူမျိုးတို့ရဲ့ လိပ်ပြာခေါ်ပွဲ”

မော်ဦးမြာ ရေးသားသည်။

လူမျိုးတိုင်းမှာ ရိုးရာပွဲတွေ ကိုယ်စီရှိကြပါတယ်။ ကယားလူမျိုးမှာလည်း ရိုးရာပွဲတွေ မြောက်များစွာ ရှိပါတယ်။ ဒါ့အပြင် လိပ်ပြာခေါ်ပွဲ(အီလာဇို) ဆိုတာလည်း ရှိနေပါသေးတယ်။ လိပ်ပြာခေါ်ပွဲ(အီလာဇို) ကတော့ အသက်ရှင်နေတဲ့သူတွေရဲ့ လိပ်ပြာကို အသက်ရှင်နေတဲ့ သခင်ထံ ခေါ်လာခြင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီပွဲကိုတော့ ရိုးရာပွဲတွေလိုပဲ နှစ်စဉ်ပုံမှန် ကျင်းပတဲ့ အချိန်ရှိပါတယ်။ အဲဒိုပေါ်မှီ (ခေါ်) ဒီးကူပွဲ မတိုင်ခင်လေးမှာ ပုံမှန်ကျင်းပလေ့ရှိပါတယ်။

“လိပ်ပြာခေါ်တယ်ဆိုတာကဒီလိုပဲလုပ်လေ့လုပ်ထရှိတဲ့ ဓလေ့တခုပဲလေ။ မိရိုးဖလာလုပ်လာခဲ့တာပေါ့။ အကယ်၍ လိပ်ပြာမခေါ်နိုင်လို့ရှိရင် နေ့ကော၊ညကောအခက်ခဲတွေနဲ့ ကြုံရမယ်။ ဖျားနာတာတွေဖြစ်မယ်။ ကြာရင် မျက်စိမိတ်ပြီးသေသွားတာတွေဖြစ်မယ်။ ဒါကြောင့် ကိုယ့်သားသမီးတွေရဲ့ လိပ်ပြာတွေကိုအစုံအလင် သွားခေါ်လာရတာပါ။ ၁၀ယောက်ရှိရင် ၁၀ ယောက်လုံး၊ အယောက် ၁၀၀ ရှိရင် ၁၀၀ လုံးကိုခေါ်ရတာပါ။” လို့ လိပ်ပြာခေါ်ခြင်းကို ပြုလုပ်လာတာ နှစ်ပေါင်း ၄၀ ရှိနေပြီဖြစ်တဲ့ အသက် ၆၀ အရွယ် ဒေါ်ကိုမယ်က ရှင်းပြပါတယ်။

နံနက် အာရုဏ်တက်ခါစ အချိန်တွင် မိသားစုဝင်များရဲ့ လိပ်ပြာကို ခေါ်ရန် အိမ်က စတင်ထွက်ခွာကြသည့် ဒေါတမကြီး ကျေးရွာမှ အိမ်ထောင်ရှင်မများ

လိပ်ပြာခေါ်တဲ့အချိန်ကိုတော့ နံနက်အာရုံတက်ချိန်မတိုင်ခင်မှာ အိပ်ယာကထ ကြိုတင်ပြင်ဆင်ရပြီး ၄ နာရီခွဲ ဝန်းကျင်မှာ အိမ်ကနေ ထွက်ပြီး လိပ်ပြာခေါ်မဲ့ နေရာဆီကို သွားရပါတယ်။ လိပ်ပြာခေါ်တဲ့နေရာမှာ အများဆုံးတွေ့ရတာက အိမ်ထောင်သည် အမျိုးသမီးတွေပါ။ လိပ်ပြာခေါ်ခြင်းကို အမျိုးသမီးရော အမျိုးသားပါ လုပ်လို့ ရနိုင်ပေမဲ့ အမျိုးသမီးတွေကို အများဆုံးတွေ့ရတဲ့ အကြောင်းရင်းကို ဒေါ်ကိုမယ်က အခုလို ရှင်းပြပါတယ်။

“မိန်းကလေးတွေသွားတာပိုများတယ်။ ယောကျားလေးတွေကဝေးဝေးမှ တယောက်သွားကြတယ်။ မိန်းကလေးသွားလည်းရတယ်။ ယောကျ်ားလေးလည်းရတယ်။ ဒါပေမဲ့ ယောကျ်ားတွေ က သိပ်မသွားချင်ကြဘူးလေ။ အိမ်ထောင်နဲ့ ကလေးတွေရလာရင် သွားရမယ်။ အပျိုမလေးတွေလည်းသွားလို့ ရပါတယ်။ လိပ်ပြာခေါ်ချင်ရင်ပေါ့။ မထိခိုက်တတ်ဘူးပေါ့နော။ ကျမတို့ လိုလူတွေကတော့ အသက်လည်းကြီးပြီ ၊ ခြေလက်တွေလေးလာပြီလေ။ သားမြေးတွေလည်းရှိနေပြီဆိုတော့ သူတို့(သား၊သမီး)ကိုပဲ သွားခိုင်းလိုက်တယ်။ ဘယ်သူမဆိုသွားလို့ရတယ်။ မထိခိုက်တတ်ဘူး။” လို့ သူမက ရှင်းပြပါတယ်။

ဒေါတမကြီးကျေးရွာရှိ ရေကန်ဘေးတစ်နေရာတွင် လိပ်ပြာခေါ်နေကြသည့် အိမ်ထောင်ရှင်မများ

ဒေါတမကြီးကျေးရွာကတော့ လိပ်ပြာခေါ်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒိုပေါ်မှီ(ခေါ်) ဒီးကူပွဲ မတိုင်ခင်မှာ ပြုလုပ်တဲ့ လိပ်ပြာခေါ်ပွဲကတော့ တစ်အိမ်ကို တစ်ယောက် ပါဝင်ပြီး တစ်ရွာလုံးက စုပေါင်းပြုလုပ်ကြတာပါ။ လိပ်ပြာသွားခေါ်ဖို့အတွက် အမျိုးသမီးတစ်ဦးစီတိုင်းမှာ ပုလိုင်းတစ်လုံးစီ ပါပါတယ်။ ပုလိုင်းထဲမှာတော့ ကြက်ဖတစ်ကောင်၊ရိုးရာစောင်တစ်ထည်၊ ခေါင်တစ်အိုး၊ ဆန်အနည်းငယ်၊ ထမင်အနည်းငယ်ကို ထည့်ပြီး မိမိခေါ်ချင်တဲ့သူ အများဆုံး သွားတဲ့နေရာကို ရွေးပြီး သွားကြပါတယ်။

လိပ်ပြာခေါ်မဲ့နေရာကို ရောက်သွားတဲ့အချိန်မှာ ရိုးရာစောင်ဖြင့် ကြက်ဖကို ရင်ခွင်ပိုက် ကလေးငယ်ကို ချီထားသည့်သဖွယ် ပတ်ထားရပါတယ်။ လိပ်ပြာခေါ်မဲ့နေရာမှာ ကြက်တောင်ကို စိုက်ပြီး ခေါ်ဖိတ်သံ(ကောင်းကြီးပေးသံ)ကို ရေရွတ်ရင်း ဆန်၊ခေါင်၊ထမင်း စတာတွကို ကျွေးပြီးပြီးခေါ်ကြပါတယ်။ လိပ်ပြာခေါ်ရာမှာ ရေရွတ်တဲ့ အသံကိုတော့ မိဘတွေက သင်ကြားပေးရတယ်လို့ သိရပါတယ်။

အိမ်ထောင်ရှင်မများ လိပ်ပြာခေါ်နေကြစဉ်တွင် လိပ်ပြာများ ကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာနိုင်ရန်အတွက် ကယားစေတီထမ်းပြီး ကနေကြသော ဒေါမကြီးကျေးရွာမှ အမျိုးသားများ

လိပ်ပြာခေါ်တာဟာ မိရိုးဖလာအရ ပြုလုပ်နေတယ်ဆိုပေမဲ့ အားလုံးက ယုံကြည်ချက် ကိုယ်စီနဲ့ လုပ်ဆောင်နေကြပါတယ်။ “ ကျမတို့က ဟိုး..ဘိုးဘေးလက်ထက်ကတည်းက မိရိုးဖလာအရ လုပ်တာ အခုချိန်ထိပေါ့” လို့ လိပ်ပြာခေါ်နေသူ အသက် ၆၀ အရွယ် ဒေါ်ဘိုးမယ်က ပြောပါတယ်။

အိမ်ထောင်အမျိုးသမီးတွေကို အများစု တွေ့ရတယ်ဆိုပေမဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ဒေါတမကြီးကျေးရွာက ပြုလုပ်တဲ့ လိပ်ပြာခေါ်ပွဲမှာတော့ အသက် ၃၀ အရွယ် အိမ်ထောင်သည် အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးစူးရယ်က အမျိုးသမီးတွေကြားမှာ ပါဝင်ပါတယ်။ သူကတော့ အမျိုးသမီး မအားတဲ့အတွက် ကိုယ်စားသွားပေးခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“ ကျတော့်မိန်းမ မအားလို့ ကျတော်လိုက်လုပ်ပေးတာ မလုပ်ဖူးသေးဘူး ပထမဆုံးပဲ စိတ်ထဲမှာ ဘာမှ မခံစားရေပေမဲ့ နည်းနည်းတော့ ရှက်တာပေါ့” လို့ ဦးစူးရယ်က ပြောပါတယ်။
လိပ်ပြာသွားခေါ်သူခေါ်နဲ့ ရွာထဲမှာတော့ အမျိုးသားတွေက ဗုံမောင်းတီးကာ ကယားစေတီလို့ ခေါ်ကြတဲ့ ဝါးနဲ့ ပြုလုပ်ထားတဲ့ စေတီကို ထမ်းပြီး ကခုန်ကြရပါတယ်။ လိပ်ပြာတွေ ပျော်ရွှင်စွာနဲ့ ပြန်လာနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်တယ်လို့ စေတီထမ်းပြီး ကခဲ့တဲ့ ခူးကေးရယ်က ပြောပါတယ်။

ဖိတ်ခေါ်လာသော လိပ်ပြာများ ပြန်ထွက်မသွားစေရန် ရည်ရွယ်ပြီး အသီးအနှံများအား ဝါးတန်းပေါ်တွင် ချည်ထားခြင်း

လိပ်ပြာသွားခေါ်သူတွေက မနက် ၈ နာရီဝန်းကျင်လောက်မှာ အိမ်ကို ပြန်ရောက်ပြီး အသုံးပြုခဲ့တဲ့ ကြက်ဖကို ကြိုးနဲ့ချည်ထားရပါတယ်။ ဖိတ်ခေါ်လာတဲ့ လိပ်ပြာတွေ ပြန်ထွက်မသွားနိုင်အောင် ချည်ထားခြင်းပဲ ဖြစ်ပါတယ်။ တချို့အိမ်တွေမှာတော့ ခြံထဲက ပြောင်းဖူးပင်တစ်ပင်နဲ့ အသီးအရွက် စတာတွေတာ ဝါးတန်းပေါ်မှာ ချည်ထားကြပါတယ်။ ကြက်ဖသာ လွတ်သွားခဲ့မယ်ဆိုရင် လိပ်ပြာတွေ ပြန်ထွက်သွားပြီ မိသားစုဝင် တစ်ဦးဦး ထိခိုက်ဒဏ်ရာရတာအပြင် အသက်သေဆုံးမှုတွေ ဖြစ်နိုင်တဲ့အတွက် သေချာစွာ ဂရုစိုက်ရတယ်လို့ ဒေါ်ကိုမယ်က သူတို့ရဲ့ ယုံကြည်ချက်၊ခံယူချက်နဲ့ ပတ်သက်ပြီး ပြောပါတယ်။

လိပ်ပြာခေါ်ခြင်းကို အဲဒိုပေါ်မှီ(ခေါ်) ဒီးကူပွဲမတိုင်ခင်မှာ မိရိုးဖလာအရ ကျင်းပလာကြတဲ့အပြင် တချို့သော ကျေးရွာတွေမှာ မကျန်းမာသူတွေရှိရင် လိပ်ပြာခေါ်တာကို ပြုလုပ်ပေးပါတယ်။ မကျန်းမာသူရဲ့ လိပ်ပြာဟာ ခန္ဓာကိုယ်နဲ့ အတူမရှိပဲ တစ်နေရာရာကို ထွက်သွားတယ်လို့ ခံယူကြပြီး လိပ်ပြာကို ခေါ်ဖိတ်ရင် ပြန်လည် ကျန်းမာလာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။

ဒေါတမကြီးကျေးရွာရှိ ရေကန်ဘေးတစ်နေရာတွင် လိပ်ပြာခေါ်နေကြသည့် အိမ်ထောင်ရှင်မများ

“ ကြားထဲမှာလိပ်ပြာခေါ်တာကလိပ်ပြာကျန်ခဲ့လို့ ဖျားနာတဲ့လူရှိရင် ခေါ်ပေးတာရှိတယ်။ တယောက်ထဲအတွက် ပဲပေါ့နော။ ကျမတို့လိုသက်ကြီးတဲ့ သူတွေကသွားခေါ်ပေးရတယ်။ အဲလိုခေါ်ပေးတာကနင့် လိပ်ပြာကရေကန်၊ ရွာပြင် စတဲ့ နေရာတနေရာမှာကျန်ခဲ့တာမျိုး” လို့ မကျန်းမာသူတွေရဲ့ လိပ်ပြာကို ခေါ်ခဲ့ဖူးတဲ့ ဒေါ်ကိုမယ်က ပြောပြပါတယ်။

လူမျိုးတိုင်းမှာ မိရိုးဖလာ၊ရိုးရာဓလေ့တွေ ကိုယ်စီရှိကြပါတယ်။ ဒေါတမကြီးကျေးရွာက ဒေသခံတွေကတော့ ယနေ့အချိန်ထိ ဒါတွေကို တန်ဖိုးထားနေကြဆဲဖြစ်သလို အားလုံးကလည်း မိမိနဲ့သက်ဆိုင်တဲ့ ရိုးရာဓလေ့၊မိရိုးဖလာတွေကို တန်ဖိုးထားပြီး ထိန်းသိမ်းသွားကြဖို့ အရေးကြီးပါတယ်။

Comments

comments

Next Post

ပြည်ထောင်စုမြန်မာနိုင်ငံ၊ အမျိုးသားလုံခြုံရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု

Tue Oct 15 , 2019
သောသီခို ရေးသားသည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အဆိုပါတိုင်းပြည်က ချမှတ်ကျင့်သုံးသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာအပေါ်တွင် များစွာတည်မှီသည်။  သို့ဖြစ်၍ နိုင်ငံများသည် မိမိတို့၏နိုင်ငံတော်လုံခြုံရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသား လုံခြုံရေးကို မဟာဗျူဟာပြင်ဆင်ရေးဆွဲ၍ကျင့်သုံးလာကြသည်၊ ဤသို့ရေးဆွဲရာတွင် နိုင်ငံတစ်နိုင်ငံနှင့်တနိုင်ငံ ကွဲပြား ခြားနားမှုရှိနိုင်ပါသည်၊ နိုင်ငံဖြစ်ပေါ်လာပုံနောက်ခံသမိုင်းကြောင်း၊ ခံယူကျင့်သုံးသည့်နိုင်ငံရေးစနစ်၊ နိုင်ငံတော်အစိုးရ ၏အခန်းကဏ္ဍ၊ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအခြေအနေ၊ နိုင်ငံ၏ဓနအင်အားနှင့်အမျိုးသားအကျိုးစီးပွား၊  နိုင်ငံ၏ လုံခြုံရေးအခန်းကဏ္ဍကို တာဝန်ယူထာကြသည့် အင်အားစုများ၏အခြေအနေ၊ နိုင်ငံအတွင်းရှိပညာရှင်များ၊ အရပ်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ စသည့်အချက်များ အပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ သို့ရာတွင် အရေးကြီးဆုံးအချက်မှာ အမျိုးသားလုံခြုံရေးအပေါ် တိုင်းပြည်က အဓိပ္ပါယ်ဖွင့်ဆိုမှုဖြစ်ပါသည်၊ အမျိုးသားလုံခြုံရေးအပေါ် အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ချမှတ်ကြသော ကြောင့်ဖြစ်ပါသည်။  တိုင်းပြည်၏အမြင့်ဆုံးအုပ်ချုပ်မှုအာဏာကိုရယူထားကြသော ထိပ်ဆုံးမှတာဝန်ရှိခေါင်းဆောင် များအနေဖြင့် တိုင်းပြည်တွင် ၎င်းတို့ပုံဖော်လိုသောနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်မှုပုံစံကို ၎င်းတို့အဓိပ္ပါယ်ဖွင့်ဆိုသော အမျိုးသားလုံခြုံရေးမဟာဗျူဟာကတဆင့် ထင်ဟပ်ပုံဖော်တတ်ကြပါသည်။ တိုင်းပြည်တစ်ပြည်က ကျင့်သုံးသော အမျိုးသားလုံခြုံရေးမဟာဗျူဟာသည် အဆိုပါတိုင်းပြည်ကကျင့်သုံးသည့် နိုင်ငံရေးစနစ်ကို ပုံဖော်ပြသပါသည်။ သို့ဖြစ်၍ တိုင်းပြည်တစ်ပြည်သည် မိမိ၏အမျိုးသားလုံခြုံရေးအဓိပ္ပါယ်ဖွင့်ဆိုမှုကို ကျဉ်းမြောင်းသော အမျိုးသားရေး အယူအဆ၊ ကိုယ်ကျိုးစီးပွားကိုကာကွယ်မှုရှေ့တန်းတင်သောအယူဝါဒနှင့် အတွေးအခေါ်အပေါ် အခြေခံသော အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် ပိုမိုကျယ်ပြန့်သောနယ်ပယ်တို့ကို ချင့်ချိန်တွက်ချက်၍ ကျယ်ပြန့်သောအဓိပ္ပါယ် ဖွင့်ဆိုမှုတို့အနက် မည်သည့်အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုးဖြင့် မိမိတိုင်းပြည်၏အမျိုးသားလုံခြုံရေးကိုပုံဖော်သနည်းဆိုသည့် အချက်သည် အဆိုပါ တိုင်းပြည်တွင်မှီတင်းနေထိုင်ကြသည့် ပြည်သူလူထုအတွက်သာမက အဆိုပါတိုင်းပြည်နှင့် နယ်နမိတ်ခြင်းထိစပ်နေ သော အိမ်နီးခြင်းတိုင်းပြည်အတွက်ပါ အရေးကြီးပါသည်။ ဤသို့ အဓိပ္ပါယ်ဖွင့်ဆိုမှုများအနက် ဒီမိုကရေစီမိခင်နိုင်ငံကြီးအိန္ဒိယမှ ပညာရှင်ပရာဘတ်ပါရန်ပါလာရီ ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ နိုင်ငံအများက အထူးအလေးထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဟု ပြောနိုင်ပါသည်။  ပရာဘတ်ပါရန်ပါလာရီ က “အမျိုးသားလုံခြုံရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မည်သည့် အချိန်ကာလတွင်မဆို ဘက်ပေါင်းစုံခြိမ်းခြောက်မှုကို ကျော်လွှားနိုင်ပြီး ပြည်သူများ၏ ကောင်းကျိုးချမ်းသားကို အာမခံ ချက်ပေးသည့် အမျိုးသားနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာတည်တည်တံ့တံ့ ရပ်တည်နေနိုင်အောင်လုပ် ဆောင်နိုင် သည့် စွမ်းပကားမျိုးဖြစ်သည်” ဟု ဖွင့်ဆိုခဲ့ပါသည်။ ဘက်ပေါင်းစုံခြိမ်းခြောက်မှုရှိနိုင်သည့် ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှဆင်းသက်သော တိုင်းပြည်တိုင်းလိုလိုသည် အမျိုးသားလုံခြုံရေးကို ပိုမိုကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့် ဆိုမှုဖြင့် ချဉ်းကပ်ကြပါသည်။ ၂၁ ရာစုခေတ်၏ အမျိုးသားလုံခြုံရေးအပေါ် ကျယ်ပြန့်သောခြိမ်းခြောက်မှုတွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော်၏အကျိုးစီးပွားနှင့် လူသားမျိုးနွယ်စုကိုခြိမ်းခြောက်နေသော အန္တရာယ်များဖြစ်သည့် မူးယစ်ဆေး ဝါးပြဿနာများ၊ ဆင်းရဲမွဲတေမှုများ၊ သဘာဝပါတ်ဝန်းကျင်ယိုယွင်းပျက်စီးမှု၊ သဘာဝကပ်ဘေးအန္တရာယ် များအပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ၊ လူကုန်ကူးမှုစသည့် အချက်များကိုပါ ထည့်သွင်းစဉ်းစားလာကြပါသည်။  ပြောင်းလဲ လာသောခေတ်စနစ်၏အခြေအနေနှင့် အသစ်အသစ်သောခြိမ်းခြောက်မှုများကြောင့် အတော်အတန် ပြီးပြည့်စုံသည့် အမျိုးသားလုံခြုံရေးဆိုင်ရာမဟာဗျူဟာကိုချမှတ်ကျင့်သုံးခဲ့သော တိုင်းပြည်များပင်လျှင် မိမိတို့တိုင်းပြည်၏ အမျိုးသားလုံခြုံရေးအခန်းကဏ္ဍကို ခေတ်စနစ်နှင့်အညီပြန်လည်သုံးသပ်၍ အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ပြန်လည်ပြင်ဆင် မွမ်းမံရေးဆွဲချမှတ်ကြသည်ကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာစဉ်းစားချက်ကို လေ့လာကြည့်သည့်အခါတွင် ရှည်လျားသည့် စစ်အာဏာရှင်နောက်ခံပြုသမိုင်းဖြစ်ရပ်အပေါ်အခြေခံ၍ အမျိုးသားလုံခြုံရေးကို အလွန်ကျဉ်းမြောင်းသော အယူအဆ အဖြစ် စစ်တပ်၏အခန်းကဏ္ဍကိုရှေ့တန်းတင်၍ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ကိုတွေ့ရသည်။ ဤသည်မှာလည်း အခြားနိုင်ငံများနှင့်မတူသည့် မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်းနှင့် ထူးခြားသည့် အာဏာခွဲဝေပုံကြောင့်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်သည်အရပ်သားအစိုးရ၏ အလုပ်ချုပ်မှု အောက်တွင်ရှိပြီး အမျိုးသားလုံခြုံရေးကို နိုင်ငံတော်၏အချုပ်အခြာအာဏာအပြင် လူသားမျိုးနွယ်လုံခြုံရေးကိုပါ ထည့် သွင်းစဉ်းစားသဖြင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အစိုးရ၏လုံခြုံရေးကဏ္ဍတွင်တာဝန်ရှိသူများသာမက ပညာရှင် များနှင့်ပါတိုင်ပင်ရေးဆွဲကြပါသည်။           မြန်မာနိုင်ငံ၏ဖြစ်စဉ်တွင်မူ ၂၀၀၈ ဖွဲ့စည်းပုံက အပ်နှင်းထားသောအာဏာအရ နိုင်ငံ၏အမျိုးသားလုံခြုံရေးကို ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် တပ်မတော်တွင်သာ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပြီး တပ်မတော်ကလည်း အမျိုးသားလုံခြုံရေးကဏ္ဍတွင်အရေးပါသည့် ဝန်ကြီးဌာနများကို တိုက်ရိုက်ကိုင်တွယ်ထိန်းချုပ်သဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာပြင်ဆင်မှုကို ကြည့်လျှင် တပ်မတော်က ၂၀၁၅-ခုနှစ်တွင် ထုတ်ပြန်ထားသည့် နိုင်ငံ တော်ကာကွယ်ရေးစက္ကူဖြူစာတမ်း (National Defense White Paper) ကိုသာတွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ စက္ကူဖြူစာတမ်းကိုလေ့လာကြည့်လျှင် နိုင်ငံတော်အချုပ်အခြာလုံခြုံရေးရှုထောင့်မှသာ ချဉ်းကပ်စဉ်းစားသည့် တပ်မ တော်လက်တွင်း အတွက်ရေးဆွဲထားသော အလွန်လစ်ဟာချို့ယွင်းသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာဖြစ်နေ သည်ကိုတွေ့ရမည်ဖြစ်သည်၊  အဘယ်ကြောင့်နည်း၊ ရှှုင်းပါသည် တပ်မတော်၏လုံခြုံရေးစက္ကူဖြူစာတမ်းသည် ပြည်သူလူထုတစ်ရပ်လုံးကို လုံခြုံမှုပေးရမည့် လူသားမျိုးနွယ်လုံခြုံရေးကိုမျက်ကွယ်ပြုထားသည့်အပြင် အဆိုပါ လူသားမျိုးနွယ်လုံခြုံရေးအတွက်တာဝန်ရှိသည့်ဌာနများ၏ အရေးပါသည့် ပါဝင်မှုအခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား တွက်ချက်မှုမရှိသောကြောင့်ဖြစ်ပါသည်။ အဆိုပါလစ်လာချို့ယွင်းမှုသည် ယခုချိန်မှစတင်ခဲ့ခြင်းမဟုတ်ဘဲ အာဏာရှင်စနစ်စတင်အမြစ်တွယ်ခဲ့ချိန် ကတည်းက ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။            ထို့ကြောင့်ပင် ယခင်အာဏာရှင်အစိုးရလက်ထက်များ ကောင်းစွာပြင်ဆင်ကာကွယ်ခဲ့ခြင်းမရှိသော အမျိုးသား လုံခြုံရေးကို အဓိကခြိမ်းခြောက်သည့် ပြဿနာများဖြစ်သည့် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် လူသားမျိုးနွယ်လုံခြုံရေး ကိုခြိမ်းခြောက်နေသည့် အနောက်တံခါးနှင့်လူဝင်မှုဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေးဝါးပြဿနာများ၊ ကျန်းမာရေးကပ် ဘေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာပြဿနာများ၊ တရားဥပဒေစိုးမိုးရေးလျော့ရဲမှုနှင့် ဆင်းရဲမွဲတေမှုဆိုင်ရာ ပြဿနာများကို ယခုအချိန်တွင် တိုင်းပြည်ကခါးဆည်းခံလာရခြင်းဖြစ်ပါ သည်။            ထို့သို့ယခင်ကတည်းက မဟာဗျူဟာကျကျကာကွယ်ရန်ပြင်ဆင်ခဲ့ခြင်းမရှိသည့်အပြင် ယခုချိန်ထိလည်း လူသားမျိုးနွယ်ကိုခြိမ်းခြောက်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာပြဿနာများကို  ကာကွယ်ရန်စနစ်တကျပြင်ဆင်ထား နိုင်ခြင်းမရှိသေးသည့်အတွက် အဆိုပါပြဿနာများကို လက်ငင်းရင်ဆိုင်တွေ့ကြုံရချိန်တွင် လက်တွေ့ကျကျနှင့်ဆော လျှင်စွာကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိမည်မဟုတ်ပေ။            နောက်ထပ်ကြောက်စရာကောင်းသည့် အမှန်တရားတစ်ခုမှာ တိုင်းပြည်အတွင်း အစိုးရ၏အုပ်ချုပ်မှုယန္တရား တစ်ခုလုံးနှင့်သက်ဆိုင်သည့် ဌာနဆိုင်ရာအဆင့်ဆင့်တွင် ထိပ်ပိုင်းမှသည် အလယ်အလတ်ပိုင်းအထိ တာဝန်ယူထား ကြသူများသည် တပ်မတော်မှတပ်ထွက်များဖြစ်နေကြခြင်းဖြစ်ပါသည်။  သို့ဖြင့်အုပ်ချုပ်ရေးယန္တရားကွန်ယက်ကြီး တစ်ခု လုံးသည် တိုင်းပြည်၏အကျိုးစီးပွားအတွက်လည်ပါတ်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်ရှိရမည့် တတ်သိပညာရှင်များ ၏လုပ်ပိုင်ခွင့်အခန်းကဏ္ဍနိမ့်ကျနေပြီး ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်ပြည်သူလူထုတို့ စနစ်တကျ ပူးပေါင်းဆောင်ရွက်သည့် အလေ့အထအပေါ် အားနည်းချက်များစွာရှိသည်ကိုတွေ့ရှိရပါသည်။  စစ်တပ်ကချုပ်ကိုင် ထားသော ပြည်ထဲရေးဝန်ကြီးဌာအောက်ရှိအဆင့်ဆင့်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသည် အောက်ခြေ အဆင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအထိ တိုက်ရိုက်ကြီးကြပ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာများအတွင်း အရပ်ဘက်အဖွဲ့အစည်းများ၏လုပ်ရှားမှုများကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသား ထောက်လှမ်းရေးဌာန၊ ရဲသတင်းအထူးတပ်ဖွဲ့စသည်တို့ကို သတင်းပေးပို့ရသည်နည်းဖြင့် ထိန်းချုပ်ထားပြီး ယခင်နှစ် တွင် အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အစိုးရလက်အောက်သို့လွဲပြောင်းပေးလိုက်သည့်တိုင် အထက်ပါလုပ် ဆောင်မှုအလေ့အထမှာ ဆက်လက်တည်ရှိဆဲဖြစ်ပါသည်။  မြန်မာနိုင်ငံတွင် ဤကဲ့သို့အမျိုးသားလုံခြုံရေးအပေါ် လူတစ်စု၏အကျိုးစီးပွားအပေါ်ရေရှည်အကာအကွယ် အတွက် စဉ်းစားဆောင်ရွက်နေချိန်တွင် အိမ်နီးခြင်းအာစီယံနိုင်ငံများက အမျိုးသားလုံခြုံရေးကို တိုင်းပြည်အပေါ် အမှန်တကယ်ခြိမ်းခြောက်နေသည့် ပြဿနာများအပေါ် အခြေခံကာခွဲခြာစိတ်ဖျာစဉ်းစားသုံးသပ်၍ လူသားမျိုးနွယ် လုံခြုံရေးကိုအလေးထားသည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကိုရေးဆွဲချမှတ်နေကြသည်၊ ဤသို့ရေးဆွဲရာတွင် ကဏ္ဍအလိုက်ပညာရှင်များနှင့် ပြည်သူလူထုပါဝင်မှုအခန်းကဏ္ဍကိုလည်း ဖွင့်လှစ်ထားပေးသည်ကိုလည်းတွေ့ရသည်၊ သို့ဖြစ်၍ အဆိုပါတိုင်းပြည်များတွင် တိုင်းပြည်နှင့်ပြည်သူလူထုအပေါ်ခြိမ်းခြောက်နေသည့် ပြဿနာတစ်စုံတစ်ရာ […]