spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ကယားလူမျိုးများကို ကိုယ်စားပြုသည့် အလံ၊ အမှတ်တံဆိပ်ကို ဖော်ဆောင်ဖို့ ပြည်သူတွေရဲ့ သဘောထား၊ ဆန္ဒကို ရယူအတည်ပြုသွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယားလူမျိုးများကို ကိုယ်စားပြုသည့် အလံ၊ အမှတ်တံဆိပ်အား ဖော်ဆောင်ရေးကို ရှေ့လုပ်ငန်းစဉ် တစ်ရပ်အနေနဲ့ ဖော်ဆောင်သွားမယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ ( ၁၀ ) ကြိမ်မြောက် ကယားရိုးရာစုပေါင်း အဲ့ဒိုပေါ်မီ ပွဲအပြီးမှာ ထုတ်ပြန်လိုက်တဲ့ ဖြစ်မြောက်ရေးကော်မတီရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်ပါ အချက်နဲ့ ပတ်သက်ပြီး အဲ့ဒိုပေါ်မီ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ခူးဖဲညို့ရယ်က “ထုတ်ပြန်ချက်နဲ့ ပတ်သက်ရင်တော့ အဓိက ကျနော်တို့ရဲ့ ခံယူချက်၊ ရပ်တည်ချက်တွေ ပြည်သူလူထုတွေဆီမှာလည်း ရှိနေတယ်ဆိုတာ အသိပေးခြင်းသဘောပါ။ အရင်တုန်းကလည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက ကယားစာပေကို ကျယ်ဖိုးကြီး ဗျည်းအက္ခရာနဲ့ အသုံးပြုတယ်ဆိုပြီး ထုတ်ပြန်ချက်ထုတ်ခဲ့ဖူးတယ်။ ကြားထဲမှာလည်းပဲ ကယားလူမျိုးတွေရဲ့ ဝတ်စားဆင်ယင်မှု၊ နာမည်အခေါ်အဝေါ်၊ အဲ့ဒိုပေါ်မီ ဆိုတဲ့အကြောင်းအရာတွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ အတည်ပြု ဖို့ကတော့ ပြည်သူတွေ ရဲ့ သဘောထား၊ဆန္ဒကို ရယူပြီးတော့ ဆက်လက်ဆောင်ရွက်ဖို့ ရှိပါတယ်။” လို့ ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

ကယားလူထုကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုကော်မတီက ခေါင်းဆောင်များ၊ ကယားလီဖုလူငယ်များ၊ ဒေသအလိုက် ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများ စတဲ့ အစုအဖွဲ့များ ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

(၁၀)ကြိမ်မြောက် ကယားရိုးရာ စုပေါင်းအဲ့ဒိုပေါ်မီပွဲကို ကရင်နီပြည် ၊ ဖရူဆိုမြို့နယ် တစ်နေရာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ကြတာပါ။

အဆိုပါ ထုတ်ပြန်ချက်မှာ မိမိတို့ ကယားလူများသည်

၁။ ( က ) အခြားသောတိုင်းရင်းသားမျိုးနွယ်စုများနှင့်အတူ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်တိုင်ပြဌာန်းခွင့် ရရှိရေးအတွက် ကရင်နီပြည်ပြန်လည်တည်ဆောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို အပြည့်အဝ ရပ်တည်ဆောင်ရွက်မည်။

(ခ) ကရင်နီပြည်၏ လက်ရှိနိုင်ငံရေးကို စုပေါင်းခေါင်းဆောင်မှု စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကို အသိအမှတ်ပြုသည်။

၂။ မိမိတို့ ကယားလူမျိုးများကို ကိုယ်စားပြုသည် အလံ၊ အမှတ်တံဆပ်အားဖော်ဆောင်ရေးကို ရှေ့လုပ်ငန်းစဉ်တစ်ရပ်အနေနှင့် ဆောင်ရွက်မည်။

စတဲ့ အချက်တွေကို ရေးသားဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts