spot_img
Monday, August 8, 2022
spot_img

ကရင်နီပြည်နယ်က နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေရဲ့ရင်တွင်းစကားသံ

spot_imgspot_imgspot_imgspot_img

ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒေသခံနေအိမ်တွေကို မီးရှို့တာတွေလည်း ရှိနေပါတယ်။

ကရင်နီပြည်နယ်က နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေရဲ့ရင်တွင်းစကားသံကို ကန္တာရဝတီတိုင်းမ်က မေးမြန်းထားပါတယ်။

စိုင်းအောင်သူရကျော် (ဒီးမော့ဆိုမြို့)

အိမ်ပျက်စီးသွားတယ်ပေါ့နော အခုနေစရာလည်းမရှိတော့ဘူး မိဘတွေဆိုရင် အမျိုးအိမ်မှာသွားနေရတယ်ပေါ့နော။ ပြီးရင် ဒီမှာအခြေအနေ နည်းနည်းငြိမ်ရင် ပြန်လာနေမယ်ဆိုရင် နေစရာမရှိဘူး။ အမျိုးတွေဆီပေါ့ မီခိုပြီးတော့ နေမယ်ပေါ့။ ပြီးရင် စားဖို့သောက်ဖို့ကတော့ သူများထောက်ပံ့တာနဲ့ပဲ ရပ်တည်သွားမယ်ပေါ့။ ကျနော့်အိမ်က နှစ်ထပ်တိုက်ပေါ့နော အနောက်မှာမီးဖိုဆောင်တစ်လုံး ၂၆ရက်နေ့ မနက် ၁၀နာရီလောက်မှာ စစ်ကောင်စီက မီးရှို့သွားတယ်ပေါ့။ ကျနော့်အိမ်တန်ဖိုးကတော့ အထဲကတော့ အသုံးအဆောင်ပစ္စည်းတွေပါမယ်ဆိုရင် သိန်း ၃၅၀လောက်ရှိတယ်ဗျ။

ဒေါ်သိန်းဆွေ (ဒီးမော့ဆိုမြို့)

စိတ်နာတယ်ပေါ့ စိတ်နာတယ် ရင်နာတယ်ကိုယ်က ဈေးသွားရင် တစ်မူးတစ်မတ်ဆို စုပြီးမှ အိမ်ဆောက်တယ်။ အိမ်ဆောက်ဖို့ အိမ်တစ်လုံးဆောက်ဖို့ဆိုမလွယ်ကူခဲ့ဘူး။ မီးဖိုဆောင်ဆို တစ်နှစ်တောင်မပြည့်သေးဘူး ကျမတို့နေတာ အရင်တစ်နှစ်ပဲဆောက်ပြီးသွားတယ် သိန်း ၅၀ကုန်သွားတယ်။ အိမ်နဲ့ဆိုင်ကတော့ ကျမ မသိဘူး အဲ့ဒါ တစ်ခါနည်းနည်းပဲထည့်တော့။ မီးဖိုဆောင်က တစ်လုံးတစ်ခဲလုပ်လိုက်ခါကျတော့ သိန်း ၅၀ကုန်သွားတယ်။ နောက် ရှိတဲ့ပစ္စည်းတွေကတော့ ကျမမပြောတတ်ဘူးပေါ့နော တစ်ခါနည်းနည်းဝယ်စုထားတယ်။ နောက်ဆုံးတော့ အဲ့မျိုး မရှိမယ့်ရှိမယ့်နဲ့ အကုန်ပြောင်သွားတော့ ကိုယ်ကဝမ်းနည်းတယ်ပေါ့။ ဝမ်းနည်းတော့ စိတ်လည်းမချမ်းသာဘူး စိတ်မချမ်းသာဘဲ အဲ့အတိုင်းဆက်နေရင် နောက်ခါ ကိုဗစ်ဝင်မှာစိုးရိမ်ရနဲ့ ဘယ်လိုဖြစ်ဖြစ် တစ်ရွာလုံးတောင်မှ ဖြစ်ကျတာပဲလို့ ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ ဆိုပြီး အဲ့လိုမျိုး အားပြန်တင်းထားလို့ အဲ့ကြောင့်မလို့။

ဒေါ်လွီးဇာ (လွိုင်ကော်မြို့)

စစ်ပွဲဖြစ်တယ်ဆိုတာ ကိုယ်တို့ရွာထဲမှာတော့မဖြစ်စေချင်ဘူးပေါ့နော။ ဖြစ်သွားတော့ ကိုယ်တို့အိမ် အများကြီးပျက်စီးသွားတယ်။ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ ရေခဲသေတ္တာတွေ မှန်ဘီဒိုဆိုရင်လည်း အကုန်လုံးကွဲကုန်တယ်ပေါ့နော ဒီဟာတော့ ထားလိုက်ပါတော့။ ဒီလိုဖြစ်တော့ ကိုယ်တို့ ပြန်နေစရာအိမ်မရှိ ဒီကလေးသုံးယောက်ဆိုရင်လည်း သူများနားမှာပဲ မီခိုပြီးနေနေရတယ်ပေါ့နော ပြန်လာဖို့ကလည်းမလွယ်ဘူးပေါ့နော။ ဒါကြောင့်ဖြစ်နိုင်ရင်လေ တိုက်ပွဲမျိုးလေ ရွာထဲမဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော တကယ်လို့ကိုယ်စစ်ရှောင်လိုက်လို့ စစ်ပြေးလို့ ပြန်လာလို့ရတယ်ဆိုရင် ဒီအိမ်လေးတော့ပြန်လာချင်တယ်ပေါ့။ ဒီလိုမျိုး စစ်ရှောင်ဘဝကနေ အိမ်မရှိတဲ့ဘဝ မဖြစ်ချင်ဘူးပေါ့နော။ ဒါကြောင့်မလို့ တိုက်ပွဲဖြစ်တယ်ဆိုတာ ကိုယ်တို့ရွာနဲ့နည်းနည်းလွတ်အောင် လုပ်ပေးနိုင်ရင်တော့ သိပ်အဆင်ပြေမယ်ပေါ့နော။

ဦးကျော်မိုး (ဖယ်ခုံမြို့)

နိုဝင်ဘာလ ၂ရက်နေ့ စစ်ကြောင်းထိုးပြီးတော့ နိုဝင်ဘာလ ၃ရက်နေ့ဆို ကျနော်တို့ရွာကိုဝင်တယ်။ဝင်ပြီးတော့ ကျနော်တို့ရွာကို မီးရှို့သွားတယ်။ ဘာလို့ဆို သူတို့လည်း ရည်ရွယ်ချက်ရှိရှိလား ဘာလားတော့ ကျနော်တို့မသိဘူး။ ကျနော်တို့သိရသလောက် အနေအထားဆိုရင် တမင်တကာမရှို့ဘူးဆိုရင် လောင်စရာအကြောင်းမရှိပါဘူး။ အဲ့ဒါပဲ ပြောချင်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။

ဇူလိုင်လအတွင်းမှာဆိုရင် စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်ပွားရာနဲ့ဝေးတဲ့ ကျေးရွာတွေ စစ်ရှောင်စခန်းတွေမှာကျရောက်တာရှိပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ စစ်ရှောင်ပြည်သူလည်းရှိသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များစွာရှိနေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။ ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ ) “စစ်ကောင်စီက သမိုင်းစာမျက်နှာပြန်ကြည့်မယ်ဆိုလို့ရှိရင် လူထုကိုအကျိုးပေးတာ၊ လူထုအကျိုးကို...

ကရင်နီပြည်အခြေအနေနဲ့ပတ်သက်ပြီး ဖားဆောင်းဒေသခံတွေနဲ့မေးမြန်းချက်။

ကရင်နီပြည် ဖားဆောင်းမြို့နယ်အတွင်း နေထိုင်ကြတဲ့ဒေသခံလူထုအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စိတ်လုံခြုံမှု ဘယ်လိုရှိပါသလဲ။ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ဖားဆောင်းဒေသခံအနေနဲ့ ဘာပြောဆိုချင်ပါသလဲ။ လက်ရှိ ဒေသအခက်အခဲနဲ့ပတ်သက်ပြီး ဘာတွေ ကြုံတွေ့နေရလဲ။ ဘယ်လိုဖြေရှင်းနေရပါသလဲ စတဲ့အကြောင်းအရာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။ အိမ်ရှင်မအမျိုးသမီးတစ်ဦး “တိုက်ပွဲတော့မဖြစ်ဘူး။ လုံခြုံရေးကတော့ အေပေါ့ ကောင်းကောင်းမွန်မွန်တော့ဘယ်ရှိမလဲ။ တခြားဒေသတွေတော့ကြားရတာတော့ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်ဖက်မှာဆို...

KRU တပ်ပေါင်းစုကနေ KGZ ဘာကြောင့်နှုတ်ထွက်သလဲ။ (အင်တာဗျူး)

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစု ၆ ခုဖြစ်တဲ့ KGZ ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ JPDF၊ GZ-21 ( Loikaw )၊ Medic Unit ၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု...

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အတွင်းရေးမှူး ၂ ဖြစ်သူ ကိုသိုက်(ခေါ်)မာဝီနဲ့ တွေ့ဆုံမေးမြန်းခြင်း

https://youtu.be/42UBbsBaFGo ကန္တာရဝတီတိုင်း (မ်) အာဏာသိမ်းမှု အပြီး ကရင်နီပြည်မှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေထဲမှာ စုဖွဲ့မှု အကောင်းဆုံးနဲ့ ၊ အင်အားအများဆုံးလို့ ပြောလို့ရတဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ အတွင်း ရေးမှူး ၂ ဖြစ်သူ ကိုသိုက်(ခေါ်)မာဝီကို ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ တွေ့ဆုံမေးမြန်မှုမှာ -...