spot_img
Tuesday, January 31, 2023
spot_img

ကရင်နီပြည်နယ်အတွင်းရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ဖျားနာနေ၊ ကိုဗစ်ဖြစ်နိုင်၍ Lockdown ချထားရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ ကျေးရွာအချို့ ရွာလုံးကျွတ် ကိုဗစ်ဖြစ်နေတဲ့အတွက် Lockdown ချထားရတာ ရှိသလို ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာလည်း ရွာလုံးကျွတ်ဖျားနာမှုတွေ ရှိနေတယ်လို့ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေက ပြောပါတယ်။

“ရွာလုံးကျွတ်ဖျားတယ် ကျနော်တို့လည်း စချင်းကြားတော့ မယုံဘူးပေါ့နော။ ကိုယ်တိုင်ဆင်းကြည့်လိုက်တဲ့အချိန်မှပဲ တကယ်ဖျားနေကြတယ်။ လာပြကြတယ် လာပြတဲ့ချိန်မှာ အနံ့ပျောက်တဲ့သူဆို စစ်ကြည့်လိုက်တယ်။ ပျှမ်းမျှအားဖြင့် ဖူးကရားခူမှာဆိုလို့ရှိရင် သူ့ဟာက ၁၀ ယောက်စစ်ရင် ၈ ယောက်ပေါ်တယ်။ ပရယ်တော်မှာက ၂ယောက်ပဲလာစစ်တယ်။ ကျန်တဲ့သူက လာစစ်လို့ပြောတာ လာမစစ်ဘူး။ ဒါပေမယ့် အဲ့ ၂ယောက်ကလာစစ်တယ် ၂ယောက်လုံးက Positive ဖြစ်နေတယ် အဲ့လိုပေါ့နော။ တခြားသူတွေကျတော့ သူတို့က အစစ်မခံရဲတာနဲ့တူတယ်။ ဒီလိုပြောပြဖို့ သူများသိသွားမှာ တအားကြောက်တာနဲ့တူတယ်လေ။” လို့ ဖရူဆိုမြို့ နယ်အတွင်းရှိ စစ်ဘေးရှောင်နေရာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာအချို့မှာလည်း ရွာလုံးကျွတ်နီးပါး ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားနေပြီး ကိုဗစ်ကုသမှုစင်တာတွေမှာ ပို့ဆောင်ကုသဖို့ အခက်အခဲ ရှိလာတဲ့အတွက် Lockdown ချထားလိုက်ရတယ်လို့ သိရပါတယ်။

“အခုဟာက ဘယ်လိုဖြစ်လဲဆိုတော့ စင်တာကိုပို့လို့မရတော့ဘူးဖြစ်နေတယ်။ တစ်ရွာလုံးနီးပါးဖြစ်နေတယ်။ ရွာလုံးကျွတ်ကို Lockdown ချတဲ့ပုံစံမျိုးဖြစ်နေတယ်။ ကိုဗစ်ကူးစက်မှုနှုန်းပေါ့။ တောက်လျှောက်မြင့်နေတယ်။ လောလောဆယ်ထိန်းချုပ်ဖို့က အဓိက ဘယ်လိုပြောရမလဲ ထိန်းချုပ်ဖို့မလွယ်ဘူးဖြစ်နေတယ်။ တောက်လျှောက် ပြေးလိုက် ပြန်လာလိုက် ဖြစ်နေတဲ့အခါမှာ စစ်ဘေးရှောင်လိုက် ရွာပြန်လာလိုက်နဲ့ ကူးလူးဆက်ဆံမှုကို မထိန်းချုပ်နိုင်တဲ့အခါမှာ Camp ခေါင်းဆောင်တွေလည်း မထိန်းချုပ်နိုင်တဲ့အခါမှာ ကူးစက်မှုကအရမ်းများနေတယ်။ တော်တော်များတယ် တော်တော်များတယ်ဆိုတာ ရွာလုံးကျွတ်နီးပါး ဖြစ်ကုန်တယ်။ ဒေါတမကြီးတို့ ဒေါညေးခူတို့ဖက် အဲ့ဖက်တွေမှာ တောက်လျှောက်ဖြစ်တယ်။ ရွာမှာတော်တော်များများဖြစ်တယ်။” လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှ ကျန်းမာရေးစောင့်ရှောက်မှု ကူညီဆောင်ရွက်ပေးနေတစ်ဦးက ပြောပါတယ်။

လတ်တလောမှာလည်း ကားဂိတ်တွေမှာ ဆေးဝါးသယ်ယူလို့မရတာတွေ၊ ရောက်ရှိဖို့ကြာမြှင့်တာတွေ၊ မှာယူထားတဲ့ဆေးဝါးတွေ လိုအပ်တဲ့နေရာအထိ မရောက်ရှိနိုင်တာတွေ စတဲ့ အခက်အခဲကြုံနေရသလို စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးလက်ဒေသတွေမှာ ကိုဗစ်ပိုးတွေ့ရှိတဲ့သူတွေကို အလှူခံရတဲ့ ဆေးဝါးနဲ့သာ တစ်နိုင်တစ်ပိုင် ကုသမှုပေးနေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်သူတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ်ထားလဲကျေးရွာအနီးတစ်ဝိုက်၊ မားခရော်ရှေ့အုပ်စုအတွင်း အောက်တိုဘာ ဒုတိယပတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ထောင်ဝန်းကျင် စစ်ဘေးရှောင်ခဲ့ရပါတယ်။ စစ်ဘေးရှောင်နေစဉ် သက်ကြီးရွယ်အိုအများပြား ဖျားနာခဲ့ပြီး CDM ပြုလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ ဌာနဆိုင်ရာဝန်ထမ်း လူနည်းစု စုပေါင်းပြီး စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ ဆေးကုသမှုပေးခဲ့ရပြီး လိုအပ်တဲ့ဆေးဝါးကိုတော့ အလှူခံထားရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

နယ်လှည့်ဆေးကုသမှုပေးတဲ့အချိန်မှာလည်း ဖျားနာတာတွေ များပြားနေတာကြောင့် ကိုဗစ်ပိုးရှိ၊ မရှိ စစ်ဆေးလိုက်တဲ့အခါ ရောဂါပိုးတွေ့ရှိမှုတွေ များပြားနေတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ကူညီဆောင်ရွက်ပေးနေသူတွေအနေနဲ့ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ တစ်နိုင်တစ်ပိုင် ဆေးကုသမှုပေးနေပေမယ့် ဆေးဝါးလုံလောက်မှုမရှိတာတွေ၊ ဖျားနာသူတွေကို ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်တဲ့ Test Kit မရှိတာတွေ၊ အကာအကွယ်ဝတ်စုံ(PPE) လုံလောက်မှု မရှိတာတွေ တစ်နေရာနဲ့တစ်နေရာသွားလာဖို့ ဓတ်ဆိုဖိုးမရှိတာတွေကို စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ပိုးတွေ့ရှိတဲ့ထဲ အောက်ဆီဂျင်ရှုရတဲ့ လူနာရှိသလို ပြင်းထန်တဲ့လူနာတွေကိုတော့ အနီးဆုံးဆေးရုံ၊ ဆေးခန်းတွေမှာ ရွေ့ထားရပြီး လတ်တလောမှာ ကျေးရွာအတွင်း သေဆုံးသူရှိပေမယ့် ကိုဗစ်ဟုတ်၊မဟုတ် မစစ်နိုင်ခဲ့ပဲ ကျန်တဲ့မိသားစုဝင်တွေကို စစ်ကြည့်ရာမှာ ရောဂါပိုးတွေ့ရှိတယ်လို့ သိရပါတယ်။

Related Stories