spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်မှာ မတ်လ နှစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ၁၂ဦးအထိရှိနေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ မတ်လပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း အရပ်သားသေဆုံးသူ ၁၂ဦးအထိရှိနေတယ်လို့ ကရင်နီပြည် လူမှုအသင်းအဖွဲ့များ ကွန်ယက် ( KCSN ) ဒုတိယတာဝန်ခံ ရူဘီက ပြောပါတယ်။

“ ဟုတ်ကဲ့။ သတ်ဖြတ်ခံရတာတော့ လက်နက်ကြီးကြောင့်ရှိတယ်။ တိုက်ပွဲကြားမှာ စစ်ကောင်စီက ပစ်တဲ့ ကျည်ဆံတွေကြောင့် ခပ်များများ လက်နက်ကြီးထိလို့ ဆုံးသွားတယ်လို့ ယေဘုယျပြောလို့ ရတယ်ဗျ။ “ လို့ ( KCSN ) ဒုတိယတာဝန်ခံ ရူဘီက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား သတ်ဖြတ်ခံရမှု ၂၃၅ဦး အထိရှိနေတယ်လို့ KCSN မတ်လ ၁၆ရက်နေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လူထုတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ ပုံစံမျိုး တွေ့ရတယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။

“ ဒီလူ့အခွင့်အရေးချိုးဖောက်မှုကတော့ နေ့စဉ်နဲ့အမျှတွေ့ရတယ်ပေါ့နော။ အဲ့တော့ ပုံစံနှစ်ခုနဲ့ စစ်ကောင်စီက လုပ်တယ်လို့တော့ ကျနော်မြင်တယ်ပေါ့နော။ တစ်ခုကတော့ လူထုတွေကို သက်သက်မဲ့မဲ့ လုပ်သွားတာတွေ့ရတယ်။ အဲ့တာကတော့ ဘယ်လိုမှ လက်ခံလို့ရတဲ့ အခြေအနေမှာ မရှိဘူးပေါ့နော။ အထူးသဖြင့် လေယာဉ်ဗုံးကျဲတာတွေ လူထုတွေနေတဲ့ ရပ်ရွာထဲကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးတာတွေ ကျနော်တို့ လုံးဝရှုတ်ချတယ်ပေါ့နော။ “ ဦးဗညားက ပြောပါတယ်။

မတ်လ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းမှာလည်း ဖယ်ခုံမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်က လူဦးရေ နှစ်သောင်း စစ်ရှောင်ခဲ့ရပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ကရင်နီပြည်နယ်မှာ စစ်ရှောင်လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

မတ်လ ၈ရက်နေ့ လွယ်ထွဲကျေးရွာတွင် ရေဆော့ကစားနေတဲ့ ကလေးသုံးဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့စဉ်
spot_img
spot_img