spot_img
Wednesday, August 10, 2022
spot_img

ကရင်နီပြည်အခြေအနေနဲ့ပတ်သက်ပြီး ဖားဆောင်းဒေသခံတွေနဲ့မေးမြန်းချက်။

spot_imgspot_imgspot_imgspot_img

ကရင်နီပြည် ဖားဆောင်းမြို့နယ်အတွင်း နေထိုင်ကြတဲ့ဒေသခံလူထုအနေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စိတ်လုံခြုံမှု ဘယ်လိုရှိပါသလဲ။ ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ဖားဆောင်းဒေသခံအနေနဲ့ ဘာပြောဆိုချင်ပါသလဲ။ လက်ရှိ ဒေသအခက်အခဲနဲ့ပတ်သက်ပြီး ဘာတွေ ကြုံတွေ့နေရလဲ။ ဘယ်လိုဖြေရှင်းနေရပါသလဲ စတဲ့အကြောင်းအရာတွေကို မေးမြန်းတင်ဆက်ထားပါတယ်။

အိမ်ရှင်မအမျိုးသမီးတစ်ဦး

အိမ်ရှင်မအမျိုးသမီးတစ်ဦး

“တိုက်ပွဲတော့မဖြစ်ဘူး။ လုံခြုံရေးကတော့ အေပေါ့ ကောင်းကောင်းမွန်မွန်တော့ဘယ်ရှိမလဲ။ တခြားဒေသတွေတော့ကြားရတာတော့ ဖရူဆို၊ ဒီးမော့ဆို၊ လွိုင်ကော်ဖက်မှာဆို တိုက်ပွဲတွေဖြစ်တယ်။ ရှောင်ပြေးနေရတယ် စားဝတ်နေရေးလည်းအဆင်မပြေဘူး။ ကျမတို့ဒီဖက်မှာကျတော့လေနော လုံလုံခြုံခြုံနေရပေမဲ့ စားဝတ်နေရေးတော့ အခက်အခဲရှိတာပေါ့နော။ လုပ်ရကိုင်ရတာ တောင်ယာတွေလုပ်ပေမယ့်လည်း အခုရာသီဥတုက လည်းအဆင်မပြေဘူးလေ ကိုယ်စိုက်ထားတဲ့နှမ်းတွေစပါးတွေကိုလည်း နှစ်ခါသုံးခါပြန်လုပ်ရတာ ပေါ့နော။ အဆင်မပြေဘူး ကိုယ့်တွက်စားဝတ်နေရေးလည်း အခက်ခဲရှိတယ်။ ဒီမှာကျတော့ တချို့တွေတော့ အစိုးရအလုပ်တွေလုပ်တယ်ပေါ့နော အစိုးရဝန်ထမ်းရှိတယ် တချို့ကျတော့ နေ့လုပ်နေ့စားသမားတွေ တောင်ယာလုပ်တဲ့လူတွေ အများအားဖြင့်နှမ်းတွေစိုက်ကြတယ်ပေါ့နော။”

ကျေးရွာရပ်မိရပ်ဖတစ်ဦး

ကျေးရွာရပ်မိရပ်ဖတစ်ဦး

“ပြန်ကြည့်မယ်ဆိုရင်ပေါ့နော ဒီဖရူဆိုဖက်၊ ဒီးမော့ဆို ဖက်ဖြစ်တဲ့အရာကတကယ်အမှန်ကန်ဖြစ်နေတာပေါ့နော။ နိုင်ငံရေးနဲ့ပြည်သူနဲ့ ပြည်သူဒုက္ခရောက်တာ တကယ်အမှန်ဖြစ်နေတာကို လက်တွေ့ကျကျဖြစ်နေပါတယ်။ ဒီဖြစ်နေတဲ့ဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုတော့ ဖာဆောင်းမြို့နယ်အနေနဲ့ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် စိတ်မကောင်းစရာဖြစ်တယ်ပေါ့။ ဒါပေမယ့် ဒီဖက်က ဖာဆောင်းမြို့နယ်အနေနဲ့ပြန်ပြီး ယှဉ်ကြည့်မယ်ဆိုရင်ပေါ့နော အေးအေးချမ်းချမ်းလို့တော့ပြောလို့တော့ရပါတယ်။ သို့ပေမယ့် လုံလုံခြုံခြုံစိတ်စိတ်ချချမနေရဘူး ပေါ့နော။ ကြောက်ကြောက်လန့်လန့်ပူပင်သောကနဲ့ နေရတယ် ထိုင်သွားရတယ်။”

တောင်သူတစ်ဦး

တောင်သူတစ်ဦး

“ဒီဖက်မှာတော့စစ်တော့မဖြစ်ဘူးပေါ့နော ဒါပေမယ့် လုံခြုံတယ်လို့တော့မခံစားရဘူးနော ကိုယ့်ပြည်နယ်ထဲမှာ။ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ် ပြည်နယ်သားတွေခံစားနေရာတာတော့ ကိုယ်လည်း စိတ်ထဲမှာလုံခြုံမူတော့မရှိဘူးပေါနော။ အဲ့မျိုးစစ်ရှောင်ပြီးတော့သွားနေရတာပေါ့နော် ။ ဒီချိန်ဆိုမိုးရာသီ ကလေးသူငယ်လူကြီးအရွယ်ဆိုရင် တော်တော်များများတော့အဆင်မပြေဘူးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ဒီဖက်ပြန် ကြည့်လို့ရှိရင်လည်း စားဝတ်နေရေးအတွက်ဆိုရင် မိုးရေလိုနေတယ်။ ကြည့်ခြင်းအားဖြင့် သူတို့စာနာမိတယ်ပေါ့နော်။ ကျနော်တို့လည်းဒီလိုမျိုး ဒီဖက်မှာ စစ်တွေဘာတွေဖြစ်ခဲ့ရင် ပြေးရမယ်လွှားရမယ်ဆိုရင်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ ဒီဖက်မှာတော့အဓိက ဖာဆောင်းမြို့ပေါ်နဲ့ရပ်ရွာတွေ အဓိကနှမ်းလုပ်တာပေါ့နော၊ အခုဆိုရင် အခက်အခဲရှိတယ် ဆိုတော့မိုးမရွာဘူးပေါ့နော်။ တချို့ကောင်းတဲ့ခင်းကောင်း မကောင်းတဲ့ခင်းတွေကမကောင်းဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်။ ဥပမာပြောရရင် တချို့ကျတော့ အဆင်မပြေသေးဘူးပေါ့နော။တချို့နေ့စားသမားတွေပေါနော လက်လုပ်လက်စားတွေအတွက် တော်တော်တော့အခက်အခဲကြုံနေရတာပေါ့နော်။ ကုန်ဈေးနှုန်းတွေ အဆမတန် တန်ဖိုးတက်နေတာပေါ့နော။လက်လုပ်လက်စားတွေအတွက်တော့တော်တော်လေးတော့အဆင်မပြေဘူးပေါ့နော။”

လူငယ်အမျိုးသမီးတစ်ဦး

လူငယ်အမျိုးသမီးတစ်ဦး

“ခံစားရတယ်။ သူတို့အတွက်ဆိုဘာမှမလုပ်ပေးနိုင်တာတောင်မှနော် သူတို့အကောင်းဆုံးဖြတ်ကျော်နိုင်ပါ့မလားနော်။ ဒီတစ်နှစ်ကျော်ကျော်အတွင်းမှာဆိုရင်သူတို့ရဲ့စားဝတ်နေရေးအတွက်လည်း အခက်ခဲများစွာပေါင်းစွာနဲ့တော့ ကြုံတွေ့နေရမယ်ပေါ့လေ။ဒါပေမယ့် ကျမတို့ကတော့ ဘာမှတော့မလုပ်ပေးနိုင်ဘူး။ သူတို့ရဲ့အိမ်ပြန်ခရီးကိုက တချို့တလေကျတော့ သူတို့ရဲ့ အိမ်ပြန်ဖို့တွက်အိမ် မရှိကြတော့ဘူး။ သူတို့ရဲ့နေရပ်ပြန်ဖို့အတွက်ပေါ့နော် လွတ်လွတ်လပ်လပ်သွားလာဖို့မရှိတော့ သူတို့စားဝတ်နေရေး အတွက်တော့ တချို့ဖူလုံဖို့အရမ်းခက်ခဲဖြစ်တဲ့အတွက်ကြောင့်ပေါ့နော ကျမအနေနဲ့ကတော့သူတို့အတွက် ဝမ်းနည်းမိတယ် ကြေကွဲမိတယ်။ ကျမတို့အခုဒေသလက်ရှိမှာကတော့ ဒီစားဝတ်နေရေးကတော့ အဆင်မပြေတောင်မှ ပြေနိုင်သလောက်ရုန်းကန်နေကြတယ်။ တချို့တောင်မှဒီဖက်မှာ သူတို့ရဲ့ ဒီရွာဒေသခံမှာ သူတို့က စားဝတ်နေရေးအတွက် ဘယ်လိုပြန်ဖြေရှင်းလဲဆို တောင်ပေါ်ကနေစပါးတွေဘာတွေပြန်စိုက်တာပေါ့။”

ကျောင်းသူတစ်ဦး

ကျောင်းသူတစ်ဦး

“ဒီနိုင်ငံရေးအခြေအနေကြောင့်ပေါ့နော် ဒီမိသားစုတွေ ကွဲပြားတာတွေရှိတယ် တချို့တလေဆိုပြန်မဆုံနိုင်တာလည်းရှိ တယ်။ အဲ့ဒါကို ကြည့်ပြီးတော့ကျမတို့ခံစားရတာပေါ့နော။ ကျမတို့ဖက်မှာဆိုအခုလက်ရှိ ဒီဘာမှမဖြစ်ပေမယ့် သူတို့နဲ့ဆိုရင်တော့ အရမ်းစိတ်မကောင်းဖြစ်တာပေါ့နော။ စားဝတ်နေရေး အတွက်ဘယ်လိုဖြေရှင်းရလဲဆိုတော့ ကျမတို့ဒေသမှာ တချို့ဆိုရင်နှမ်းတွေဘာ တွေစိုက်တယ် ။မော်ချီးဖက်မှာဆိုရင် ခဲတွေလုပ်တယ်။ တချို့ဆိုရင်ဒီမှာရှိတဲ့ ဒီနိုင်ငံရေးခြေနေကြောင့်ပေါ့နော် တောင်ပေါ်ဒေသမှာပြန်တက်ပြီးတော့ သူတို့စပါးတွေဘာတွေစိုက်တယ်၊ဖာလာတွေစိုက်တယ်။ ပြီးတော့ ကျမတို့အခုလက်ရှိ ဒီမိုးရာသီမှာဆိုရင် သူတို့တောင်ယာကိုအဓိကလုပ်ကိုင်ကြတာပေါ့နော်။”

spot_imgspot_imgspot_imgspot_img

More from the blog

ကရင်နီအမျိုးသားခုခံတော်လှန်ရေး​နေ့မှာ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် ရီမာန်ထူးနဲ့ တွေဆုံမေးမြန်းခြင်း

https://youtu.be/RCXetUa48n4 ဒီကနေ့ ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေး (၇၄)နှစ်ပြည့်မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အမြဲတမ်း ပါတီ ဗဟိုကော်မတီဝင် တစ်ဦး ဖြစ်တဲ့ ဆရာကြီး ရီမာန်ထူး နဲ့ ကန္တာရဝတီတိုင်း(မ်) ကတွေ့ ဆုံမေးမြန်းထား ဖြစ်ပါတယ်။ ကရင်နီအမျိုးသားခုခံတော်လှန်ရေးဆိုတာ ဘာလဲ၊ ဘယ်လိုကြောင့်...

ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အပေါ် မှာ KNDF ရဲ့ အတွင်းရေးမှူး ၃ ခူးရီးဒူနဲ့ တွေ့ဆုံမေးမြန်းခြင်း

https://youtu.be/v7JwtpK3p80 ဩဂုတ်လ (၉)ရက်နေ့မှာ ကျရောက်မယ့် (၇၄) နှစ်ပြည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ နဲ့ ပတ်သက်ပြီး လက်ရှိတော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အတွင်းရေးမှူး (၃) ဖြစ်တဲ့ ခူးရီးဒူ နဲ့ ကန္တာရဝတီတိုင်း(မ်) က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။ တွေ့ဆုံမေးမြန်းမှုမှာ - နှစ်ပေါင်း...

စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။

ဇူလိုင်လအတွင်းမှာဆိုရင် စစ်ကောင်စီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက တိုက်ပွဲဖြစ်ပွားရာနဲ့ဝေးတဲ့ ကျေးရွာတွေ စစ်ရှောင်စခန်းတွေမှာကျရောက်တာရှိပါတယ်။ လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့တဲ့ စစ်ရှောင်ပြည်သူလည်းရှိသလို ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များစွာရှိနေတယ်။ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဒေသတွင်းအဖွဲ့အစည်း၊ စစ်ရှောင်တွေက ဘာပြောဆိုကြပါသလဲ။ ခူးရီးရယ် ( ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အတွင်းရေးမှူး -၃ ) “စစ်ကောင်စီက သမိုင်းစာမျက်နှာပြန်ကြည့်မယ်ဆိုလို့ရှိရင် လူထုကိုအကျိုးပေးတာ၊ လူထုအကျိုးကို...

KRU တပ်ပေါင်းစုကနေ KGZ ဘာကြောင့်နှုတ်ထွက်သလဲ။ (အင်တာဗျူး)

ကန္တာရဝတီတိုင်း(မ်) စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအင်အားစု ၆ ခုဖြစ်တဲ့ KGZ ၊ ကရင်နီဒီမိုကရက်တစ်တပ်ဦး ( KDF ) ၊ JPDF၊ GZ-21 ( Loikaw )၊ Medic Unit ၊ SSPDF တို့ စုပေါင်းပြီး ကရင်နီတော်လှန်ရေးတပ်ပေါင်းစု...