ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံက ဒေသတချို့တွေမှာ မေလ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်ပြီး နောက်ဆက်တွဲ ရေလွှမ်းမိုးခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုး အန္တရာယ်တွေကို သတိထားသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယမန်နေ့ မေလ ၁၉ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
အထူးသဖြင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ လေဖိအားနည်းရပ်၀န်းတွေဖြစ်ပေါ်နေတာပါ။
ရက်သတ္တပတ်အတွင်း မိုးထစ်ချုန်းရွာနိုင်မယ့် ဒေသတွေကတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်။
အချို့ဒေသမှာတော့ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။
မိုးရွာသွန်းမှု အခြေအနေကတော့ ကရင်နီပြည်အပါအဝင် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် မြောက်ပိုင်း)၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကာ ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတို့မှာတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ NUG ရဲ့ နေ့အလိုက် တစ်ပတ်စာမိုးလေဝသအခြေအနေ တင်ပြမှုမှာ ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသအခြေအနေကြောင့် ငလျင်ဘေးသင့်ခဲ့တဲ့ ဒေသတွေမှာတော့ မုတ်သုံမိုးကြောင့် မြေကျွံကျခင်း၊ မြေပြိုခြင်း နဲ့ ယိုင်နဲ့နေတဲ့ အဆောက်အအုံတွေ ပြိုကျခြင်းဖြစ်ပေါ်လာနိုင်တယ်လို့လည်း NUG ကအသိပေးထားပါတယ်။