spot_imgspot_imgspot_imgspot_img
Sunday, January 19, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့

ကန္တာရဝတီတိုင်း(မ်)

မတ်လ ၂၄ ရက်နေ့က ကရင်နီပြည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့် ဝန်းကျင် ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိခဲ့တယ်လို့ KNDF B-15 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ ဒီထူးလွီးဘီလာကနေ ဒီငွေတောင်ရွာသစ်ဘက်ကို စစ်ကြောင်းထိုးလာ စစ်ကြောင်းထိုးလာရင်းနဲ့ ကျနော်တို့ တပ်ရင်း ၁၅ရယ်၊ KA နဲ့ တအားပူးပေါင်းတပ်ဖွဲ့တွေ ခုခံတိုက်ခိုက်တာ ကျနော်တို့ ခုခံတိုက်ခိုက်ရင်း ကျနော်တို့ ရဲဘော်တစ်ဦးကျသွားတယ်။ ပြီးတော့ ကျနော်တို့ တပ်ရင်း ၁၅ထဲက ရဲဘော်တစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာ ရသွားတယ်။ ရဲဘော်တွေ ပြောကြားချက်အရ ၁၀ယောက်ထက်မနည်းကျတယ်ပြောတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။

မတ်လ ၂၄ရက်နေ့ ညနေ ၂နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၅နာရီခွဲအထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေရှိနေပြီး အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ငွေတောင်ရွာသစ်ကျေးရွာနဲ့ အနီးအနားကျေးရွာက ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြပါတယ်။ အခုလို စစ်ကောင်စီက ဖရူဆိုဖက်ကို စစ်ကြောင်းထိုလာတာဟာ ရိက္ခာပို့ဆောင်ဖို့ ဖြစ်နိုင်တယ်လို့ KNDF B-15 တာဝန်ရှိသူက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒီဖရူဆို၊ ဖားဆောင်း၊ ဘောလခဲ၊ ဒီမော့ဆိုပေါ့။ ဒီလမ်းကြောင်းက အဓိက ဖရူဆိုနဲ့ ဒီးမော့ဆို လမ်းကြောင်းမှာ ရှိတဲ့ တံတားတစ်ခုကို ကျနော်တို့ ဖျက်ထားတယ်။ သူတို့ အဓိက တံတား ပြန်ပြင်ဖို့လား။ ပြန်ပြင်ပြီးတော့မှ သူတို့ ရိက္ခာပြန်သယ်ယူပို့ဆောင်ဖို့လား လို့တော့ ကျနော်ထင်တယ်။ “ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့မှာလည်း ငွေတောင်ရွာသစ်ကျေးရွာအနီးရှိ ထူးလွီးဘီလာကျေးရွာမှာ စစ်ကြောင်းထိုးလာပြီး ကင်းပုန်းတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံနေအိမ်နှစ်လုံးကို မီးရှို့ခဲ့ပါတယ်။

spot_img
spot_img