spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီလူမျိုးတွေရဲ့ ရိုးရာဓလေ့တခုဖြစ်တဲ့ တံခွန်တိုင် ပွဲတော်မှာ ဘာကြောင့် အမျိုးသမီးတွေ ကပြခွင့် မရှိတာလဲ။

ကန္တာရဝတီတိုင်း(မ်)

ကရင်နီလူမျိုးတွေရဲ့ အထင်ကရ ပွဲတော်တွေထဲမှာ တံခွန်တိုင်ပွဲတော်ဟာလည်း အပါအဝင် ဖြစ်ပါတယ်။ တံခွန်တိုင်ပွဲတော်တွေကို ကယားလူမျိုးတွေက သျားအီလှူး(ခ) ကေးထျိုးဘိုးလို ခေါ်ဆိုကြသလို ကယန်းလူမျိုးတွေက ကခွမ့် ၊ ယင်းတလဲလူမျိုးတွေက ကာလူး လို ခေါ်ဆိုကြပါတယ်။

ဒီလိုတံခွန်တိုင်ပွဲတော်တွေမှာ ရိုးရာအရ ကြက်တွေနဲ့ ယစ်ပူဇော်တာ၊ ရိုးရာဗုံမောင်းတီးခတ်ပြီး ကခုန်တာတွေကို ပြုလုပ်ကြပါတယ်။ ဒီလိုပြုလုပ်တဲ့နေရာမှာ အမျိုးသားတွေကိုသာ တွေ့ရလေ့ရှိပါတယ်။ အမျိုးသမီးတွေကိုတော့ တံခွန်တိုင်ဝန်းအတွင်း ဝင်ရောက်ခြင်းနဲ့ ကခုန်ခြင်းတွေမှာ တွေ့ရလေ့မရှိပါဘူး။

ဘာကြောင့် အမျိုးသမီးတွေကို တံခွန်တိုင်ဝန်းအတွင်း ဝင်ရောက်ခွင့်မပြုကြသလဲ၊ ဘာကြောင့် ကခုန်ခွင့်မပြုကြသလဲ ဆိုတာကို ဧပြီလ ၁၈ ရက်နေ့က ကျင်းပခဲ့တဲ့ ယင်းဘော်လူမျိုးစုတွေရဲ့ တံခွန်တိုင်ပွဲမှာ ပွဲတက်လာသူတွေကို မေးမြန်းထားပါတယ်။

မူနန်းခမ်းထွေး (ယင်းဘော်လူငယ်အမျိုးသမီး)

“အရင်တုန်းက သိထားတာတော့ ဘိုးဘွားဘီဘင်ခေတ်ကပဲ သတ်မှတ်ထားတာပေါ့နော်။ အမျိုးသမီးလုံးဝ ဝင်ခွင့်မရှိဘူးဆိုတာ အရင်ခေတ်ကပဲ သတ်မှတ်ထားပြီးသား။ တခါကြားဖူးတာကတော့ ပန်ပက်မှာလားမသိဘူး အမျိုးသမီးတယောက်ဝင်ကတယ်၊ ဝင်ကတော့ မိုးကြိုးပစ်ပြီး သေသွားတယ်။ အဲ့ဒီအဖြစ်အပျက်နောက်ပိုင်း သူများပိုပြီးတော့ အမျိုးသမီးကို ဝင်ခွင့်မပေးတော့ဘူးလို ပြောရမလား။ ဒီတိုင်းကြားတာပေါ့နော်။ သူများပြောပြလိုပေါ့နော်။ ဝင်လိုက်တော့ မိုးကြိုးပစ်ပြီး သေသွားတယ် အဲ့လိုပေါ့နော်။ အစကတည်းကလည်း သူများဝင်ခွင့်မပေးတော့ သူကဝင်ကြည့်တော့ မိုးကြိုးပစ်ပြီး ဆုံးသွားတယ်။ နောက်ကျတော့လည်း အမျိုးသမီးလည်း ဝင်လိုမရတော့ဘူး အဲ့လိုမျိုး ကြားထားတယ်ပေါ့နော်။”

မချိုချိုထွေး (ယင်းဘော်လူငယ်အမျိုးသမီး)

“ဘိုးဘွားတွေ အရင်ကတည်းက ဖြစ်လာတဲ့ဟာဆိုတော့ ညီမတိုဝင်လိုမရဘူးလိုပဲ သိထားတာပေါ့။ မိန်းကလေးတွေက တံခွန်တိုင်ဝိုင်းထဲ ဝင်လိုမရဘူး မိန်းခလေးတွေက ဓမ္မတာဖြစ်နိုင်တာတွေ အဲ့တာတွေ ဖြစ်နိုင်တာပေါ့။”

ဖိုးလေ (ယင်းဘော်လူမျိုးစုရဲ့ ဥက္ကဌ )

“ဟုတ်ကဲ့ အဲ့တာ‌တော့ အများအားဖြင့်တော့ ရှေးရိုးအစဉ်အလာအတိုင်း ကျနော်တို ကျင့်သုံးနေတယ်လို ပြောလိုရမှာပေါ့။ ဘာလိုလည်းဆိုရင် ဘိုးဘွားဘီဘင် အစဉ်အဆက်ကတည်းကဆိုရင် ကျနော်တို တံခွန်တိုင်ဝိုင်းထဲမှာဆိုရင် အမျိုးသမီး ပါဝင်ကပိုင်ခွင့်တို တခါမှ မရှိတဲ့အတွက်ကြောင့် ကျနော်တိုလည်း ဘိုးဘွားဘီဘင်တို ဆိုဆုံးမတဲ့စကား တခုအနေနဲ့ ကျနော်မှတ်ယူပါတယ်။
ကျနော်တိုလူငယ်တွေကို မှာကြားချင်တာက ဒီကျနော်တို ရိုးရာထိန်းသိမ်းရေးပေါ့နော်၊ ကျနော်တိုရိုးရာ တံခွန်တိုင်ပွဲကို ကမ္ဘာသူ၊ ကမ္ဘာသားအတွက်ရည်ရွယ်ပြီးတော့မှ နောက်တက်လာမယ့် လူငယ်တွေကို မပပျောက်အောင်ဆိုပြီးတော့မှ ဆက်လက်ထိန်းသိမ်းစေချင်တယ်။ ရိုးရာယဉ်ကျေးမှုကိုလည်း လူသိထင်ရှား ပေါ်လွင်အောင်ဆိုပြီးတော့မှ ကမ္ဘာသိအောင် လူငယ်တွေက အဆင့်တန်းရှိနေခါကျတော့ လူငယ်တွေကိုပဲ ဆက်လက်ပြီးတော့မှ ကြိုးစားစေချင်တယ်။”

ဒေါ်အဲလစ်စဘက် – ငံရိုး ယင်းဘော်လူမျိုးစု ရဲ့ အမျိုးသမီးအဖွဲ နာယက

“အမျိုးသမီးတွေပါဝင်ခွင့်မရှိတာကို တချက်လောက်ကျမက မေးမိလိုက်တယ်ပေါ့နော်။ ဘာဖြစ်လို မရှိတာလည်းဆိုတာက ဘိုးဘွားတိုခေတ်က ဟိုးဘိုးဘွားခေတ်က အစဉ်အလာအတိုင်းမရှိလိုဆိုတာ ကျမတိုက အမျိုးသမီးက ပါဝင်ခွင့်မရှိတာ။ နောက်တခုက သူတိုဘာပြောလည်းဆိုရင် ကျမတိုက ရာသီလာလိုဆို ဝင်ခွင့်လည်းမရှိဘူး၊ ဆိုပြီးတော့မှ ကျမတိုလည်းပါဝင်မှုလည်း နည်းသွားတာပေါ့။ အဲ့တာက ဟိုရှေးခေတ်က အမျိုးသမီးတွေ ဝင်ခွင့်မရဘူးဆိုတာလည်း အဲ့တာလည်း မဝင်ခိုင်းဘူး အခုထိ ဝင်လိုမရဘူး။”

ခွန်းကိုရီ – ယင်းဘော်လူမျိုးစုလူငယ်ရဲ့ ဒုဥက္ကဌ

“ကျနော်သိရသလောက် ကျနော်တိုတံခွန်တိုင်ဆိုတာက ဘိုးဘွားစဉ်ဆက်ကတည်းက ထွင်ခဲ့ပြီးမှ တနှစ်တကြိမ် စိုက်ထူကိုးကွယ်လာကြတယ်ဆိုတော့ ကျနော်တိုလူငယ်တွေအနေနဲ့လည်းက၊ လက်လှမ်းမှီနိုင်သလောက်တော့ လူကြီးတွေပြောကြားချက်အရ ဒီလိုမျိုးမိန်းကလေးတွေ ဝင်ရောက်ကခွင့်မရှိတာက၊ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အတူဘူး အမျိုးသမီးတွေမှာ ဓမ္မတာလာတာမျိုးတွေရှိတော့ မြင့်မြတ်တဲ့ တံခွန်တိုင်ရဲ့ဝန်းထဲ မဝင်သင့်တာမျိုးတွေရှိလိုပဲ ကျနော်အဲ့တာပဲပြောချင်တာပေါ့နော်။”

ခွန်းနားရီလေး- ယင်းဘော်လူမျိုးစု ကော်မတီရဲ့ ဒုဥက္ကဌ

“ကျနော်သိသလောက်ကတော့ ဘိုးဘွားစဉ်ဆက်ကတည်းက အမျိုးသမီးဝင်ကတယ်ဆိုတာ ကျတော်တခုမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေကို ကျတော်မေးကြည့်လိုက်တော့ သူတိုပြောကြားချက်အရ ဟိုးရှေးခေတ်တုန်းကအမျိုးသမီးတံခွန်တိုင် မကတာမဟုတ်ဘူး၊ ကပါတယ်တဲ့။ အမျိုးသမီးက ဘာကွာလဲဆိုတော့ လစဉ်ဓမ္မတာလာတာ ရှိတယ်၊ သူရဲ့ကျန်းမာရေးအရ ဒီအပေါ်မှာက ဓမ္မတာလာနေရင်းနဲ့ တံခွန်တိုင်ကတယ်ဆိုတဲ့ အနေအထားမျိုးလည်း ပါတယ်ပေါ့နော်။ နောက်ဆုံးတော့ ရွာမှာ အဖြစ်အပျက်တွေနဲ့ တခုပြီးတခုကြုံနေရတဲ့အကြောင်းပေါ့။ ရောဂါဘယတွေ စသည်ဖြင့်၊ တိရစ္ဆာန်တွေသေကြေစေတာတွေ စသည်ဖြင့်၊ ကြားသိရသလောက်တော့ တခုခုတွေနဲ့ ခိုက်တယ်ပေါ့။ အခုလည်း အမျိုးသမီးတွေက က လိုမရတာ မဟုတ်ဘူး။ က လိုရပါတယ်။ သိုသော်လည်း တချိုအမျိုးသမီးတွေက ဓမ္မတာလာနေရဲ့သားနဲ့ သွားလိုရပါတယ်ဆိုပြီး လိမ်ညာပြီးတော့ ဝင်လာတာမျိုးတွေက သိပ်ယုံရတာ မဟုတ်ဘူးပေါ့နော်။ တချိုက ကချင်လွန်းလို၊ လာချင်လွန်းလို၊ မကခိုင်းတာ ပိုကောင်းမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်တခု ဖြစ်မယ်ထင်တယ်။ သူ့ကိုယ်သူ စိတ်ချယုံကြည်မှုရှိမယ်၊ ဘာမှမရှိဘူးဆိုရင်တော့ ဝင်ခဲ့လိုရပါတယ်၊ အဲ့တခုတော့ ကျနော်ဖြေကြားချင်ပါတယ်။”

spot_img
spot_img