spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီလူမှုသိပ္ပံကောလိပ်ကနေ လေးလကြာပြုလုပ်တဲ့ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းပွဲ နဲ့ ထုတ်ကုန်ပြပွဲ ကို ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်က ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းကနေ သင်ကြားပို့ချပေးတဲ့ လေးလကြာ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းပွဲနဲ့ ထုတ်ကုန်ပြပွဲကို ဒီကနေ့ ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

“လက်ရှိ ကြားကာလမှာဆိုလို့ရှိရင် ကျောင်းမတက်တော့တဲ့ ကလေးတွေရှိတာပေါ့။ အဲ့တော့ ဒီလစ်ဟာတဲ့ ကြားကာလမှာ သူတို့အသက်မွေးဝမ်းကျောင်း သင်ကြားဖို့ လိုအပ်တာပေါ့။ လိုအပ်နေတာကို ကျမတို့ ဖြည့်ဆည်းပေးဖို့ဆိုပြီး ဒီသင်တန်းကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက် ဖြစ်တာပေါ့။ ဒီသင်တန်း ပြီးမြောက်သွားတယ်ဆိုပေမယ့် အခက်အခဲအများကြီးရှိတာပေါ့၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတဲ့ သူတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေလည်း ရှိတာပေါ့။ ဒီလိုပြီးသွားတော့လည်း အရမ်းဝမ်းသာတယ် ဒီလို အသက်မွေးဝမ်းကျောင်း ပြီးတော့ သူတို့ ရပ်ရွာမှာ အသုံးချနိုင်မယ်လို့လည်း မျှော်လင့်တယ်ပေါ့”လို့ ကရင်နီလူမှုသိပ္ပံကောလိပ်ကျောင်းရဲ့ ယက်ကန်းဆရာမ ဒေါ်လှချေးမိုးက ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်းသင်တန်းကို ပြုလုပ်လာတာ အခုဆိုရင် အပတ်စဉ် ( ၅ ) အထိ ဖွင့်လှစ်ပြီးစီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

သင်တန်းအတွင်းမှာ ကျောင်းသူ၊ ကျောင်းသားတွေယက်လုပ်ထားတဲ့ ရိုးရာ အထည်တွေ၊ ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကိုလည်း ရောင်းချထားတာရှိသလို ထုတ်ဖော်ပြသတဲ့ အစီအစဥ်လည်း ပြုလုပ်ခဲ့ပါတယ်။

“သင်တန်းတက်ပြီးတော့ ကိုယ့်ကို ယုံကြည်မှုရှိတယ်၊ ကိုယ်ပိုင်ဆိုင်လေး ဖွင့်ဖို မျှော်မှန်းထားတယ်၊ သင်တန်းတက် ဖြစ်တာကတော့ ရွာမှာနေဆို လမ်းပျောက်နေတာပေါ့၊ အချိန်ကုန်တယ် လေလွင့်နေတယ်။ အဲ့တော့ ဒီသင်တန်းကို လျှောက်ပြီး တက်ဖြစ်တာပေါ့”လို့ သင်တန်းကို တက်ရောက်ပြီးစီးသွားတဲ့ ကျောင်းသူ ဆဲကပေါ်က ပြောပါတယ်။

အဆိုပါသင်တန်းကို ပြီးခဲ့တဲ့ မတ်လကနေ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယက်ကန်းသင်တန်း၊ စက်ချုပ်သင်တန်း၊ စက်ပြင်ဆိုင်ကယ်ပြင် အတတ်ပညာ၊ ဆံသ ၊ အခြေခံချက်ပြုတ်ရေး အပြင် တခြားသော ဗဟုသုတပညာရပ်တွေကိုလည်း သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အပတ်စဉ် ( ၅ ) ကိုတော့ ကျောင်းသား ၂၈ ဦး တက်ရောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

spot_img

Recent posts