spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသမီအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာ နဲ့ ဆက်သွယ်မေးမြန်းခြင်း

အမျိုးသမီးကဏ္ဍ

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ရဲ့ သတ္တမအကြိမ်မြောက် ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး ညီလာခံကနေ ဥက္ကဌ နဲ့ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်တင်မြောက်ခဲ့ကြပါတယ်။

ညီလာခံအတွင်း ကရင်နီပြည်တွင်းက နိုင်ငံရေးအခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ကရင်နီပြည်မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေဟာ အာဏာမသိမ်းခင်ကထက် ၂ ဆ ပိုများလာတယ်လို့ ညီလာခံကနေ KNWO – ဥက္ကဌ အဖြစ် ရွေးချယ်တင်မြောက်ခံရတဲ့ မော်ဖရေမြာ က ပြောပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အမျိုးသမီးတွေ အပေါ် ကျူးလွန်နေမှုအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသမီအစည်းအရုံး (KNWO) ဥက္ကဌ မော်ဖရေမြာ နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

spot_img