spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင်အတွက် အရေးပေါ် အကူအညီလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ကရင်နီပြည် နေရာအနှံ့ နဲ့ ရှမ်း-ကရင်နီနယ်စပ်က ရေဘေးသင့်ပြည်သူ ၃၀၀၀၀ ဝန်းကျင် တိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်စခန်း (၃) ခု က လူဦးရေ ၂၆၀၀ ကျော် ၊ လွိုင်ကော်မြို့မှာ ကျေးရွာ ၃ ရွာနဲ့ စစ်ဘေးရှောင်စခန်း ၁ ခု မှာ ‌ရေဘေးသင့်ပြည်သူ ၅၀၀၀ ၊ ဒီးမော့ဆိုမြို့မှာ ၁၀၀၀၀ ခန့်၊ ဖရူဆိုမြို့မှာ ၁၀၀၀၀ ဝန်းကျင် ၊ ရှားတောမြို့နယ်မှာ ၁၃၃၅ ဦး ရေဘေးသင့်နေတာဖြစ်တယ်လို့ IEC က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။

စစ်ဘေးရှောင်တွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် လက်ရှိအချိန်မှာ နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်နေသလို ပြည်သူအချင်းချင်းကြား ဖေးမမှုလည်း အရေးပါတဲ့ ကာလဖြစ်တယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

ပုံစာ – ပွန်ချေင်းရေမြှင့်တက်လာမှုကြောင့် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ရေဘေးသင့်စစ်ဘေးရှောင်ပြည်သူတွေ စက်တင်ဘာလ ၁၂ရက်နေ့က တိမ်းရှောင်နေစဉ်။(ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် ) )

“နိုင်ငံတကာရဲ့ အကူအညီတွေ အများကြီးလိုအပ်တယ်။ အထူးသဖြင့် စားနပ်ရိက္ခာ။ ဘာလို့ဆို အိမ်ပါသွားပြီဆို အိမ်တစ်ခုထဲ ပါသွားတာမဟုတ်ဘူး။ အိုး၊ခွက်၊ပန်းကန် တွေပါသွားတယ်။ ရှိတဲ့ ဆန်၊ ဆီ၊ဆားတွေ ပါသွားတယ်။ အဝတ်အထာ်တွေပါ ပါသွားတယ်။ စောင်တွေပါသွားတယ် အဲဒီဟာတွေက ကျနော်တို့ ပြန်ဝယ်ဖို့အတွက် လွယ်တဲ့ ကိစ္စမဟုတ်ဘူး”

ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ ရေကြီးရေလျှံမှု နဲ့ တောင်ကျရေတွေကြောင့် လမ်းတံတားပျက်စီးမှု၊ အိုးအိမ်ပျက်စီးမှု ၊ ဒေသခံလူထုသေကြေမှု တွေကို ရက်သတ္တပတ်အတွင်း ပြည်သူတွေ ခံစားနေကြရတာဖြစ်ပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့နယ်အတွင်းက ဒေသခံတွေ စိုက်ပျိုးထားတဲ့ လယ်ယာစပါးဧက ၃၀၀၀ ကျော် ၊ ဒီးမော့ဆိုမြို့နယ်မှာ စပါးစိုက်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးမှုအပြင် ကောက်ပဲသီးနှံ ၊ နှမ်းလည်း ရေနစ်မြှုပ်မှုကြောင့် ပျက်စီးခဲ့ရပါတယ်။

ရေဘေးကြောင့် ကရင်နီ ၊ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၂၄ ဦးထက်မနည်း ရှိနေပါတယ်။ ယာယီရွေ့ပြောင်းနေထိုင်ရတဲ့ အိမ်ထောင်စု ( ၅၃၄၇ )စုအတွက် အရေးပေါ်အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ အရေးပေါ်လိုအပ်နေပြီး တစ်ကိုယ်ရေသုံး အသုံးအဆောင်ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာ၊ သွားတိုက်တံ ၊ သွားတိုက်ဆေး ၊ အဝတ်အထည် ၊ အမျိုးသမီးအသုံးအဆောင် ၊ သောက်ရေသန့်တွေ လိုအပ်နေပါတယ်။

လတ်တလော ယာယီရွေ့ပြောင်းနေထိုင်ဖို့အတွက် တဲဆောက်ဖို့ မိုးကာ၊ ဝါး ၊ သွပ်ကြိုး လိုအပ်နေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာတွေနဲ့ ချိတ်ဆက်ပူးပေါင်းဖို့ကိုလည်း IEC က တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts