ကရင်နီ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ပေါ်ပေါက်လာဖို့ ညှိနှိုင်းဆောင်ရွက်နေ

ကန္တာရဝတီတိုင်း(မ်) ဖက်ဒရယ်ဒီမိုကရေစီပညာရေး မူဝါဒရေးဆွဲချမှတ်ရေးလုပ်ငန်းစဉ်နဲ့ ကရင်နီအမျိုးသားပညာရေးစနစ်မူဝါဒ ပေါ်ပေါက်လာစေဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့အသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆောင်ရွက်နေပြီလို့ ကရင်နီအတိုင်ပင်ခံကောင်စီ(KSCC) ပညာရေးတာဝန်ရှိသူ ခူးပလုရယ်က ပြောပါတယ်။ “NUG ကဖွဲ့စည်းလိုက်တဲ့ပညာရေးဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ အကောင်းဆုံးပေါ့ ကျနော်တို့ပြည်နယ်အတွက် အနာဂတ်လူငယ်အတွက် ဘယ်လိုမျိုးပုံဖော်မလဲဆိုတာ ကျနော်တို့လုပ်နေတာရှိနေပါတယ်။ တခြားပညာရှင်တွေနဲ့တွေ့ဆုံပြီးတော့ ဖက်ဒရယ်စနစ်မူ ဘယ်လိုတည်ထောင်ရင်ကောင်းမလဲပေါ့ အဲ့ဒါတွေကလည်း ကျနော်တို့ညှိနှိုင်းလုပ်ဆောင်တာရှိတယ်။ ပညာရေးကော ကျန်းမာရေးကောအရေးကြီးတဲ့ ကဏ္ဍဆိုတော့ အားလုံးပါဝင်ဖို့ပေါ့ စနစ်တွေနဲ့သွားနိုင်ဖို့က အခုကတော့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ပဲ ကျနော်တို့က ဆက်စပ်လုပ်ဆောင်ပေးနေတာပေါ့။ သူတို့လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့ တိုက်တွန်းပြီးတော့ လိုအပ်မှုတွေကို ဖြည့်ဆည်းကူနေတာပေါ့ အဲ့လောက်ပဲရှိပါသေးတယ်။” လို့ ခူးပလုရယ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့မှာ KSCC ကနေ ကရင်နီပညာရေးကော်မတီကို အဖွဲ့ဝင် ၇ ဦးနဲ့ … Continue reading ကရင်နီ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒ ပေါ်ပေါက်လာဖို့ ညှိနှိုင်းဆောင်ရွက်နေ