spot_img
Monday, November 28, 2022
spot_img

ကိုဗစ်ထိန်းချုပ်ကာလအတွင်းမှာ ရွေ့လျားဓတ်မှန်စက်ဖြင့် အခမဲ့ရောဂါရှာဖွေပေးလျက်ရှိ

spot_imgspot_imgspot_imgspot_img

နော်ဒွေးအယ်ခူ

COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ ကာလအတွင်း အခက်အခဲရှိနေတဲ့သူတွေအတွက် အဖျားနဲ့ ဆက်စပ်တဲ့ ရောဂါတွေကို ရွေ့လျားဓတ်မှန်စက်ဖြင့် ကယားပြည်နယ် ၊ လွိုင်ကော်မြို့ရှိ မြို့နယ်ခန်းမမှာ အခမဲ့ စမ်းသပ်ပေးနေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆရာဝန်အသင်း (ကယားပြည်နယ်တာဝန်ခံ) ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။

“အစတုန်းကတော့ အဖျားလူနာတွေကိုပဲ ကျနော်တို့ကတော့ ကြည့်ပေးတယ်။ မှန်တယ် ဒါပေမယ့်အခုလက်ရှိ အခြေအနေမှာက သွေးလွန်တုတ်ကွေးရာသီကလည်း ရောက်လာပြီး လွိုင်ကော်မှာလည်း သွေးလွန်တုတ်ကွေးလူနာလည်းစတွေ့လာပြီ နောက်တခုက အဖျားရောဂါနဲ့တွဲပြီးတော့မှ တီဗီ ရောဂါကိုလည်း ဒီဆေးခန်းကနေပဲ တစ်ယောက်တွေ့ခဲ့တာပေါ့နော်။”လို့ ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။

COVID-19 ကပ်ရောဂါကို ကြိုတင်ကာကွယ်တားဆီးထိန်းချုပ်နိုင်ဖို့အတွက် အဖျားရောဂါကုအခမဲ့ဆေးခန်းကို ကယားပြည်နယ် ၊ လွိုင်ကော်မြို့ရှိ မြို့နယ်ခန်းမမှာ ဇွန်လတစ်ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက်နေ့မှစတင်ပြီးတော့ အဖျားနဲ့ဆက်စပ်တဲ့အခြားရောဂါတွေကိုလည်း ရွေ့လျားဓတ်မှန်စက်ကြီးနဲ့ အခမဲ့စစ်ဆေးပေးနေတာဖြစ်ပါတယ်။

ဓတ်မှန်ရိုက်စစ်ဆေးရင်း တခြား တီဗီလက္ခဏာတစ်စုံတစ်ရာပေါ်လာမယ်ဆိုရင်လည်း စောစောစီးစီးရှာဖွေတွေ့ရှိတာကြောင့် ကုသမှုခံယူနိုင်တယ်လို့ ဒေါက်တာကရှင်းပြပါတယ်။

“တီဗီ ဆေးသောက်နေရတာတွေ့တော့ COVID-19 တွေမှာဆိုရင်လည်း ဓါတ်မှန်ရိုက်ရတာလေးတွေရှိတာပေါ့နော်။ ဖျားတဲ့နာတဲ့လူနာတွေ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာလေးတွေရှိပြီဆိုရင် ကျနော်တို့က ဓါတ်မှန်ရိုက်နိုင်ရင် အကောင်းဆုံးပေါ့။ ဓါတ်မှန်ရိုက်ရင်းနဲ့ ဒီ တီဗီ တွေ့ခဲ့တယ်ဆိုရင်လည်း လူနာအတွက် အများကြီးကောင်းသွားတာပေါ့။ စောစောရောဂါ ရှာဖွေတွေ့ရှိပြီး စောစော ဆေးကုသမှုခံယူနိုင်တာပေါ့နော်။ TB မဟုတ်ပေမယ့်လည်း တခြား လက္ခဏာတွေ ကျနော်တို့တွေ့နိုင်တယ်။” လို့ ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။

အဖျားရောဂါ အဖျားရောဂါကု အခမဲ့ဆေးခန်းကို နေ့စဉ် နံနက်(၉း၃၀) ကနေ (၁၁း၃၀)အထိ မွန်းလွဲ (၂း၃၀)ကနေ (၄း၃၀) အထိ ဖွင့်လှစ်နေတာဖြစ်ပြီး တနင်္ဂနွေနေ့တိုင်းမှာတော့ ဆေးခန်းပိတ်မှာဖြစ်ပါတယ်။

ဆေးခန်းလာရောက်ပြသသူတစ်ဦးက ““ဆေးရုံမှာခါကျတော့ အရေးပေါ်လူနာတွေပါတွေနဲ့ဆိုတော့ ပြည့်နေတယ်ပေါ့နော်။ စောင့်ရင်တော့ရတယ် ဒါပေမယ့် ညနေအထိ ရောက်သွားမှာစိုးလို့ ဒီဘက်မှာ သီးသန့် ဖျားတာသီးသန့်ကြည့်ပေးတာရှိတယ်လို့ အဲဒါ ဒီဘက်မှာလာပြတာ။” လို့ ပြောဆိုပါတယ်။

ရွေ့လျားဓတ်မှန်စက်ကြီးနဲ့ ရှာဖွေကုသတဲ့အစီအစဉ်ကတော့ တစ်ပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ စတဲ့သုံးရက်မှာ နံနက်(၉း၃၀)ကနေ (၁၁း၃၀)အထိ တစ်ကြိမ်၊ မွန်းလွဲ (၂း၃၀)ကနေ (၄း၃၀)ထိတစ်ကြိမ် တစ်ရက်မှာ နှစ်ကြိမ် ဖွင့်လှစ်ပြီး စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဖျားရောဂါကုဆေးခန်းကို ပြီးခဲ့တဲ့ဇွန်လတစ်ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တစ်လအတွင်းလူနာ(၈၃)ဦးသာရှိတယ်လို့ သိရပါတယ်။

ပစ္စည်းကိရိယာစုံလင်စွာနဲ့ အဖျားရောဂါကိုကုသပေးနေပေမယ့်လည်း လူနာတွေက Quarantine ဝင်ခိုင်းမှာကိုစိုးရိမ်တာကတစ်ကြောင်း၊ တို့ပတ်နမူနာယူမှာကိုစိုးရိမ်နေကြတာကြောင့် ဆေးခန်းကိုလာရောက်သူနည်းနေသေးတယ်လို့ ဒေါက်တာကဆိုပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ကယားပြည်နယ်)၊ ဒေသခံပရဟိတအသင်းတွေက ပူးပေါင်းပြီး အဖျားကုရောဂါ အခမဲ့ဆေးခန်းကို စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Related Stories