spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

ကုန်ကားတွေပေါ်မှာ စစ်ယူနီဖောင်းနဲ့ လက်နက်တွေကို ဝတ်ဆင်ကိုင်ဆောင်ခြင်းကို ခွင့်မပြုကြောင်းနဲ့ အရေးယူမည်ဖြစ်ကြောင်း IEC ရဲ့ ပြည်ထဲရေးဌာနထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် မော်ချီးဒေသကို ကုန်စည်ကူးသန်းရောင်းဝယ်ပြီး ဖြတ်သန်းသွားလာနေတဲ့ ကုန်သည်ကားတွေမှာ စစ် ယူနီဖောင်းတွေ ဝတ်ဆင်တာနဲ့ လက်နက်ကိုင်ဆောင်တာတွေ ကို ခွင့်မပြုတော့ဘူးလို့ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ ကရင်နီပြည် ကြားကာအုပ်ချုပ်ရေးကောင်စီ( IEC) ရဲ့ ပြည်ထဲရေးဌာနက အမိန့်ညွန်ကြားထားပါတယ်။

ကုန်ကားတွေပေါ်လိုက်ပါသူတွေကို ယူနီဖောင်းဝတ်ဆင်ခြင်း၊ သေနတ်ကိုင်ဆောင်ခြင်းတွေ မလုပ်ဆောင်ဖို့နဲ့ သတ်မှတ်ထားတဲ့ လမ်ကြောင်းအတိုင်းသာ သွားလာကြဖို့ ညွန်ကြားထားတာဖြစ်ပါတယ်။

အခုလို အမိန့်ညွန်ကြားစာထုတ်ပြန်လိုက်တာဟာ ပြည်သူတွေအတွက် ကောင်းတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သူ့ရဲ့အမြင်ကိုအခုလိုပြောလာပါတယ်။

“ဒီ ဒီးမော့ဆို နဲ့မော်ချီးလမ်း ကို သွားလာဖို့ပေါ့နော်။ လက်နက်ကိုင်ပြီး မသွားလာဖို့ ညွန်ကြားလိုက်တာက အရမ်းကောင်းတယ်ပေါ့နော်။ ကောင်းတယ်လို့မြင်တာပေါ့နော်။ ဘာလို့လဲဆိုရင် လမ်းမှာသွားလာရတာက လက်နက်ကိုင်ပြီး သွားလာရတာနဲ့ သာမန်ပြည်သူ ရိုးရိုးသွားလာရတာက မတူဘူးပေါ့နော်။”လို့ မော်ချီးဒေသကို အသွားအလာရှိနေသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိ မြေပြင်မှာ သွားလာတဲ့အခြေအနေမှာတော့ စစ်ဝတ်စုံနဲ့ လက်နက်ပါသူတွေဟာ သွားလာဖို့ ပိုမိုလွတ်လပ်ခွင့်ရပြီး ရိုးရိုးသာမန်ပြည်သူတစ်ဦးအနေနဲ့ သွားလာမှုမှာတော့ အစစ်အဆေး ပိုများတာကို မြင်တွေ့နေရတယ်လို့ အဆိုပါ အမျိုးသားက ဖြည့်စွက်ပြောဆိုထားပါတယ်။

“အခုလိုအမိန့်မညွန်ကြားခင်မှာတော့ ပြည်သူအတွက်တော့ တရားမမျှတဘူးလို့မြင်တာပေါ့နော်။ ဥပမာ အရင်တလော လမ်းပိတ်တဲ့အချိန်မှာ ရဲဘော်ဝတ်စုံနဲ့ ရဲ‌ဘော်တွေက သွားလာလို့ရတယ်။ ပြည်သူတွေက နားရတယ်အဲ့လိုတော့ မြင်တွေ့ရတာရှိတာပေါ့နော်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ယူနီဖောင်း ဝတ်ဆင်တာနဲ့ လက်နက်ကိုင်ဆောင်တာတွေ ခွင့်မပြုကြောင်း
အမိန့်ညွန်ကြားစာထုတ်ပြန်တာဟာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ နဲ့ တပ်ပေါင်းစုံအဖွဲ့တွေ တွေ့ဆုံ ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ထုတ်ပြန်သတ်မှတ်ထားတဲ့ စည်းကမ်းလိုက်နာ ခြင်းမရှိသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း IEC က အသိပေးအကြောင်းကြားထားပါတယ်။

spot_img
spot_img
spot_img

Recent posts