spot_imgspot_imgspot_imgspot_img
Monday, December 2, 2024
spot_imgspot_imgspot_imgspot_img

ကုန်စည်စီးဆင်းမှု ခက်ခဲနေတဲ့ လွိုင်ကော်မြို့ထဲမှာ ကုန်စျေးနှုန်းတွေ အဆမတန် မြှင့်တက်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ်မှာ ကုန်စည် စီးဆင်းမှု ခက်ခဲနေတာကြောင့် ကုန်စျေးနှုန်းတွေ သာမာန်အခြေအနေတွေထက် အဆမတန် မြှင့်တက်လာတယ်လို့ လွိုင်ကော်ဒေသခံတွေက ပြောပါတယ်။

လွိုင်ကော်မြို့အဝင်ကို ကုန်စည်စီးဆင်းမှု ခက်ခဲသလို တိုက်ရိုက်တင်သွင်းလို့ မရတာကြောင့် ကုန်စျေးနှုန်းမြှင့်တက်တာဖြစ်တယ်လို့ လွိုင်ကော်ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဒီးမော့ဆိုဖက် စျေးတွေတော့မသိပေမယ့် လွိုင်ကော် ထဲဝင်တဲ့ ကုန်ပစ္စည်းတွေ ရှမ်းပြည်၊ ဗမာပြည်ဖက်ကနေ ဒီးမော့ဆိုဖက် တဆင့်ကနေ ပြန်ဝင်ရတော့ ကုန်စည်စီးဆင်းမူတွေက မော်ချီးစျေးတွေလို ဖြစ်ကုန်တယ်။ ခုလက်ရှိအခြေအနေတွေပါ အခုဆို တိုက်ပွဲ ပြန်ဖြစ်တော့ ပြောပြတဲ့အခြေအနေထက် ကုန်စျေးနှန်းတွေ ပိုတက်နိုင်တယ် ကုန်စည်စီးဆင်းမှုပါ ရပ်သွားနိုင်တယ်”လို့ လွိုင်ကော် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

၁ လေးလုံး စစ်ဆင်ရေးစတင်ပြီး ၇ လ ကြာတဲ့အထိ လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ စစ်ဘေးရှောင်ကြတဲ့ လွိုင်ကော်ဒေသခံတွေဟာ တိုက်ပွဲအဖြစ်နည်းတဲ့ ကျေးရွာ၊ ရပ်ကွက်တွေမှာ ပြန်လည်နေထိုင်ကြတာ ရှိပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ ပြီးခဲ့တဲ့ ရက်တွေက ခရမ်းချဥ်သီး ၁ပိဿာ ၆၀၀၀ကျပ်၊ ဆီ ၁ပိဿာ ၁၄၀၀၀ ကျပ်၊ ဆန် ၁ပြည် ၈၀၀၀ ကျပ်၊ ကြပ်သွန်နီ ၁ ပိဿာ ၄၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၁ပိဿာ ၈၀၀၀ ကျပ်၊ဓါတ်ဆီ ၁လီတာ ၅၀၀၀ ကျပ်အထိ ရှိပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ဒီထက်မက ထပ်မြှင့်တက်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

လွိုင်ကော်မြို့နဲ့ မိုင် ၂၀ သာဝေးတဲ့ ဒီးမော့ဆိုမြို့မှာတော့ ခရမ်းချဥ်သီး တစ်ပိဿာစျေးကို ၃၀၀၀ ကျော်အထိသာ ရှိနေပါတယ်။ တောင်ကြီးရောက် လွိုင်ကော် ဒေသခံအမျိုးသားတစ်ဦးကတော့ လက်ရှိအချိန်အထိ နေရပ် ပြန်လည်မနေထိုင်တာဟာ လုံခြုံရေး နဲ့ ငွေကြေးအခြေအနေကြောင့်လို့ ပြောပါတယ်။

“အဓိက ကတော့လုံခြုံရေးပေါ့ ။ နောက်ပြီး ငွေးကြေးကြောင့်လို့ပဲပြောလည်း မမှားပါဘူး။ ခုက ပြန်တော့ ပြန်ချင်တာပေါ့။ ပြန်လို့ရှိရင် ပြန်မပြေးရ‌တော့ဘူးလို့ မပြောနိုင်ဘူးလေနော်။ အဲ့တာကြောင့်လည်းပါတယ်။ ထပ်ပြေးရင် ဒီမှာပဲနေတာထက်စာရင် ပိုကုန်နိုင်တယ်လေ။ ဒီမှာပဲ နေရင် ကုန်တော့ကုန်တာပေါ့။ ဟိုရွှေ့သည်ရွှေ့ထက် ပိုသက်သာတာပေါ့။”လို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီကတော့ လွိုင်ကော်မြို့မှာ အုပ်ချုပ်ရေးယန္တာရားတွေကို ပြန်လည်ပတ်နိုင်ဖို့အတွက် ကြိုးစားနေပြီး နေရပ်ပြန်လည်နေထိုင်သူတချို့ကို ဆန်၊ ဆီ၊ ဆား အပြင် ထောက်ပံ့ငွေပေးတာ ရှိနေပါတယ်။ ဒီလို အထောက်အပံ့တွေဟာ လွိုင်ကော်မှာနေထိုင်တဲ့သူအားလုံး ရရှိတာမဟုတ်ဘဲ စစ်ကောင်စီနဲ့ နီးစပ်တဲ့သူတွေသာ ရရှိတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts