spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

ကျန်းမာရေးဝန်ဆောင်မှု ရက်ပေါင်း (၉၀) ဆိုင်းငံ့ခံရမှုအပေါ် ဒုက္ခသည်လူထုတွေရဲ့ စိုးရိမ်ပူပန်မှု

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အမေရိကန်အစိုးရဲ့ ဒုက္ခသည်တွေကို အကူအညီပေးတဲ့ အသုံးစရိတ်စရိတ်တွေကို ရက်ပေါင်း ( ၉၀ ) ဆိုင်းငံ့လိုက်ပြီးနောက်မှာ ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ (IRC)လက်အောက်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားပါတယ်။ ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွေက ဆေးခန်း ၊ ဆေးရုံတွေကို ပိတ်ထားရပြီး ဆေးအသုံးအဆောင်ပစ္စည်းတွေကို ရက်ပေါင်း ၉၀ အသုံးပြုခွင့်မရှိတော့ပါဘူး။

စခန်းနေပြည်သူတွေဟာ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဒုက္ခသည်စခန်း ဆေးပေးခန်းကနေ အဓိက ရယူနေတာဖြစ်ပြီး သက်ကြီးရွယ်အိုတွေ နာတာရှည်ရောဂါသည်တွေ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိန်ခေါ်မှု ၊ အခက်အခဲဖြစ်စေတယ်လို့ ပြောဆိုကြပါတယ်။ ရက်ပေါင်း (၉၀) ဆိုင်းငံ့ပြီးတဲ့နောက် လတ်တလော ကရင်နီဒုက္ခသည်စခန်း ( ၁ ) က လူထုတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အခက်အခဲ၊ စိုးရိမ်ပူပန်မှု စကားသံတွေ ဖော်ပြလိုက်ပါတယ်။

မော်လီမယ်

မော်လီမယ်

“ အရမ်းစိုးရိမ်တယ်ပေါ့နော် ဘာကြောင့်လဲဆိုတော့ အကယ်၍ ကျမတို့ ဖျားနာခဲ့ရင် ကျမတို့အတွက် အရမ်းခက်ခဲတာပေါ့။ ကျမတစ်ယောက်တည်း အတွက်မဟုတ်ဘူးပေါ့နော် နာတာရှည်ရှိတဲ့ သက်ကြီးရွယ်အိုတွေရှိတယ် ကလေးတွေလဲ ရှိတယ် အဲ့လိုမျိုးပေါ့။ ဖျားနာမှုတွေက အမျိုးမျိုးရှိတာပေါ့ တစ်ယောက်နဲ့တစ်ယောက် ဖျားတာမတူကြဘူး နာတာတွေလည်းမတူညီတဲ့ခါကျတော့ ဒီစခန်းထဲမှာ နာတာရှည်တွေရှိတဲ့သူတွေလည်း များရှိတာပေါ့။ နာတာရှည်ဖြစ်တာ ဆီချိုးတွေလည်းဖြစ်တဲ့သူများတယ်။ ကျမကြားသိရတာတော့ ၃ လရပ်ဆိုင်းထားတယ်လို့ပြောတာပေါ့နော် ၃ လရပ်ဆိုင်းပြီးရင် ပြန်ကူညီမလား ဒီ ၃လ အတွင်းမှာ အခက်အခဲဘယ်လိုတွေ့မလဲဆိုတာ စိတ်မှာ တွေးနေရတာပေါ့နော။ အရမ်းစိုးရိမ်တာပေါ့နော် လူဆိုတာ ဖျားနာခြင်းတွေကို ကြိုမသိတော့ ဘယ်ချိန်ဖျားမလဲဆိုတာလဲ မသိဘူးပေါ့ ဆေးဝါးဖိုးတွေ တချို့က တတ်နိုင်တယ် တချို့က မတတ်နိုင်တာလည်းရှိတာပေါ့ အဲ့တာတွေ ကျမတို့ စခန်းအတွက် ဒုက္ခ‌ တော်တော် ရောက်နိုင်တယ်လို့ ကျမတွေးတာပေါ့နော။”

မော်တီမို

မော်တီမို
“ဆေးဝါးတွေကြောင့်ဘဲ နေကောင်းကျန်းမာတာပေါ့နော် ပျော်လည်း ဆေးဝါးကြောင့်နဲ့ပျော်နေရတာ စားသောက်ကောင်းတာလည်း ဆေးဝါးတွေကြောင့်ဖြစ်တယ်။ ပိတ်သွားတယ်ဆိုတော့ ဘယ်လိုဖြစ်လာမလဲပေါ့ ဒါတွေနဲ့ပဲ တွေးနေရတာပေါ့နော။ ခြေလက်နာ ခေါင်းကိုက်တာတွေဖြစ်ရင် ဆေးခန်းလာပြပြီး သက်သာလာတာ။ အမြဲတွေးနေရတာ ပိတ်သွားရင်လည်း ဘာသွားလုပ်ရမလဲ မသိတော့ဘူး။ ဆေးမရှိရင် မြန်မြန်သေရတော့မယ်ထင်တယ်နော် ဆေးကြောင့်နဲ့ နေကောင်းကျန်းမာကြတာပေါ့နော် ဆေးဝါးတွေ မရှိတော့ ဘယ်လို ဖြစ်မလဲမသိတော့ဘူး ခါးနာရင် ဆေးသောက်ပေးတာ သက်သာစေတာဖြစ်တာပေါ့နော။ ဆေးခန်းကိုပဲ မှိခို အားကိုးရတာပေါ့။

ဦးရယ်

ဦးရယ်

“အဲ့လိုမျိုးဆိုလို့ရှိရင် ပြောချင်တာပေါ့နော်။ ပြောရင်လဲ ထူးလား မထူဘူးလား မသိဘူးပေါ့။ တွေးတာကတော့ သက်ကြီးရွယ်အိုတွေအတွက် မသွားလာနိုင်တာ ပြီးတော့ ကိုယ်ဝန်ဆောင် မိခင်တွေအတွက် မသွားလာနိုင်တာ အရေးပေါ်ပေါ့နော် အဲ့တာတွေအတွက် ဖြစ်တယ်။ ကျနော်တို့လို သွားလာတတ်တာက ကိစ္စ မရှိဘူး ကြိုးစားနိုင်သေးတယ်။ ဒါပေမယ့် တကယ် ပိတ်သွားပြီဆိုရင် တွေးမိတာက သက်ကြီးရွယ်အို ကျနော် အဖွားလိုပေါ့နော် ပြီး ကိုယ်ဝန်ဆောင်သည်တွေပေါ့နော်။ တကယ်ပဲ ပိတ်သွားပြီဆိုရင် ကျနော်တို့ ဒုက္ခသည်မှာ တကယ်ကို ဒုက္ခရောက်မှာ။”

မော်ရယ်မယ်

မော်ရယ်မယ်
“သူများမထောက်ပံတော့ရင် အရမ်းခက်ခဲနေမယ်ပေါ့။ ထောက်ပံ့ပေးသူမရှိရင် ကျမတို့ဆိုရင် ပိုက်ဆံမရှိရင် ဆေးရုံ ၊ ဆေးခန်းသွားမယ်ဆိုရင် ခက်ခဲတယ် ကျမတို့ ပိုက်ဆံမပေးနိုင်ဘူးပေါ့။ ကျမလိုမျိုးဆိုရင် သွေးတိုးရှိတယ် ဆေးခန်းဆို အရမ်းလိုအပ်တာပေါ့နော်။ တအားနဲ့အဖျားတက်မယ်ဆိုလို့ရှိရင် ဆေးခန်း မသွားရတော့ဘူးဆိုရင် အိမ်မှာပဲ နေမယ်ဆို သေရုံပဲရှိတာပေါ့။”

spot_img
spot_img
spot_img

Recent posts