spot_img
Wednesday, August 10, 2022
spot_img

ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ ဘတ်ဂျက်မတောင်းသင့်ကြောင်း ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီဝင်တစ်ဦးအကြံပြု

spot_imgspot_imgspot_imgspot_img

ခွန်းကလိုင်းဖရီး

ဘတ်ဂျက်တွေကို တောင်းခံရာမှာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိပဲ မတောင်းသင့်ကြောင်း ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီဝင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီးက ဒုတိယအကြိမ်ကယားပြည်နယ်လွှတ်တော်ရဲ့ (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအပြီးမှာ အကြံပြုပြောဆိုလိုက်ပါတယ်။

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ (မူကြမ်း)နဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းစောင့်ကြည့်ရေးကော်မတီရဲ့ တွေ့ရှိချက် အစီရင်ခံစာအရ အခုလို ပြောဆိုလိုက်တာပါ။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ) နော်အီး

၎င်းက “သူတို့ ဒီလိုမျိုး ဘတ်ဂျက်တင်တောင်းတဲ့နေရာမှာ တချို့က နေရာလည်းမသိဘူး၊ ရည်ရွယ်ချက်လည်း မသိတော့ သူကအများအားဖြင့် တည်နေရာပြရမယ်။ ဒီနားမှာလုပ်ပါ့မယ်၊ ဒီအတွက် လုပ်ပါ့မယ်ဆိုတာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိရင်တော့ ကျနော်တို့ ပေးသင့်တယ်။ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိရင်တော့ မတင်တောင်း သင့်ဘူးပေါ့နော်။ အကျိုးအကြောင်းခိုင်လုံမှုမရှိရင် ဘတ်ဂျက်မတင်တောင်းသင့်ဘူးလို့ ကျနော် အကြံအညံ ပေးချင်ပါတယ်။”လို့ ပြောပါတယ်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ငွေလုံးငွေရင်းအသုံးစရိတ်အနေနဲ့ တန်ဖိုးနည်းအိမ်ရာ (၃၅) လုံးအတွက် စုစုပေါင်း တန်ဖိုးငွေ ၂၈၇ သန်းတောင်းခံထားပေမယ့် ခိုင်လုံတဲ့ အကြောင်းမပြချက် မတွေ့ရဖူးလို့ ဆိုပါတယ်။

ဒီပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်တီရဲ့ အစီရင်ခံစာအပေါ် တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဝေက ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဖြေရှင်း ဆွေးနွေးခဲ့ပါတယ်။

“ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီ ဆွေးနွေးတင်ပြခဲ့တဲ့ အဖွဲ့အစည်းများအတွက် ရည်ရွယ် တောင်းခံခြင်း မဟုတ်ပဲနဲ့ ပြည်နယ်မှာရှိတဲ့ ပြည်နယ်ကျောင်းများကို ရပ်ဝေးကနေ လာရောက်တာဝန်ထမ်း ဆောင်တဲ့ ဆရာ၊မတွေအတွက် နေထိုင်ရန်၊ တစ်မြို့နယ်မှာ (၅) လုံးနှုန်းနဲ့ နေအိမ်တည်ဆောက်ပေးရန် ရည် ရွယ်တောင်းခံခြင်းဖြစ်ပါတယ်။” လို့ ဗိုလ်မှူးကြီးမြင့်ဝေက ပြောပါတယ်။
အခုလို ဘတ်ဂျတ်တောင်းခံထားပေမယ့် နေရာဒေသနဲ့ မြေကွက်တိကျမှုမရှိတာ၊ မြေနေရာရှာဖွေရာမှာ သက်ဆိုင်ရာဒေသက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြိုတင်ညှိနှိုင်းမှုအားနည်းတာ၊ တန်ဖိုး နည်းအိမ်ရာတွေမှာ နေထိုင်မယ့် ဝန်ထမ်းဦးရေ အတိအကျ စီမံချက်မရှိတာ၊ လက်တွေ့အကောင်အထည် ဖော်ရာမှာ နေရာဒေသလွဲမှားစွာ တည်ဆောက်ထားတာ၊ အိမ်ရာတွေမှာ လူနေထိုင်မှုနည်းပါးတာနဲ့ မြေနေရာ လျာထားချက် မရှိတာကြောင့် လုပ်ငန်းအကောင်အထည်ဖော်ရာမှာ မြေနေရာအခက်အခဲဖြစ်ပေါ်ခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ခိုင်လုံတဲ့ အကြောင်းပြချက်မရှိပဲ ငွေအလုံးအရင်းနဲ့ တောင်းခံထားတာကို ပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေး ကော်မတီက ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဘတ်ဂျက်ဖြတ် တောက်ဖို့ ပြောဆိုခဲ့ပေမယ့်လည်း ဝန်ထမ်းအိမ်ရာအတွက် အမှန်တကယ်လိုအပ်ချက်ရှိနေတာကြောင့် ပြည်လည်သဘောတူ ထောက်ခံခဲ့ တယ်လို့ ဆိုပါတယ်။

အဆိုပါ တန်ဖိုးနည်း အိမ်ရာ (၃၅) လုံးကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကယားပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်မှာ တစ်မြို့နယ်ကို ဝန်ထမ်းအိမ်ရာ (၅) လုံးစီ ဆောက်လုပ်အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

Related Stories