spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

ငလျှင်ကူညီကယ်ဆယ်ရေးအကြောင်းပြပြီး အပစ်ခတ်ရပ်စဲရေးကြေငြာထားတာဟာ နိုင်ငံတကာ အမြင်လှအောင်သာဖြစ်တယ်လို့ဆို

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ဧပြီလ ၂ ရက်နေ့ကစပြီး ငလျှင်ဘေးကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အပစ်ခတ်ရပ်စဲရေး ၂ လတာကြေငြာထားတဲ့ စစ်ကောင်စီဟာ လက်တွေ့မြေပြင်မှာ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာ ပြုလုပ်နေဆဲဖြစ်တာကြောင့် သူတို့ရဲ့ အပစ်ခတ်ရပ်စဲရေး ကြေငြာချက်ဟာ နိုင်ငံတကာအမြင်လှအောင် ကြေညာတာဖြစ်တယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

“ဘာဖြစ်လို့အဲလိုပြောလဲဆိုတော့ ထိုးစစ်တွေတစ်ချိန်မှ သူတို့လျော့တာမဟုတ်ဘူး။ မိုးဗြဲ ဆိုတစ်ခါမှ ရပ်တာမရှိဘူး။ ထိုးစစ်လို့ပြောတဲ့နေရာမှာ လူအင်အားနဲ့ ထိုးတာရှိသလို လက်နက်ခဲယမ်းတွေနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာရှိသလို လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ အဲဒီဟာက ဒီကာလမှာ လုံးဝလျော့မသွားဘူး ပေါ့နော” လို့ ဦးဗညားက ပြောပါတယ်။

ဒီအပစ်ရပ် ကြေညာမှုက humanitarian cease-fire (လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲ‌ရေး) လို့ခေါ်ဆိုနိုင်ပေမဲ့ စစ်ကောင်စီတပ် ကိုယ်တိုင်က လိုက်နာခြင်းမရှိဘူးလို့ ဦးဗညားကပြောပါတယ်။

“ကျနော်တို့ဖက်ကရောရှိလားဆို အနည်းနဲ့အများတော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဧရိယာမှာကြည့်မယ်ဆိုရင် ကျနော်တို့ ဧရိယာက အစကတည်းက Humanitarian cease-fire ကိုတကူးတကကြေညာခဲ့တဲ့ ပြည်နယ်လည်း မဟုတ်ဘူးပေါ့နော” လို့ ဦးဗညားက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျောင်းသား ၂၂ ဦးနဲ့ ကျောင်းဆရာမနှစ်ဦး သေဆုံးခဲ့ရပါတယ်။
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာလည်း အပစ်ရပ်ကြေညာတဲ့ကာလမှာ တိုက်ပွဲဆက်တိုက် ဖြစ်ပွားနေခဲ့တာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ မေလ တစ်လထဲမှာတင် ကရင်နီပြည် မော်ချီးဒေသကို ၅ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား ကိုးဦးထက်မနည်း သေဆုံးခဲ့ကာ အယောက် ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“ဒါကလူသားမဆန်ဘူး။ လူသားမဆန်ဘူးလို့ ကျမတို့ကသိကြတယ်။ သိကြတဲ့အပေါ်မှာ ကျမတို့ ပြည်သူတွေအနေနဲ့က ဘာမှမလုပ်နိုင်ဘူး။ ဒါကို ဝမ်းနည်းတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်”လို့ ဒီးမော့ဆို ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့ကနေ ၂၂ရက်နေ့ အထိရက် ၂၀ ကြာအပစ်ခတ်ယူမယ်လို့ ပထမအကြိမ်ကြေညာခဲ့ပြီး တစ်ဖန် ဧပြီ ၂၂ ကနေ ၃၀ ရက်နေ့အထိ တစ်ကြိမ်၊ မေလ ၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် အပစ်ရပ် ကြေညာခဲ့တာပါ။

spot_img
spot_img

Recent posts