မင်္ဂလာပါရှင်…..
စက်တင်ဘာ လ ၂၃ ရက် တနင်္လာနေ့ ကန္တာရဝတီတိုင်းရဲ့ ရုပ်သံသတင်းအစီအစဉ်
- ဖယ်ခုံမြို့နယ်ထဲက လတိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၁ ဦးသေဆုံး
- ဘောလခဲမြို့က ရေဘေးသင့်ပြည်သူတွေကို စစ်ကောင်စီက တစ်မိသားစုကို ဆန် ၄ပြည်နှုန်းနဲ့ ကန့်သတ်ရောင်းချပေး
- လွိုင်ကော်မြို့လယ်ထိ ဘီလူးချောင်းရေ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး ရေဘေးသင့် ပြည်သူတွေ အတွက် အကူအညီတွေလိုအပ်
- ကယားလူမျိုးများကို ကိုယ်စားပြုသည့် အလံ၊ အမှတ်တံဆိပ်ကို ဖော်ဆောင်ဖို့ ပြည်သူတွေရဲ့ သဘောထား၊ ဆန္ဒကို ရယူအတည်ပြုသွားမည် စတဲ့သတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။