spot_imgspot_imgspot_imgspot_img
Wednesday, June 18, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ SSNDF / KNDF B- 103 မှ သင်တန်းသားသစ်များ ခေါ်ယူနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းတောင်နဲ့ ကရင်နီပြည်မှာ တိုက်ပွဲဝင်နေတဲ့ SSNDF / KNDF B- 103 တပ်ရင်းဟာ သင်တန်းသား သစ်များ အယောက် (၁၀၀) ခေါ်ယူဖို့ ရှိနေပြီး ခေါ်ယူမယ့် ရက်ကိုတော့ ရက် အကန့်အသက် သတ်မှတ်ထားခြင်း မရှိသလို သင်တန်း အချိန်ကာလအတိအကျကို လည်း သတ်မှတ်ထားလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။

အခုလို တပ်သားသစ်တွေ ခေါ်ယူရခြင်းရဲ့ အကြောင်းအရင်းဟာ စစ်ကောင်စီကို အမြန်ဆုံး တိုက်ထုတ်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ရှမ်းတောင် နဲ့ ကရင်နီ နယ်မြေ‌တကြောက စစ်ကောင်စီ တပ်တွေကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန် ပြင်ဆင်တဲ့ အနေနဲ့ အခုလို သင်တန်းသား အသစ်ကို ခေါ်ယူတာ ဖြစ်ပါတယ်”လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သင်တန်းသား ခေါ်ယူတဲ့ နေရာမှာ အဆင့်နှစ်ဆင့် သတ်မှတ်ထားပြီး ပထမ အဆင့်မှာတော့

အသက် ၁၈နှစ် ပြည့်ပြီးသူ၊ ကျန်မာရေးကောင်းမွန်သူ တာဝန်နဲ့ အမိန့်ကို တိကျစွာလိုက်နာနိုင်သူ၊ တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ ရာဇဝတ်မှုကင်းရှင်းသူ စတဲ့ အချက်တွေနဲ့ ပြည်မီရမှာဖြစ်ပါတယ်။

ဒုတိယအဆင့်မှာတော့ သတ်မှတ် အရည်အချင်းနဲ့ ပြည့်မီသူတွေကို လူကိုယ်တိုင် တွေ့ပြီး စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ခေတ်ပျက်ကြီးကို အမြန်ဆုံး ပြုပြင်နိုင်ဖို့ ကျွန်တော်တို့ တစ်တဦးတစ်ယောက်တည်းနဲ့ လုပ်‌ ဆောင်လို့မရပါဘူး။ အဘက်ဘက်က ပြည်သူလူထုရဲ့ ပါဝင်မှုအားနဲ့ စည်းစည်းလုံးလုံး ပြုပြင်မှသာ အမြန်ဆုံး အောင်မြင်မှာ ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်ရာတာဝန်ထမ်းဆောင်ပြီး ဒီအရွေ့တစ်ခုအတွက် ပါဝင်ပေးကြဖို့ ပြောချင်ပါတယ်။” လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

SSNDF ဟာ ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစု SSLRU၊ ရှမ်းတောင်ဒေသခံကာကွယ်ရေးတပ် အမှတ် ၁၀၀၅ ၊ အမှတ် ၁၀၀၈ ၊ SODF တို့နဲ့ စုဖွဲ့ထားတာဖြစ်ပါတယ်။ ရှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF အမည်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာအမှတ် (၉) မှာ SSNDF/KNDF B – 101, B – 102, B – 103 နှင့် Drone အဖွဲ့များအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ စစ်ရေးအမိန့်အောက်မှာ ဆက်လက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေနဲ့ SSNDF / KNDF B- 103 ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/profile.php?id=61573656565618 သို့ ဆက်သွယ်နိုင်တယ်လို့ တာဝန်ရှိသူက အသိပေးထားပါတယ်။

spot_img
spot_img

Recent posts