spot_imgspot_imgspot_imgspot_img
Sunday, May 18, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်မှ ထေးငှားလျားအုပ်စုအတွင်းရှိ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးကိုဖမ်ဆီးခေါ်ဆောင်သွား

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကျေးရွာထဲ ဝင်ရောက်စစ်ဆေးပြီး အသက်မပြည့်သေးတဲ့ (၁၇) နှစ်ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ ယောကျာ်းလေးတစ်ယောက်ကို မျက်နှာဖုံးစွပ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“သူတို့ ဘယ်ကို ဖမ်းသွားလည်းတော့ မသိဘူး။ စုံစမ်းလို့လည်း မရဘူးလို့ “လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူမှာ သူငယ်ချင်းအိမ် အိပ်ဖို့သွားတာဖြစ်ပြီး နေအိမ်ကို ပြန်မရောက်လာတဲ့အတွက် စုံစမ်းရာကနေ ဖမ်းဆီးခံရကြောင်း သိရှိရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ယနေ့အချိန်ထိ ဘယ်ကို ဖမ်းခေါ်သွားတာကိုတော့ မသိရှိရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

“သူ့သူငယ်ချင်းအိမ်မာ သွားအိပ်မယ်ဆိုပြီးသွားတာ။ မနက်ကျတော့ ပြန်မရောက်ဘူး။ ညပိုင်းလောက်မှ ဖမ်းခေါ်သွားတယ်ဆိုတဲ့ အကြောင်း သိရတယ်။ ခုချိန်ထိတော့ ဆက်သွယ်မရသေးဘူး”လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့အနီးရှိ ကျေးရွာတွေထဲကို လက်နက်တွေနဲ့ ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေသလို မြောင်းတွေထဲမှာ ဝပ်နေတာတွေ ပြုလုပ်တဲ့အတွက် မှိုင်းတွေထောင်ထားမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ် ဇွန်လ အတွင်း ကရင်နီပြည်အတွင်း ဖမ်းဆီးခံရသူ ၂၅၃ ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဇွန်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img