spot_imgspot_imgspot_imgspot_img
Wednesday, September 11, 2024
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လေယာဉ်ပျံဝဲမှုအပေါ် တိုက်ပွဲနယ်မြေအနီးမှာရှိနေကြတဲ့ ကျောင်းဆရာ/ ဆရာမ ၊ ကျောင်းသားမိဘတို့ရဲ့ စကားသံများ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့နယ်မှာ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ဖြတ်သန်းပျံဝဲမှုတွေရှိနေတာကြောင့် စာသင်ကျောင်းတွေကို မကြာခဏ ပိတ်ထားရပါတယ်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ ယခုနှစ်အတွင်း မကြာခဏဆိုသလို လေယာဉ်နဲ့ လာရောက်ဗုံးကြဲ ခဲ့တာကြောင့် လေယာဉ်သံ ကြားတာနဲ့ ကျောင်းသားမိဘ ၊ ကျောင်းသား ၊ ကျောင်းဆရာမတွေဟာ စာသင်ကျောင်းကို ဗုံးကြဲမှုဖြစ်စဉ် ဖြစ်ပွားမှာ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

စာသင်ကျောင်းတွေမှာ ယခုပညာသင်နှစ်အတွက် စာသင်ကြားနေပေမယ့် စစ်ကောင်စီရဲ့ လေယာဉ်သံ ကြားရင် စိုးရိမ်ပူပန်နေရတဲ့ ကျောင်းဆရာမ ၊ ကျောင်းသားမိဘ တချို့ရဲ့ စကားသံတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်အေးမရန်း ( ကျောင်းသားမိဘတစ်ဦး)

ဒေါ်အေးမရန်း ( ကျောင်းသားမိဘတစ်ဦး)

ကျမတစ်ယောက်အနေနဲ့ လေယာဉ်ခနခဏ လာဝဲတော့စိတ်ပူမိတယ်။ လာတော့ ဆရာမတွေလည်း ကျောင်းတွေကို ခေတ္တခန ပိတ်ထားလိုက်ရတဲ့အတွက် ကလေးရဲ့ပညာရေးကို နှောင့်နှေးစေနိုင်တယ်လေ။ ကျမတို့ဖြစ်စေချင်တာက လေယာဉ်ခနခဏ မလာဝဲဖို့နဲ့ ကလေးရဲ့ပညာရေးကို စိတ်ချလက်ချသင်ယူစေချင်ပါတယ်။

ဦးမာတီးယာ (ကျောင်းဆရာတစ်ဦး)

ဦးမာတီးယာ (ကျောင်းဆရာတစ်ဦး)

အရေးပေါ် ကျောင်းပိတ်ရတာပေါ့။ အဲ့လိုမျိုးအခြေနေမှာဆိုရင်တော့ ကလေးတွေပညာရေးလည်း ထိခိုက်တယ် ကလေးတွေရဲ့စိတ်ကျန်းမာရေးလည်း ထိခိုက်တာပေါ့နော။ ဒီလိုမျိုး ဆက်ပျံဝဲလည်း စိုးရိမ်နေရအုံးမှာပဲပေါ့နော။

ဒေါ်မားပါ ( ကျောင်းသားမိဘတစ်ဦး )

ဒေါ်မားပါ ( ကျောင်းသားမိဘတစ်ဦး )

ကျနော်တို့ပီကင်းမှာ ၄လလောက်ရှိပြီထင်တယ် အဲ့တုန်းကလည်း တခါ လေယာဉ်ဗုံးကြဲတော့ မိဘတယောက်အနေနဲ့ ပညာရေးအပေါ် တော်တော်လေးကို စိုးရိမ်မိသွားတယ်။ သူတို့က (စစ်ကောင်စီ) ကျောင်းမို့လို့ ငါတို့မတိုက်ခိုက်ဘူးလို့ အဲ့လိုမျိုး ရှောင်ရှားတဲ့လူတွေလည်း မဟုတ်တော့ တော်တော်လေးစိုးရိမ်သွားတယ်။ စိုးရိမ်လို့ပဲ ကျနော့်သမီး ဆိုလို့ရှိရင် KG တက်ရမှာကို ကျောင်းတောင်မထားရဲတော့ဘူး Home School လုပ်ပေးရတဲ့ အခြေအနေဖြစ်သွားတယ်။ ဒီကြားထဲမှာလည်း မိုးတွေတောက်လျှောက်ရွာတယ် မိုးရွာလိုက်တာ ၃ လလောက်ကြာသွားတယ်။ ဒီကြားထဲမှာ လေယာဉ်သံက တော်တော်တိတ်ဆိတ်သွားတယ်ဆိုပေမယ့်လည်း ဒီတစ်ပတ်ထဲမှာ နေသာလာတာ ၃ရက်လောက်ရှိတယ်။ အဲ့ကြားထဲမှာ ပြန်လာတယ်ပေါ့နော။ ရုတ်တရက် ဆရာမတွေကလည်း လေယာဉ်သံကြားရင် ကျောင်းပိတ်ရတဲ့အခြေအနေဖြစ်လာတယ်။ ကြိုတင်ပြင်ဆင်မှုဘားမှ လုပ်လို့မရတဲ့အခြေနေမို့ ကလေးတွေအပေါ် ပိုပြီး စိုးရိမ်တယ်။ လာမယ့် နှစ်လ ၊ သုံးလ လောက်ဆိုရင် မိုးကုန်ပြီ မိုးကုန်ပြီဆိုရင် ရာသီနည်းနည်းပွင့်လင်းလာပြီဆိုရင် သူတို့က (စစ်ကောင်စီ) က လာအုံးမှာပဲ။ တော်တော်လေးကို စိုးရိမ်တယ်ပေါ့ အဲ့အပေါ်မှာ။

ဒေါ်အားကိုသ (ကျောင်းဆရာမတစ်ဦး)

ဒေါ်အားကိုသ (ကျောင်းဆရာမတစ်ဦး)

အခုတလော တိုက်ပွဲလည်းဖြစ်နေတယ် တိုက်ပွဲလည်းပြင်းထန်နေတော့ လေယာဉ်လည်းခနခဏ ဝဲတာပေါ့။ ကျမတို့ဒေသဖက်မှာလည်း ကြဲ ဖူးတယ်ဆိုတော့ ကျောင်းနေတဲ့ကျမတို့ကလေးတွေအတွက် စိုးရိမ်မှုတွေအများကြီးဖြစ်သွားတာပေါ့နော။ ကျောင်းဖွင့်နေတဲ့အချိန် လေယာဉ်ဝဲလာရင်လည်း ကြောက်လှန့်တယ် ထိတ်လှန့်တယ်ပေါ့နော။ တခါတလေ ဝဲတဲ့အချိန်လည်း ကျောင်းတွေပိတ်လိုက်ရတာရှိတယ်ပေါ့။ ကလေးရဲ့ ပညာရေးအပေါ်မှာလည်း အများကြီး နောက်ကျ ကြန့်ကြာမှုတွေ ဖြစ်သွားခဲ့တယ်ပေါ့နော။

ဒေါ်မူမိုင် (ကျောင်းဆရာမတစ်ဦး)

ဒေါ်မူမိုင် (ကျောင်းဆရာမတစ်ဦး)

ကျမတို့ကျောင်းမှာတော့ ထိခိုက်တာမရှိသေးဘူး။ ဒါပေမယ့် လေယာဉ်လာတဲ့အချိန်ဆို အများကြီး စိုးရိမ်ရတယ်။ ကျောင်းသားမိဘတွေကလည်း သားသမီးပညာရေးအတွက်ဆိုပြီးတော့မှ ကျောင်းလာထားတယ်ပေါ့နော။ စစ်ရှောင်ဆိုတော့လည်း ကျောင်းတွေမရှိတော့ဘူးပေါ့နော ရပ်ရွာနေဖို့အိမ်တွေလည်း မရှိဘူးပေါ့နော။ အဲ့မှာဆိုရင်လည်း ကလေးပညာရေးအတွက် စိတ်အေးရမလားဆိုပြီး လာထားတဲ့အချိန်မှာ သူတို့လည်း (ကျောင်းသားမိဘ) စိတ်မအေးရပြန်ဘူးပေါ့နော။ ဘာဖြစ်လို့လဲဆိုရင် စာသင်နေတဲ့အခိုက်အတန့်မှာ လေယာဉ်ဝဲတဲ့အချိန်ဆို ကလေးတွေလည်း မနေနိုင်ဘူး။ မိဘတွေလည်း စိတ်မအေးရတော့ ကလေးတွေကိုပြန်လာခေါ်တယ် ကလေးတွေက ပြန်သွားကြတယ်ပေါ့နော။ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆိုရင် စိတ်အေးရမလားဆိုတဲ့ ပညာရေးတခုကို အေးအေးလူလူနဲ့မသင်ရတော့ဘဲနဲ့ စိတ်အရမ်းထိခိုက်ရတဲ့ ပညာရေးလည်းထိခိုက်ရတဲ့ အခြေအနေတခုကို ရောက်နေပါတယ်။

ကျောင်းသားမိဘတစ်ဦး

ကျောင်းသားမိဘတစ်ဦး

ကျောင်းသားတွေအတွက်လည်း အခက်အခဲရှိသလို ဆရာ၊ ဆရာမတွေအတွက်လည်း အခက်ခဲရှိတယ်။ တအားဝဲရင်တော့ ပိတ်သင့်ရင်လည်း ပိတ်ပေးရမှာပဲ။ တကယ်လို့ လေယာဉ်က ဝေးဝေးတခေါက်မှဝဲရင်တော့ ကျောင်းမပိတ်တာပဲကောင်းပါတယ်။ ကလေးတွေလည်းစာပိုရတယ် အိမ်မှာနေမယ်ဆိုလို့ရှိရင် ကလေးတွေက စာလည်းမရ စာလည်းမကျက်ဘူးဆို လေလွှင့်တာပိုများမှာပေါ့နော ကျမတစ်ယောက်အမြင်ပေါ့နော။

ကျောင်းသားမိဘတစ်ဦး

ကျောင်းသားမိဘတစ်ဦး

လေယာဉ်ဝဲပြီဆိုရင် စိုးရိမ်ရတာပေါ့။ ကိုယ့်ကလေးက ကျောင်းမှာဆို လေယာဉ်ဝဲပြီဆိုရင် စိုးရိမ်ရတာပေါ့နော။ လေယာဉ်ဝဲပြီဆိုရင် ကလေးက စိတ်ထိခိုက်မှုပိုများမယ်ထင်တယ် စိတ်ဒဏ်ရာပေါ့နော။ ဆရာမတွေလည်း စိတ်ဖိစီးမှုတွေများမယ်။ လေယာဉ်ဝဲတိုင်းလည်း ကျောင်းပိတ်မယ်ဆိုရင်လည်း ကလေးပညာရေးထိခိုက်တာပေါ့နော ပညာရေးလည်းနောက်ကျမယ် ကလေးတွေလည်း စိတ်လေလွှင့်မယ် ကျောင်းမတက်ရရင်တော့။ ကျောင်းမတက်ရရင်တော့ ပညာရေးမှာလည်း စိတ်လည်းလေမှာပေါ့။ လေယာဉ်ဝဲတဲ့ချိန် ခနတဖြုတ်ပဲဆိုရင်တော့ ကိစ္စမရှိဘူးပေါ့နော။ အကြာကြီးဝဲရင်တော့ ပိတ်ရင်လည်းပိတ်ရမှာပဲပေါ့။ အခြေအနေ ၊ အချိန်အခါကြည့်ပြီးတော့ ဖွင့်ရင်တော့ ပိုကောင်းမယ်ထင်တယ်။

spot_img
spot_img

Recent posts