စစ်ကောင်စီအုပ်စုမှ ပြည်သူအချို့ကို ကျည်အစစ်နဲ့ပစ်ခတ်တာကြောင့် သေဆုံးမှု၊ ဒဏ်ရာရသူရှိ

0
2498

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ် ဒေါငံခါးလမ်းခွမှာ ဆိုင်ကယ်မောင်းနှင်လာသူနှစ်ဦးကို စစ်ကောင်စီအုပ်စုမှ ရပ်တန့်ရန်ပြောဆိုရာ မရပ်ဘဲမောင်းပြေးတဲ့အတွက် သေနတ်နဲ့ပစ်ရာမှ တစ်ဦးသေဆုံးသွားတယ်လို့ တိကျတဲ့သတင်းရင်းမြစ်တစ်ဦးထံကနေ သိရပါတယ်။

ဒါ့အပြင် ခရီးသွား ကားယာဥ်မောင်းတစ်ဦးကိုလည်း စစ်ကောင်စီအုပ်စုမှပတ်ခတ်ခဲ့တဲ့အတွက် လက်မောင်းမှာ သေနတ်ဒဏ်ရာ ရရှိခဲ့တာကြောင့် ဆေးကုသမှုတွေပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီမနက် ၉နာရီကျော်မှာ စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိပ်တိုက် ပတ်ခတ်မှုရှိခဲ့ပေမယ့် လက်ရှိအချိန်ထိ နှစ်ဖက် ထိခိုက်မှုကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဒီမနက် နှစ်ဖက် ပတ်ခတ်မှုအပြီး ဒီမော့ဆိုမြို့နယ် ရပ်ကွက်တွေမှာ စစ်ကောင်စီအုပ်စုမှ အင်အားအများအပြားနဲ့ စစ်ဆေးမှု၊ ရှာဖွေမှုတွေပြုလုပ်ခဲ့သလို မေအိမ်ထိဝင်ရောက်ရှာဖွေမှုကြောင့် ဒေါငံခါးရပ်ကွက်က ပြည်သူ ၄ဦး ဖမ်းဆီးခံရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုထားပါတယ်။

မြို့ပေါ်ရှိရပ်ကွက်မှာ နေထိုင်တဲ့ ပြည်သူအချို့က ပစ်ခတ်မှုရန်ကနေ ရှောင်ရှားဖို့အတွက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒီကနေ့ မေလ ၂၁ရက်နေ့ ဒီမော့ဆိုမြို့မှာ စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိပ်တိုက်တွေ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်ကနေ လက်နက်ကြီး၊ စနိုက်ပါ တွေနဲ့ပစ်ခတ်မှုရှိတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

နေ့လည် ၁၂နာရီကျော်မှာ နှစ်ဖက် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားနေပါတယ်။