spot_imgspot_imgspot_imgspot_img
Tuesday, January 21, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပွဲမှာ ပြည်သူတွေကို အတင်းပါဝင်ခိုင်းနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) အထိမ်းအမှတ်အတွက် ပွဲကျင်းပပြီး ပြည်သူတွေကို အတင်းသွားရောက်ပါဝင်ခိုင်းကာ ဆိုင်ရောင်းတဲ့ ပြည်သူတွေကိုလည်း ပွဲခင်းထဲဈေးဆိုင်ခန်းဖွင့်ပြီး ပါဝင်ခိုင်းနေတာကြောင့် ဆိုင်ရှင်တချို့ဟာ ပုံမှန်ရက်ထက် ရောင်းအားပိုနည်းလာတယ်လို့ တောင်ကြီးရောက် စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ကစပြီး ဇန်နဝါရီလ ၅ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ ‌တောင်ကြီးရောက် လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“တောင်ကြီး မီးပုံးပျံကွင်းမှာ လွတ်လပ်ရေးနေ့အတွက် ၂၉ ရက်ကနေ ၅ ရက်နေ့အထိ စည်ကားစွာကျင်းပမယ် ဆိုပြီးတော့မှ တောင်ကြီးက ညစျေးတန်းက ဆိုင်တွေကို မီးပုံးပျံကွင်းထဲကို အတင်းအဓမ္မ လာရောင်းခိုင်းတယ်။ အဲ့ဒါ အခု ပွဲစနေပြီပေါ့နော်။ “လို့ ‌တောင်ကြီးရောက် လွိုင်ကော်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပွဲစတင်တဲ့နေ့မှာတော့ ပွဲခင်းထဲလာရောက်လည်ပတ်သူ မရှိတဲ့အတွက် ပွဲစည်ကားမှု မရှိသေးတာကြောင့် ပုံမှန်ထက် ရောင်းအားလျော့နည်းတယ်လို့ ဈေးသည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“လွတ်လပ်ရေးနေ့ရောက်ရင်တော့ ပွဲအခြေအနေကတော့ မသိဘူး။ လူပိုများလာမယ်ဆို တမျိုးပေါ့။ အခုက ပွဲကြိုလုပ်တော့ အတင်းဝင်ရောင်းခိုင်းတော့ လူတွေက အဲ့လောက်မလာသေးဘူးလေ ပွဲစတဲ့ ၂၉ ရက်နေ့ကတည်းကဆို။ ၂၉ ၊၃၀၊ ၃၁ ရက်နေ့ အဲ့တာ ရောင်းရတဲ့ဟာက အပြင်မှာ ပုံမှန်ရောင်းနေတဲ့ဟာထက် တအားရောင်းအားက နည်းတာ။ “လို့ သူက ပြောပါတယ်။

ပွဲစည်ကားဖို့အတွက် တောင်ကြီးအမှတ်(၅) ညစျေးထဲက ဆိုင်ခန်းတွေကို ပွဲကျင်းပတဲ့ မီးပုံးပျံကွင်းထဲ ဝင်ရောင်းခိုင်းတာဖြစ်ပြီး ဆိုင်နေရာခ ပေးစရာမလိုဘဲ မီးခနဲ့ အမှိုက်ခွန်ခသာ ပေးဆောင်ဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။

လွတ်လပ်ရေးနေ့အတွက် ရည်ရွယ်ပြီး ကျင်းပတဲ့ ပွဲကို လူအင်အားများများနဲ့ စည်ကားစွာ ကျင်းပဖို့အတွက် စစ်ကောင်စီက ပြည်သူတွေကို ပါဝင်ဆင်နွဲဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts