spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ မတ်လ ၁၈ရက်နေ့မှာ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ရှမ်း-ကရင်နီနယ်စပ်က ဖယ်ခုံမြို့နယ်အတွင်း နဲ့ မတ်လ ၁၄ ရက်နေ့မှာတော့ လွိုင်ကော်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

” ၁၄ ရက်နေ့က လက်နက်ကြီးကျသေးတယ်လေ။ အဲ့ချိန်တုန်းက အဲ့ဖက် အနီးရွာရောက်နေတော့ အသံကြားသေးတယ်။ အဲ့ရွာထဲမရောက်ဖြစ်‌တော့ ၂ ဦးထိသွားတယ်ကြားပေမဲ့ ထိခိုက်သူတွေရဲ့ အခြေအနေအသေးစိတ်ကိုတော့ မသိလိုက်ရဘူး။”လို့ လွိုင်ကော်မြို့က ကျေးရွာတရွာမှာ လက်နက်ကြီးကျရောက်တဲ့အခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောပြပါတယ်။

KnHRG ရဲ့ထုတ်ပြန်ချက်အရ ထိခိုက်သူ ပြည်သူ ၄ဦးအနက် အသက် ၃၇ နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၂၁ နှစ်နဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားနှစ်ဦး နဲ့ ကျန်အမျိုးသမီးရဲ့အသက်အရွယ်ကိုတော့ မသိရှိရပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ်တချို့ ပျက်စီးမှုရှိခဲ့ပါတယ်။

ယခုမတ်လအတွင်း စစ်ကောင်စီက ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော် ၊ ဖားဆောင်းမြို့နယ် နဲ့ ရှမ်း – ကရင်နီနယ်စပ်ကို လေကြောင်းတိုက်ခိုက်မှု ၊ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

spot_img
spot_img
spot_img

Recent posts