spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

စစ်ဆင်ရေးကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ KNDF တပ်ရင်း ( ၃၄ ) ထံ ခိုလှုံလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တပ်သားအဖြစ် အဓမ္မစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ စစ်ဆင်ရေးတခုကနေ ထွက်ပြေးလာပြီး လက်နက်နဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF )တပ်ရင်း ( ၃၄ ) ထံ ဝင်ရောက်ခိုလှုံလာတယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၂ ရက်နေ့မှာ KNDF က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဝင်ရောက်လာတာဖြစ်ပါတယ်။

အဆိုပါ တပ်သားတစ်ဦးဟာ လွိုင်ကော်မြို့အခြေစိုက် ခလရ (၂၆၁) တပ်ရင်းကဖြစ်ပြီး MA-11 သေနတ် (၁)လက် ၊ ခဲယမ်းမီးကျောက် တချို့ ယူဆောင်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း တပ်သားသစ်အဖြစ် အဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတစ်ဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် (၃၄) ထံ လက်နက်နဲ့ အတူ ခိုလှုံလာခဲ့တာ ရှိပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေ အနေနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွားအတွက် တာဝန်မထမ်းဆောင်ဘဲ လက်နက်ချ အလင်းဝင် ခိုလှုံလာကြဖို့ကို KNDF ဗဟိုဌာနက တိုက်တွန်းထားပါတယ်။

spot_img
spot_img
spot_img

Recent posts