စစ်ဆေးရေးဂိတ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် ကျန်းမာရေးအဖွဲ့တွေ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်

စိုးထိုက်အောင်

ကယားပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ကျန်းမာရေးဌာနကနေပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးဂိတ်တွေထားရှိပြီး အစိုးရနဲ့လဲကျန်းမာရေးကိစ္စတွေမှာပူးပေါင်းလုပ်ဆောင်ဖို့ဆွေးနွေးနေထားတာရှိတယ်လို့ CHDN အဖွဲ့ရဲ့ Deputy Director (ပရိုဂရမ်) ဦးစိုးမိုးအောင်က ပြောပါတယ်။

“ ကျတော်တို့ဒီ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ ကျတော်တို့ဒီအစိုးရနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ကျတော်တို့ဆွေးနွေးထားတာတွေရှိတယ်ပေါ့နော် အဓိကကတော့ ကျတော်တို့ဒီဒေသတွေထဲမှာကျတော်တို့အဖျားတိုင်းတဲ့ဟာတွေဒါတွေကတော့ကျတော်တို့ဂိတ်တွေဒီ ကျတော်တို့အဖွဲ့အစည်းရဲ့ဂိတ်တွေမှာကျတော်တို့ဆောင်ရွက်နေတာရှိတယ်ပေါ့။”လို့ ဦးစိုးမိုးအောင်က ပြောပါတယ်။

ကိုရိုနာဗိုင်းရက်စ် ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုတွင်ဆောင်ရွက်နေတဲ့ CHDN အဖွဲ့သားများကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- စိုးထိုက်အောင်

ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ကနေပြီး ဖွဲ့စည်းထားတဲ့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) အဖွဲ့ အနေနဲ့COVID-19 နဲ့ပတ်သတ်ပြီးတော့ ကြိုတင်ကာကွယ်ရေး၊ စောင့်ကြည့်ရေး၊ သံသရတွေကိုတွေ့ရှိခဲ့ရင်ဘယ်လိုလွှဲ ပြောင်းမှုလုပ်မှာလဲ ဆိုတဲ့ အချက်(၃)ချက်ကို အဓိကလုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။

ကျန်းမာရေးစစ်ဆေးရေး ဂိတ်(၂၉)ဂိတ်မှာတွေ့ရှိတဲ့သံသယလူတွေကို လွဲပြောင်းရေးနဲ့စနစ်နဲ့ပတ်သတ်ပြီးတော့ အောက်ခြေအဆင့်မှ မြို့နယ်အဆင့်ထိ သက်ဆိုင်ရာ အဆင့်ဆင့်ကို အစိုးရဌာနဆိုင်ရာအထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကျတော်တို့ဒီသက်ဆိုင်ရာ ဆေးခန်းတွေအလိုက်ပေါ့နော် ဒီသူ့ဧရိယာမှာရှိတဲ့ သံသယဖြစ်တဲ့လူနာတွေကို ကျတော်တို့ရှာဖွေပြီးတော့ ဖော်ထုတ်တဲ့ဟာတွေလဲ ကျတော်တို့ဒီဆေးခန်းတွေမှာတော့ လုပ်ဖို့ညွှန်ကြားထားတယ်ပေါ့ သံသယရှိတဲ့လူတွေတွေ့ရင်တော့ ကျတော်တို့သက်ဆိုင်ရာမြို့နယ်အလိုက်လွှဲ ပေးဖို့ကို ကျတော်တို့ဆက်ပြီးတော့လုပ်ဆောင်သွားမှာပေါ့။” ဦးစိုးမိုးအောင်က ဆက်ပြောပါတယ်။

ကိုရိုနာဗိုင်းရက်စ် ကူးစက်ပြန့်ပွားမှုကာကွယ်နိုင်ဖို့ ကျန်းမာရေးစစ်ဆေးမှုတွင်ဆောင်ရွက်နေတဲ့ CHDN အဖွဲ့သားများကို မြင်တွေ့ရစဉ်။ ဓာတ်ပုံ- စိုးထိုက်အောင်

ကယားပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် CHDN ကျန်းမာရေးဌာနမှ ကယားပြည်နယ်အတွင်း မှာ KNPP အောက်မှာရှိတဲ့ကျန်းမာရေးဌာနမှ (၂၃) ဂိတ်၊ ကယန်းပြည်သစ်အောက်မှာ (၆)ဂိတ် စုစုပေါင်း (၂၉) ဂိတ်မှ ပြည်တွင်းအဝင်အထွက်တွေကို စစ်ဆေးပြီးတော့လည်း အသိပညာပေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

CHDN အဖွဲ့က ကရင်နီပြည်နယ်ရှိ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့အစည်း(KNSO)၊ ကယန်းအမျိုးသား ကာကွယ်ရေးတပ် (KNG)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) အဖွဲ့တွေကနေပြီး စုပေါင်းဖွဲ့ထားတဲ့ ကျန်းမာရေးအဖွဲ့ဖြစ်ပါတယ်။

နောက်ဆုံးရ ကယားပြည်နယ်၏ COVID19 စောင့်ကြည့် စစ်ဆေးမှု အခြေအနေတွေမှာ၁၃ရက်နေ့ ဧပြီလ ၂၀၂၀ (၁၅း၃၀ နာရီ)ထိ ကယားပြည်နယ်တွင် သံသယလူနာ ၄ ဦး တိုးလာသော်လည်း ရောပိုးတွေ့ရှိမှု မရှိသေးပါ။

လွိုင်ကော်မြို့နယ် ဆေးရုံတွင် သံသယလူနာ (၃) ဦးနှင့် ဒီးမော့ဆိုမြို့နယ် ဆေးရုံတွင် သံသယလူနာ (၁) ဦးတို့ ထပ်မံ တက်ရောက် စစ်ဆေးစောင့်ကြည့်ခံလျက်ရှိတယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုကွန်ယက်စာမျက်နှာမှ သိရပါတယ်။

Comments

comments

Next Post

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိ

Tue Apr 14 , 2020
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၁ ဦး ထပ်မံတွေ့ရှိကန္တာရဝတီတိုင်း(မ်)ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါကြီးဖြစ်သည့် Covid-19 ရောဂါပိုး ကူးစက်ခံရသူ ဆက်လက်တိုးလာလျက် ရှိရာ ယနေ့ ဧပြီလ ၁၄ ရက်နေ့ ည ၈ နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သည့် နောက်ဆုံးရ အချက်အလက်များအရ ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ ၁ ဦး ထမ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် ကူးစက်မြန် အဆုတ်ရောင်ရောဂါ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၆၃) ဦးအထိ ရှိလာပြီ ဖြစ်သည်။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၆၃)ဦး […]