spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

စစ်ပဋိပက္ခကြောင့် ကရင်နီမှာ တစ်နှစ်အတွင်း အရပ်သား ၁၀၆ ဦး သေဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

အာဏာသိမ်းနောက်ဆက်တွဲ စစ်ပဋိပက္ခတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည်နဲ့ ဖယ်ခုံမြို့နယ်မှာ အရပ်သား ၁၀၆ ဦးသေဆုံးခဲ့ပြီး ၄၅၀ ဦးက ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ( KnHRG )က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒရုန်း၊ လေကြောင်း၊ လက်နက်ကြီး၊ သတ်ဖြတ်မှု၊ ရမ်းသန်းပစ်ခတ်မှု၊ မပေါက်ကွဲသေးတဲ့ လက်နက်မီးယမ်း၊ မြေမြှုပ်မိုင်းတို့ကြောင့် သေဆုံးမှုရှိတာအပြင် အာဟာရချို့တဲ့ခြင်းကြောင့်လည်း ယောကျာ်းငယ်တစ်ဦး ၊ မိန်းကလေး ငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ကာလ ရှည်ကြာလာတာနဲ့အမျှ စားသောက်ရေးချို့တက်လာတဲ့ စစ်ဘေးရှောင် မိသားစုဝင်တွေကိုလည်း ပိုမိုတွေ့ရှိလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဒါ့အပြင် တစ်နှစ်အတွင်း ထိခိုက်ဒဏ်ရာရသူ ၄၅၀ ဦးရှိခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတဲ့ ပုံစံကိုကြည့်ရင်တော့ အများဆုံံးက လက်နက်ကြီးပစ်ခတ်မှုကြောင့်၊ လေယာဥ်ပစ်ခတ်မှုကြောင့် အဓိက လေယာဥ်ပစ်ခတ်မှုကြောင့် အများဆုံးဖြစ်ပါတယ်။ ပြီးတော့ မိုင်း လည်းပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်ခဲ့ပြီး ဖယ်ခုံမြို့နယ်မှာ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဦးဗညားကပြောပါတယ်။

ရှမ်း-ကရင်နီနယ်စပ်ဒေသ ဖယ်ခုံမြို့နယ်အတွင်းမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကစလို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု မကြာခဏလုပ်ဆောင်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုအပြင် စစ်ဘေးတိမ်းရှောင်ရသူလည်း တစ်ထောင်ကျော်ရှိခဲ့ပါတယ်။

အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ကရင်နီပြည်နဲ ဖယ်ခုံမြို့နယ်အတွင်း သေဆုံးသွားတဲ့အရပ်သားပြည်သူ ဦးရေ ၅၅၀ ဦး ရှိတယ်လို့လည်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img

Recent posts