spot_imgspot_imgspot_imgspot_img
Sunday, February 16, 2025
spot_imgspot_imgspot_imgspot_img

စစ်ဘေးရှောင်နေရဆဲ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တောမီးမလောင်စေဖို့ မီးတားလမ်းများကြိုတင်ပြင်ဆင်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတချို့ အပါအဝင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ဇန်နဝါရီလ ၂၁ ရက်နေ့အထိ ဒီးမော့ဆို (ရှေ့ )မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်ပြီး တောမီးမလောင်စေဖို့အတွက် မီးတားလမ်းများကြိုတင် ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရပါတယ်။

မီးတားလမ်းကို ကြိုတင်ပြင်ဆင်ထားတာတွေမရှိတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ် (၂၀၂၄ ခုနှစ်) မှာ တောမီးကြောင့် လူနေအိမ် မီးလောင်ပြာကျ ခဲ့တာရတာတွေ ရှိတယ်လို့ ထီးဖိုးကလိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က ပြောပါတယ်။

“တချို့က လူတွေမရှိတော့တဲ့ စစ်ရှောင်သွားတဲ့ တချို့ရွာတွေပေါ့နော်။ ဥပမာ ဒေါတမငယ်ပဲဖြစ်ဖြစ် ရူးဖယ်ခူပဲဖြစ်ဖြစ် ဒေါ်ကလော်ဒူအုပ်စုတွေပဲ ဖြစ်ဖြစ် ၊ မြို့ပေါ်ရပ်ကွက်တွေပဲ ဖြစ်ဖြစ် တော်တော်များများ အိမ်ပါသွားတာတွေ ရှိတယ်။ တောမီးကိစ္စတွေက။ အဲ့တာတွေကြောင့် နည်းနည်းလေး ဆင်ခြင်ဖို့လိုတယ်။ ပြီးတော့ ကိုယ့်ခြံဝန်းထဲပဲဖြစ်ဖြစ် လယ်ကွင်းထဲပဲဖြစ်ဖြစ် ရှင်းလင်းချင်တယ်၊ မီးရှို့ချင်တယ်ဆိုရင် မီးတားလမ်းအရင်လုပ်ပြီးမှ ရှို့သင့်တယ်” လို့ အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လူနေအိမ်တွေကို မီးမလောင်စေဖို့အတွက် မီးတားလမ်းကို ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်တာကြောင့် တောမီးလည်း အလွယ်တကူမရှို့ကြဖို့ သူက မှာကြားထားပါတယ်။

“ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်တွေနဲ့ ဒေါတမငယ်၊ ပါဒေါဒူ အပါအဝင် မီးတားလမ်းပြုလုပ်ပြီးစီးခဲ့ကြောင်းနဲ့ တောမီး လုံးဝမရှို့ဖို့ မှာချင်ပါတယ်” လို့ အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း တောမီးလောင်ရာကနေ ဒီးမော့ဆို(ရှေ့) မြို့နယ် က ကျေးရွာတစ်ရွာကို မီးကူးစက်ခဲ့ပြီး နောက်ထပ်လူနေအိမ်တွေကို ဆက်လက်မကူးနိုင်ဖို့အတွက် မီးငြိမ်းသတ်ဖို့ကြိုးစားနေကြတဲ့ ပြည်သူတွေကို ဒီးမော့ဆိုအခြေစိုက် ခမရ ၁၀၂ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts