spot_imgspot_imgspot_imgspot_img
Sunday, July 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ဘေးသင့်ပြည်သူ လေးသောင်းဝန်းကျင်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီကို IEC ဖိတ်ခေါ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တို့ ဟာ ပြီးခဲ့တဲ့ ဇွန်လ အစာပိုင်းကာလကစပြီး ကရင်နီပြည် မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုကနေ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်အတွင်းကို ဦးတည်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာကာ ထိတွေ့တိုက်ပွဲတွေ ဖြစ်သွားနေတဲ့အတွက် ဒေသခံပြည်သူ လေးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အခြေခံ လိုအပ်ချက်တွေ များစွာ ရှိနေသေးတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ ဇွန်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အရပ်ဘက် အဖွဲ့အစည်းတွေက ဝိုင်းဝန်းပြီး ကူညီပေးနေတာတွေ ရှိနေပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ IEC ရဲ့ အတွင်းရေးမှုး(၂) ဆရာဗညားက အခုလိုပဲ ပြောပါတယ်။

“လောလောဆယ်ကတော့ ဒီမှာ ရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ IEC ရဲ့ လူစာပြန်ဌာနက ဝိုင်းပြီးတော့ လုပ်ပေးနေတာတွေရှိတယ်။ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ကော်မတီတွေနဲ့ပေါ့နော်။ လိုအပ်ချက်တွေကတော့ သေချာတယ်။ ဆက်ရှိနေမှာပဲ ။ နောက်ပြီး‌တော့ မြို့နယ်ကများတယ်။ မိုးတွင်းကာလမှာ ပြောင်းရွေ့တဲ့အတွက်ကြောင့်မို့လို့ ပိုပြီး‌တော့ ခက်ခဲတယ်” လို့ IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညားက ပြောပါတယ်။

စစ်ကောင်စီရဲ့ထိုးစစ်အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေပါတယ်။

စစ်ဘေးသင့်ပြည်သူတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို နိုင်ငံတကာက သိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့် ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံရေးနဲ့ စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများမှာ ထပ်မံတိုးမြင့် ပံ့ပိုးကူညီလုပ်ဆောင်နိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းလိုကြောင်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဓတ်ပုံ/ ကန္တာရဝတီတိုင်း(မ်)

လူဦးရေ လေးသောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာလိုအပ်ချက်ဟာ တစ်လစာမှာ ဒေါ်လာ လေးသိန်းခွဲကျော် အထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ ကရင်နီပြည်၊ မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာအုပ်စု ၅ ခုအတွင်းက အိမ်ထောင်စု ခုနှစ်ထောင်၊ လူဦးရေ လေးသောင်းဝန်းကျင် စစ်ပဠိပက္ခ ကြုံတွေ့နေရတယ်လို့ IEC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

spot_img

Recent posts