spot_imgspot_imgspot_imgspot_img
Friday, April 18, 2025
spot_imgspot_imgspot_imgspot_img

စစ်ရေးအခြေအနေအရ လွိုင်ကော်-ဆီဆိုင်လမ်းကို မသွားလာဖို့ KNDF ထုတ်ပြန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ လွိုင်ကော်မြို့ နဲ့ ရှမ်းပြည်နယ်ကို အဓိက သွားလာတဲ့လမ်းကြောင်းဖြစ်တဲ့ လွိုင်ကော်-ဆီဆိုင်လမ်းကို မြေပြင် စစ်ရေးအခြေအနေအရ ယာယီပိတ်ထားတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ အမှတ်(၂) က မတ်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ အသိ‌ပေး ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၀ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ ခရီးသွားလာခြင်းကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး ပြည်သူလူထုလုံခြုံရေးအတွက် လိုက်နာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အဆိုပါ လွိုင်ကော်-ဆီဆိုင်လမ်းမကြီးတစ်လျှောက်မှာ စစ်ကောင်စီဖက်ကနေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် ပိတ်ထားရခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

စစ်ရေးအခြေအနေအရ အသိပေးထုတ်ပြန်တယ်ဆိုပေမယ့် ကုန်ရောင်းကုန်ဝယ်ပြုလုပ်နေသူတွေ ၊ ယာဉ်မောင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုရသူတွေအနေနဲ့ အခက်အခဲဖြစ်စေတယ်လို့ ဒေသခံအမျိုးသား တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း လွိုင်ကော် – ရှမ်းပြည်နယ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းကား တချို့ သွားလာနေသေးတယ်လို့ ဆိုပါတယ်။

“စာထုတ်ပြန်ပြီးနောက်ခုထိတော့ လိုင်းကားတွေက တချို့ သွားလာနေသေးတာရှိတယ်။”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိကရင်နီပြည်အတွင်းမှာတော့ မြေပြင်စစ်ရေးအခြေအနေအရ မိုးဗြဲမြို့ပေါ် ဖြတ်သန်းသွားလာတဲ့လမ်းနဲ့ ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းတွေကို သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ခရီးသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားတာရှိပါတယ်။

သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက တစုံတရာ ပြန်လည်ထုတ်ပြန်ထားခြင်းမရှိသေးခင်အထိ ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့နဲ့ ပြန်လည်သွားလာနိုင်မယ့် အချိန်နေ့ရက်ကို အသိပေးသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ လွိုင်ကော်-ဆီဆိုင်လမ်းပိတ်တဲ့ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် ဘယ်အကြောင်းအရာမဆို တာဝန်ယူပေးမှာမဟုတ်ဘူးလို့လည်း KNDF ဗျူဟာ အမှတ်(၂)က ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts