spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တဲ့နေရာမှာ ရေကြီးနေတာကြောင့် ဝါရီဆူးပလိုင်ဒေသခံတွေဟာ နင်းမိုင်းတွေရှိနေတဲ့ ကျေးရွာထဲကို ပြန်လာနေထိုင်ကြရ

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီ-ရှမ်းပြည် နယ်စပ်က မိုးဗြဲမြို့နယ်မှာရှိတဲ့ ဝါရီဆူးပလိုင်ကျေးရွာက ဒေသခံတွေဟာ စစ်ရှောင်တဲ့နေရာမှာ ရေဘေးနဲ့ကြုံတွေ့နေရတာကြောင့် ရေဘေးတိမ်းရှောင်ဖို့ နင်းမိုင်းတွေ ရှိနေသေးတဲ့ ကျေးရွာအတွင်းကိုသာ ပြန်လာနေထိုင်ကြရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီကနေ သိရပါတယ်။

“အစကတော့ စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်တာပေါ့။ ရွာထဲနေလို့မရတဲ့ အခြေအနေမှာ လယ်ထဲ ဆင်းနေကြတာရှိတယ်။ အခုက ရေကြောင့် လယ်ထဲလည်း နေမရတော့ နေရပ်ကိုပဲ ပြန်လာနေကြတယ်။ စစ်ကောင်စီတွေတော့ မရှိကြတော့ပေမဲ့ နင်းမိုင်းတွေကထောင်ထားခဲ့ကြတော့ နယ်မြေရှင်းလင်းရေး တွေလည်း ပြန်မလုပ်နိုင်ကြသေးဘူး။”လို့ Karenni Hpoe အသင်းဝင်တစ်ဦးကဆိုပါတယ်။

အဆိုပါ ဝါရီဆူးပလိုင်ကျေးရွာမှာ ၂၀၂၂ခုနှစ်အတွင်းက တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲမကြာခဏဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အခြေချနေထိုင်သွားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒေသခံတွေကတော့ လုံခြုံရေးအခြေအနေကြောင့် နယ်မြေရှင်းလင်းရေး ပြန်မလုပ်နိုင်ကြသေးတာဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ နင်းမိုင်းရှိတဲ့ ကျေးရွာတွေကို ပြန်မနေကြသေးဖို့ အသိပေးစာတွေနဲ့ မြေမြုပ်မိုင်း(နင်းမိုင်း) အမှတ်အသားတွေသာ ပြုလုပ်နိုင်သေးတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက အခုလိုပြောပါတယ်။

“ဝါရီဆူးပလိုင်က အမှန်တော့ ပေးကိုမသွားသေးတာ။ မြက်တွေတအား ထူတာလည်းပါတယ်။ နည်းနည်းလေးပေါ့နော်၊ မိုင်းတွေများတဲ့နေရာဆိုပြီးတော့မှ ကြိုးနီတောင်မှ တားထားသေးတယ်။ ဒါပေမဲ့ တချို့က သွားတာလာတာတော့ရှိတယ်။ ဒါပေမဲ့လောလောဆယ်တော့ အဲ့လိုပဲ လုပ်ထားသေး တာပေါ့နော်။ နေရာတော်တော်များများမှာ မိုင်းမရှင်းနိုင်သေးဘူးလေနော်။ ဒီသွားဖို့လာဖို့ အဆင်ပြေ အောင်ပဲ လမ်းမကြီးလောက်ပဲရှင်းပေးနိုင်တယ်။ တချို့ နေရာကတော့ ကိုယ်ထူကိုယ်ထ ရှင်းနေတာ တော့ရှိပါတယ်။ ဒါသူ့အိမ်သူ့ခြံနဲ့သူပေါ့။”လို့ ဦးဗညားက ဆိုပါတယ်။

လတ်တလောမှာတော့ ကျေးရွာအတွင်း နင်းမိုင်းကြောင့် ထိခိုက်တဲ့ ပြည်သူတွေရှိတာ မကြားရသေးဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။

မိုးဗြဲရေကာတာကနေ ဆည်ရေဖောက်ချတာကြောင့် မိုးဗြဲမြို့အပြင် ဘီလူးချောင်းဘေးတစ်လျှောက်က ကျေးရွာ ၊ စပါးခင်း၊ လမ်းမကြီးမှာလည်း ရေနစ်မြှုပ်ခဲ့ရတာကြောင့် ရေဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts