spot_imgspot_imgspot_imgspot_img
Sunday, November 10, 2024
spot_imgspot_imgspot_imgspot_img

စစ်ရှောင်တွေ ရိက္ခာ ပို့ဖို့ အသုံးပြုတဲ့ လမ်းကို ပြုပြင်ရန် အကူညီလိုအပ်နေ

ထွေးရယ် / ကန္တာရဝတီတိုင်း(မ်)


ဒီးမော့ဆို အရှေ့ခြမ်းက စစ်ရှောင်စခန်း တစ်နေရာမှာ စစ်ရှောင်စခန်းဆီ ရိက္ခာပို့ဖို့ အသုံးပြုနေရတဲ့ လမ်းကို ကျောက်ချောလမ်း ပြုလုပ်နိုင်ဖို့ ကိုယ်ထူကိုယ်ထပြုပြင် နေရပြီး အမြန်ပြီးစီးနိုင်ဖို့ ငွေကြေး အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်း ကော်မတီတစ်ဦးက ပြောပြပါတယ်။

“ ကျနော်လမ်းပြင်ရတဲ့ အကြောင်းရင်းက အခုက ပြည်သူတွေက စစ်ရှောင်နေကြရတယ်။ ပြီးတော့ လမ်းက မကောင်းဘူး လမ်းက ကျွံနေတယ် စက်နဲ့ ခဏခဏဆွဲနေရတော့ အဆင်မပြေဘူး။ ကားတွေလည်း သွားလို့မရတော့ အလှူရှင်တွေ ကျနော်တို့ ဆီလာချင်လည်း လာလို့မရဘူး အဲ့လို ဖြစ်တဲ့အတွက် လမ်းပြင်ဖို့လိုတယ်ပေါ့။ လမ်းပြင်ဖို့အတွက် ကျောက်ချထားတာရှိတယ်။ အရေးကြီးတဲ့ နေရာပဲ အရင်လုပ်မယ်ပေါ့။ “ လို့ စစ်ရှောင်စခန်း ကော်မတီ တစ်ဦး ကပြောပါတယ်။

စစ်ရှောင်တွေဆီသွားဖို့ အသုံးပြုနေတဲ့လမ်းဟာဆိုရင် မိုးရွာရင် သွားလာလို့ အဆင်မပြေတဲ့အတွက် စစ်ရှောင်စခန်းကော်မတီတစ်ဦးက ဦးဆောင်ပြီးတော့ လမ်းပြုပြင်နေတာဖြစ်ပါတယ်။ လမ်းကြိတ်စက်လည်း မရှိတဲ့အတွက် အဆင်ပြေသလို ဆောင်ရွက်နေရတယ်လို့ သူက ဆိုပါတယ်။

“ လက်ရှိကြုံနေတဲ့ အခက်အခဲက ကျောက်တွေ သယ်ဖို့အတွက် ထော်လာဂျီဆို တခါတခါဆို စက်ပျက်တယ်။ ဒီဇယ်လည်း စျေးကြီးတော့ မဝယ်နိုင်တာတွေရှိတယ်။ ကျနော်တို့ အလုပ်မလုပ်နိုင်တာ တစ်နှစ်ရှိပြီဆိုတော့ ကျနော်လည်း လှူချင်တယ် ဒါပေမယ့် အရေးကြီးတာ ဒီဇယ်ပေါ့ မြို့ထဲလည်း မသွားနိုင် တောထဲမှာပဲ သွားနေတာဆိုတော့ အခက်ခဲရှိတာ ဒီဇယ်ပေါ့။ ပိုက်ဆံလည်း လိုတာပေါ့ လမ်းပြင်တာ သူများကို အလကားလည်း မခိုင်းချင်ဘူး။ ကျောက်တွေ ခွဲရတော့ သူတို့ကို လုပ်အားခတော့ ပေးချင်တယ်ပေါ့။ “ လို့ သူက ဆက်ပြောပါတယ်။

ပြုပြင်နေတဲ့လမ်းက ၁မိုင်ခွဲ လောက် ရှိပြီး လမ်းပြင်ဖို့အတွက် ကျောက်စီထားနေတုန်းဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် ၂၀ရာခိုင်နှုန်းလောက်ပဲ ပြုပြင်ပြီးစီးတဲ့ အနေအထားဖြစ်ပါတယ်။


အဲ့ဒီ စစ်ရှောင်စခန်းဟာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး စစ်ရှောင် ထောင်ကဏန်း ရှိနေတာပါ။ စစ်ရှောင်စခန်းတွေမှာလည်း  လိုအပ်ချက်တွေ များပြားနေဆဲ ဖြစ်တဲ့အတွက် အလှူရှင်တွေအနေနဲ့လည်း စစ်ရှောင်တွေဆီ ကိုယ်တိုင်လာ ရောက်လှူဒါန်း ပေးဖို့လည်း သူက တောင်းဆိုထားပါတယ်။

spot_img
spot_img