spot_imgspot_imgspot_imgspot_img
Wednesday, January 22, 2025
spot_imgspot_imgspot_imgspot_img

စတုတ္ထအကြိမ်မြောက် ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ညီလာခံကနေ လုပ်ငန်းစဉ် သုံးရပ် ချမှတ်

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း တစ်နေရာမှာ စတုတ္ထ အကြိမ်မြောက် ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (KSSU) ညီလာခံကို ဒီဇင်ဘာလ ၁၁ ရက် နဲ့ ၁၂ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ် သုံးရပ် ကို ချမှတ်နိုင်ခဲ့ပါတယ်။

“ရှေ့ဆက်လုပ်ငန်းစဥ်အနေနဲ့ ဆို ကျနော်တို့က သုံးခုခွဲထားတယ်။ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေးပေါ့နော်။ ပညာရေးမှာ ဆိုရင် အဓိက ကျောင်းသားထု အခွင့်အရေးနဲ့ ပတ်သက်တဲ့ အရာတွေ ကျောင်းသားရဲ့ ဆုံးရှုံးလိုက်ရတဲ့ အရာတွေကို ကျနော်တို့ အပြည့်အဝ ကာကွယ်ပေးသွားမယ်။ ပြောင်းလဲနေတဲ့ ပညာရေးကိုလည်း ကျနော်တို့ လမ်းကြောင်းမှန်ဖို့အတွက်လည်း အမြဲတမ်း စောင့်ကြည့်ပြီးတော့ ကျနော်တို့လိုအပ်တဲ့ ဟာကို ကျောင်းသားသမဂ္ဂ ကဏ္ဌကနေပြီးတော့ အစွမ်းကုန်ပါဝင်သွားမယ်ပေါ့နော။ နိုင်ငံရေး ကဏ္ဌမှာဆိုရင် လက်ရှိ ကြားကာလ အစိုးရတွေပဲဖြစ်ဖြစ် ဒီအစိုးရလို့ ပြောလို့ရတဲ့သူတွေကို သူတို့လမ်းကြောင်းမှန် ရောက်ဖို့ အတွက်ဆိုရင် ကျနော်တို့တည့်မှတ်ပေးတာတွေရှိမယ်။ တွေ့ဆုံတာတွေရှိတယ်ပေါ့။ လူမှုရေးမှာဆိုရင်တော့ ကျနော်တို့‌ နေထိုင်တဲ့ အသိုက်အဝန်းက ဘေးကင်းလုံခြုံမှုရှိဖို့အတွက် ဆိုရင် တခြားအဖွဲ့အစည်းတွေနဲ့ မတူတဲ့ ရှုထောင့်ကနေပြီးတော့ လိုက်ပြီးလေ့လာတယ်။ လိုအပ်တဲ့ဟာတွေကို ကျနော်တို့က တောင်းဆိုသွားမယ်” လို့ KSSU ဒု – ဥက္ကဌ ကိုကျော်သူရက အခုလို ပြောပါတယ်။

စတုတ္ထအကြိမ်မြောက် ညီလာခံကို မကျင်းပခင် ယခင်လမှာ အကြိုညီလာခံတွေကို ကျင်းပခဲ့ပြီး တချို့စာသင်ကျောင်းမှာတော့ ကျောင်းသားသမဂ္ဂ မရှိသေးတဲ့အတွက် စည်းရုံးရေးဆင်းပြီး သမဂ္ဂဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်ခဲ့တာရှိပါတယ်။

ဓါတ်ပုံ – ကန္တာရဝတီတိုင်း ( မ် )

အခုလို ညီလာခံကျင်းပရတာဟာ ကရင်နီပြည်က ကျောင်းသားလူငယ်တွေကို ပြန်လည်စုစည်းပြီး ဖွဲ့စည်းပုံဆွေးနွေးခြင်း ၊ ကော်မတီဝင်များအား ရွေးချယ်တင်မြောက်ခြင်း ၊ ရှေ့ဆက် လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်သွားနိုင်ဖို့ စတဲ့အကြောင်းအရာတွေကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ညီလာခံမှာပဲ ယခင်ကခေါ်ဆိုကြတဲ့ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ အမည်နာမ ကို ကရင်နီပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဖြစ် ပြောင်းလဲ ခေါ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

နှစ်ရက်တာ ညီလာခံကို ဒီးမော့ဆို ၊ ဖရူဆို ၊ ဖယ်ခုံ မြို့နယ်တွေက အခြေခံကျောင်းအသီးသီးက ကိုယ်စားလှယ်များ ၊ အဆင့်မြင့်ကျောင်းတွေဖြစ်တဲ့ ဖန်းဆော်တက္ကသိုလ် ၊ ပညာရေးကောလိပ် ၊ New Horizon ကျောင်း အပြင် တခြား Alternative ကျောင်းက ကိုယ်စားလှယ်တွေ လေ့လာသူတွေအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img
spot_img

Recent posts