spot_imgspot_imgspot_imgspot_img
Tuesday, May 20, 2025
spot_imgspot_imgspot_imgspot_img

စိုးရိမ်ပူပန်မှုကြားက စားဝတ်နေရေး ဖြေရှင်းနေကြတဲ့ ဖယ်ခုံအရှေ့ဖက်ကမ်းက ဒေသခံတွေရဲ့စကားသံများ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်စပ် မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲဝင်တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဖက်က လက်နက်ကြီးတွေ၊ လေယာဥ်တွေအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေရှိနေချိန်မှာ မိုးဗြဲမြို့နဲ့ နီးတဲ့ ဖယ်ခုံအင်းအရှေ့ဘက်က ကျေးရွာတွေမှာနေထိုင်တဲ့ ဖယ်ခုံဒေသခံတွေဟာ စိုးရိမ်ပူပန်မှုတွေကြား စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းနေကြလဲဆိုတာကို မေးမြန်းတင်ဆက်ထားပါတယ်။

ကိုဂျွန် (ဖယ်ခုံအရှေ့ဘက်ကမ်း အုတ်ရိုက်သူ)

” တကယ်လို့ ဒီအနီးနားလက်နက်ကြီးအသံကြားရတာနဲ့ ကျနော်တို့လည်း အုတ်ရိုက် တစ်ချက်ပြန်နားတယ်။ ပြီးတော့ နည်းနည်းပြန်တိတ်နေရင် ကျနော်အုတ်ပြန်ရိုက်တယ်။ မလုပ်မဖြစ်ဆိုတော့ ကျနော်ကဒီကြားမှာပဲ လက်နက်အသံ နည်းနည်းတိတ်နေတဲ့ကြားမှာ ချက်ချင်းအလုပ်ပြန်လုပ်တယ်။ အဲ့လိုပဲ လုပ်သွားနေရတယ်။ အချိန်ပြည့် စိုးရိမ်တယ်။ လက်နက်ကြီးထွက်တော့ လုံးလုံးကျနော်တို့မလုပ်ရဲတာ။ အုတ်မရိုက်ရဲတာ ဒါကြောင့်မို့ ဒီလက်နက်ကြီးထွက်တာနဲ့ နာရီပိုင်းမက နေ့တစ်ပိုင်းနားတယ် ညနေပိုင်းပြန်လုပ်။ လက်နက်ကြီးပြန်ထွက်ဆိုလည်း ပြန်နားနေရတယ်။”

မောင်ညှိ (သဲကားမောင်းသူ တစ်ဦး)

“သွားသွားလာလာဆိုရင်လည်း လက်နက်ကြီးကိုယ့်နံဘေးမှာကျတာလည်း ရှိတယ်။ အရှေ့မှာကျတာလဲရှိတယ်။ အနောက်မှာကျတာလည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ကံတရားပေါ့နော။ ကံမပါသေးလို့ မထိတာဘာညာအဲ့လိုမျိုးရှိတယ်။ နောက်သူများလည်း သွားလာမူရှိတာပဲ သူများမသွားလာရဲလည်း ကိုယ်လည်း သွားလာနိုင်သလောက်တော့ သွားလာနိုင်တဲ့ထိတော့ ဆက်ပြီးသွားမှာပဲ ဘာလို့ဆို ကိုယ့်ရဲ့စားဝတ်နေရေးလည်း ရှိသေးတာပေါ့နော။ ဒီကားနဲ့ပဲ ကိုယ်က အသက်မွေးဝမ်းလုပ်နေတဲ့ခါကြတော့ အမျိုးမျိုးပါပဲ ဒုက္ခတော့ အမျိုးမျိုးကြုံရတာပေါ့။ ကြောက်စရာတွေ အမျိုးမျိုးရှိတယ် ဘာလို့ဆို ကျနေတဲ့ချိန်မှာ ကိုယ်ကဘယ်လိုရုန်းထွက်ရမလဲဆို ကိုယ်တော်တော်လေးစိတ်က အဲ့ချိန်မှာပင်ပန်းတယ် နောက်ပြီးကြောက်စိတ်လည်း တအားများတယ်။ ကိုယ်ခြေတုန်လက်တုန်နဲ့ ကားမောင်းရတယ်။ ဒီဘယ်လိုရုန်းထွက်ရမလဲဆို ကိုယ်လွတ်အောင်ဘယ်လိုရုန်းထွက်ရမလဲဆို စိုးရိမ်ပူပန်မူတော့ အမျိုးမျိုးတော့ ရှိတာပေါ့။

ဒေါ်လှ (လယ်စိုက်တောင်သူတစ်ဦး)

“စိုးရိမ်တော့ ရက်တိုင်းစိုးရိမ်ရတယ်။ အလုပ်လဲ မလုပ်လို့မဖြစ်ဘူးဆိုတော့ သားသမီးလည်း စားရဖို့ ကိုယ်လည်းစားရဖို့ဆိုတော့ အလုပ်ပင်ပင်ပန်းပန်းနဲ့ လုပ်ရတယ်။ ကြောက်လဲကြောက်ရတယ်။ လယ်သွားလည်း မပြီးလည်းပြန်သွားတာလည်းရှိတယ်။ လက်နက်ကြီး ခနခနကြားရတာတော့ ရွာထဲမှာလဲ ကြားရတယ်။ ညချိန်မှာလည်း အိပ်လည်း ကောင်းကောင်းမအိပ်ရဘူး။ ကျင်းထဲမှာလည်း အိပ်ရတယ်။ သားသမီးလည်း စိုးရိမ်ရတယ် အဲ့မျိုးပေါ့။ ကြောက်ရတယ် အမြဲကြောက်ရတယ်။ ပင်ပင်ပန်းပန်းနဲ့ပဲ အမြဲတမ်းလုပ်ရတယ်။”

ဒေါ်ကောရတီ (တောင်ယာလုပ်ကိုင်သူတစ်ဦး)

“အဒေါ်ကြောက်တယ်။ အဒေါ် အိမ်မှာမအိပ်ရဲဘူး။ အဒေါ်ဗုံးခိုကျင်းမှာ မနေရဲဘူးဆို ဟိုးတောင်ပေါ်မှာ သွားအိပ်တယ်။ အဒေါ်တောင်ယာမှာ တဲထဲမှာ သွားအိပ်တယ်။ အဒေါ်ကြောက်တော့ အဒေါ်က ဗုံးခိုကျင်းမှာ သွားနေတယ်ပေါ့။ အဒေါ်ကလေးတွေကို အကုန်လုံးဆွဲထားပြီး အဲ့လိုပဲ အလုပ်မလုပ်ရဲဘူးပေါ။ အဒေါ်စားလည်း မစားရဲဘူး အိပ်လည်းအိပ်မပျော်ဘူးပေါ့နော။”

spot_img
spot_img