spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ကားတစ်စီး၊ လက်နက်ငယ် ၃လက်သိမ်းဆည်းရမိ၊ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဧပြီလ ၁၆ ရက်‌နေ့ဖြစ်တဲ့ သင်္ကြန်အတက်နေ့မှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တို့နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံ လက်နက်ငယ် ၃လက်နဲ့ ကားတစ်စီး သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဖက် တပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဓါတ်ပုံ – PNLA

“သင်္ကြန်အတွင်းမှာ နေ့တိုင်းတိုက်ပွဲဖြစ်ပါတယ်။ မနေ့ကလည်း ဖြစ်ပါတယ်။ မနက်ပိုင်းကနေ နေ့လည်၁၂နာရီ ထိလောက်ဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲမှာတော့ စစ်ကောင်စီထံကနေ လက်နက်ငယ် ၃လက် သိမ်းဆည်းရမိခဲ့ပါတယ်။ နောက်ပြီးတော့ ကားတစ်စီး သိမ်းဆည်းရမိတယ်ပေ့ါနော်။ ကားက ၅စီးပေါ့ အကောင်းတစ်စီးပဲ ရတယ်။ ကျန်တဲ့ ၄စီးကစစ်ကောင်စီ မီးရှို့ဖျက်ဆီးထားတာပေါ့နော်။ ပြီးတော့ စစ်ကောင်စီဖက်က မျက်မြင်အရ ၁၀ဦးထက်မနည်း သေဆုံးတယ်ပေါ့လေ”လို့ ခွန်ရိန်းယံက ဆိုပါတယ်။

သင်္ကြန်ကာလအတွင်း နေ့စဥ် စစ်ကောင်စီဖက် စစ်ကြောင်းထိုးလာတာကြောင့် ဆီဆိုင်မြို့အတွင်းမှာ နေ့စဥ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိတွေပါသေဆုံးခဲ့တယ်လို့လည်း ခွန်ရိန်းယံကဆိုပါတယ်။

ဧပြီလ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီးအဆင့် အရာရှိအပါအဝင် ၁၃ ဦးသေဆုံးခဲ့တာရှိသလို ဧပြီလ ၁၄ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်မှ အရာရှိ ၁၁ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်း ကုတင် ၇၀၀ ဆေးရုံအတွင်း သေဆုံးသွားခဲ့တယ်လို့လည်း PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts