spot_img
Wednesday, August 10, 2022
spot_img

ဇွန်လ ၁၁ ရက်နေ့ ၆မိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား KNDF ရဲဘော်တချို့ ထိခိုက်

spot_imgspot_imgspot_imgspot_img

ထွေးရယ် (ကန္တာရဝတီတိုင်း(မ်))

ယမန်နေ့ (ဇွန်လ ၁၁ ရက်) မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် ၆ မိုင် ကျေးရွာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-09 ၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

KNDF က ကင်းလဲဖို့ သွားတဲ့ အချိန်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ခြင်းခံရတာဖြစ်ပြီး ရဲဘော်တစ်ချို့ ထိခိုက်ဒဏ်ရာရတာရှိတယ်လို့ သူက ဆက်ပြောပါတယ်။   မနက်အစောပိုင်း ၃နာရီလောက်မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

“အဲမှာ ဒဏ်ရာရတဲ့ ရဲဘော်တစ်ချို့ကို ကယ်ထုတ်ဖို့ ကြိုးစားရင်း နဲ့ တိုက်ပွဲက နေ့လည်လောက်ထိဖြစ်တယ်။ နေ့လည်လောက်ထိဖြစ်ပြီးမှ ညနေလောက်ပြီးသွားတယ်ပေါ့လေ။“ လို့ KNDF ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေအပြီး မှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်နေတာရှိတယ်လို့ သူကဆိုပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ ၆မိုင်တိုက်ပွဲအပြင် ဖရူဆိုမြို့နယ်က နေ ဒီးမော့ဆိုမြို့နယ် ဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထီးပေါ်ဆို ကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ ဇွန်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာလည်း စံပြ ၆မိုင်ကျေးရွာမှာ ကင်းလှည့်နေတဲ့ KNDF ရဲဘော်တချို့ကို  စစ်ကောင်စီတပ်ဘက်က စတင်တွေ့ရှိပစ်ခတ်ခဲ့တာကြောင့် တပ်သား တချို့ ထိမှန်တာတွေရှိခဲ့ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ကျေးရွာဆေးပေးခန်းတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ဒေသခံတစ်ဦးသေဆုံး ၂ဦးထိခိုက်ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ ခြမ်းက ကျေးရွာတစ်ရွာရှိ ဆေးပေးခန်းကို ဒီနေ့ ဩဂုတ်လ ၉ ရက်နေ့ မွန်းလွဲ ၁၀ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်တစ်စင်းနဲ့ အကြောင်းမဲ့ လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းပစ်ခတ်မှုကြောင့် လူ ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး...

လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို KA ၊ KNDF တို့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်

ကန္တာရဝတီတိုင်း( မ် ) လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တို့က ယမန်နေ့ ဩဂုတ်လ ၇ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “နှစ်နေရာတော့...

ဒေသခံတွေ တစ်နှစ်ကြာသိုလှောင်သိမ်းဆည်းထားတဲ့ စပါးမှိုတက်တာကြောင့် ပျက်စီးမှုတချို့ရှိ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ဒေသခံတွေ ပြီးခဲ့တဲ့နှစ်ကတည်းက တောတောင်ထဲ သိုလှောင်သိမ်းဆည်းထားတဲ့ စပါးတွေကို ကြွက်စားတာ၊ မိုးရေစိုတာ၊ မှိုတက်တာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒေသတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာထဲလက်နက်ကြီးကျရောက်မှုတွေ စစ်ကြောင်းထိုးမှုတွေရှိတာကြောင့် ဒေသခံတွေဟာ ၎င်းတို့သိုလှောင်ထားတဲ့ စပါးတွေ...

ဩဂုတ်လပထမပတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်) ဩဂုတ်လ ပထမပတ်အတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ (ဩဂုတ်လ ၈ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။ ပထမပတ်အတွင်း ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီး၊ ဒီးမော့ဆိုမြို့မရဲစခန်း၊ စံပြ ၆ မိုင်၊ ဘက်တလိန်ကျေးရွာ တိုက်ပွဲတွေမှာ...