00:00-အဖွင့်
ဇွန်လ (၁၁) ရက် ဗုဒ္ဓဟူးနေ့ ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ရုပ်သံသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
00:48- ဖယ်ခုံ-ညောင်ရွှေနယ်စပ်မှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေပါတယ်။
02:05- ပထဝီကို အခြေပြုတဲ့ ပြည်နယ်သစ်တွေနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ KNA ပြောဆိုလိုက်ပါတယ်။
03:42- စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်မှာ တစ်လအတွင်း အရပ်သား သေဆုံးမှု ၆ ဦးရှိခဲ့ပါတယ်။
04:40- ကုန်စျေးနှုန်း ကြီးမြင့်မှူဒဏ်ကြောင့် ဖရူဆိုစစ်ဘေးရှောင်တွေ မီးဖိုချောင် အသုံးစရိတ် လျှော့ချနေရတယ်လို့ ဆိုပါတယ်။
ဒီသတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။
05:16- အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးအန္တာရာယ်အပေါင်းက ကင်းဝေးကြပါစေရှင့်။ ကျမ မော်ညားမာ ပါ။