ဇွန်လ ၃ ရက်နေ့မှာ နားဆင်ရမဲ့ ကန္တာရဝတီတိုင်း(မ်) ရဲ့ သတင်းတွေကတော့
00:00 – အဖွင့်
00:43 – ဒီးမော့ဆို အနောက်ဖက်ခြမ်းက လေးမိုင်ဈေးတန်းလမ်းဆုံမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးသွားပါတယ်။
01:29 – လွိုင်ကော်မြို့အတွင်းမှာ ပြည်သူ့စစ်နဲ့ ယာဥ်ထိန်းရဲတွေ ပူးပေါင်းပြီး လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
02:43 – ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ကျေးရွာတချို့ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ လက်နက်ကြီးကြောင့် ညတွင်းချင်းထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
03:31 – ဒီသတ္တပတ်အတွင်း မိုးကြီးပြီး မြေပြိုတာ၊ တောင်ပြိုတာနဲ့ ကမ်းပါးပြိုခြင်း အန္တာရာယ်တွေကို သတိထားဖို့လိုအပ်နေပါတယ်။ စတဲ့သတင်းတွေကို ပြောပြပေးပါမယ်ရှင့်။
04:31 – အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးအန္တာရာယ်အပေါင်းက ကင်းဝေးကြပါစေရှင့်။ ကျမမော်ဦးမြာပါ။