00:00- အဖွင့်
ဇွန်လ (၄) ရက် ဗုဒ္ဓဟူးနေ့ ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါတော့မယ်။
ဒီနေ့မှာတော့
00:53-စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တို့ ရေပူကျေးရွာမှာ တပ်စွဲထားဆဲဖြစ်ပြီး လူနေအိမ်များ မီးရှို့ဖျက်ဆီးနေပါတယ်။
02:17-ရှမ်း-ကရင်နီ နယ်စပ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးကာ နဲ့ အသုံးအဆောင်ပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်။
03:41-ထိုင်း-ကရင်နီ နယ ်စပ်က စစ်ရှောင်စခန်း (၂) နေရာမှာ ရာသီကူးပြောင်း ကာလအတွင်း ဖျားနာတဲ့ လူနာဦးရေ များပြားလာတယ်လို့ ဆိုပါတယ်။
04:40-ညောင်ရွှေနဲ့ ပင်လောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ PNO တို့ရဲ့ ပစ်ခတ်မှုတွေကြောင့် တစ်လအတွင်း အရပ်သားနေအိမ် ၄၀ ကျော်ပျက်စီးခဲ့ရပါတယ်။
ဒီသတင်းတွေကို ကြည့်ရှုနားဆင်ရမှာပါ။
05:39 – အပိတ်
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးအန္တာရာယ်အပေါင်းက ကင်းဝေးကြပါစေရှင့်။ ကျမမော်ညားမာပါ။