spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ညောင်ရွှေမြို့နယ်မှာ ၂ ရက်အတွင်း စစ်ကောင်စီ ရဲ့ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် နေအိမ် ၃လုံးထိခိုက်ပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း ပြည်သူ နေအိမ် ၃လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ဆီကနေ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့နဲ့ ၃၁ ရက်နေ့မှာ တိုက်ပွဲ တစုံတရာ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် (PNA) တို့က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုလုပ်တဲ့ ကျေးရွာတွေမှာလည်း ပြည်သူနေထိုင်မှုမရှိတာကြောင့် လူထိခိုက်တွေမရှိခဲ့ဘူးလို့ အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက အခုလိုပြောပါတယ်။

“အဲ့ဒီ ပစ်ခတ်မှုလုပ်တဲ့နေရာတွေက ပြည်သူတွေမနေကြဘူး။ စစ်ရှောင်ကြတယ်။ နေအိမ်တွေပဲ ထိသွားတာ။”လို့ အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ဆိုပါတယ်။

မတ်လ ၃၀ ရက်နေ့မှာတော့ ညောင်ရွှေမြို့နယ် ၊ အင်းလေးတောင်ဖက်ခြမ်းမှာရှိတဲ့ ဘုရား‌တောင်ရွာကို ဒရုန်းနဲ့ ဗုံးကြဲတာ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ၆ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကာ ယမန်နေ့ မတ်လ ၃၁ ရက်နေ့မှာတော့ ရေပူကျေးရွာကို လက်နက်ကြီးအပါအဝင် ဒရုန်း ၈ ကြိ မ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၂လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ယမန်နေ့ မတ်လ ၃၁ ရက်နေ့မှာ အင်းလေးဒေသ လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းမှာလည်း ညောင်ရွှေမြို့နယ် ၊ အင်းလေးတောင်ဖက်ခြမ်းမှာရှိတဲ့ ဘုရားတောင်ရွာ ရပ်ကွက် (၃) ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီနဲ့ PNA တို့ ဒရုန်း ဗုံးသီး (၁၂၀ မမ) နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တလုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေဟာ စစ်ရှောင်လူထုရှိရာအရပ်တွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်မှုတွေ လုပ်နေတာရှိသလို ပြည်သူတွေမရှိတဲ့ အရပ်တွေကိုလည်း နေအိမ်တွေကို တမင် ဖျက်ဆီး တိုက်ခိုက်မှုတွေမကြာခဏ လုပ်ဆောင်လျက်ရှိနေပါတယ်။

spot_img

Recent posts