spot_imgspot_imgspot_imgspot_img
Saturday, May 24, 2025
spot_imgspot_imgspot_imgspot_img

တစ်လအတွင်း ဖယ်ခုံအရှေ့ခြမ်းကို လက်နက်ကြီး ၅ကြိမ်ထက်မနည်း ပစ်ခတ်၊ ပြည်သူ ၈ ဦး ထိခိုက်မှုရှိပြီး ၁ ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် အရှေ့ခြမ်းက ကျေးရွာတွေကို ဇန်နဝါရီ တစ်လအတွင်း စစ်ကောင်စီက လက်နက်ကြီး (၅) ကြိမ်ထက်မနည်း ပစ်ခတ်မှုရှိခဲ့ပြီး ပြည်သူ ၈ဦး ထိခိုက်သလို ၁ဦး သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG)ရဲ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

သေဆုံးသူ ၁ ဦးမှာ အမျိုးသားဖြစ်ပြီး ထိခိုက်သူ ၈ဦးမှာတော့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၂‌ဦး ဖြစ်ပြီး ကျန် ၂ဦးကိုတော့ မသိရှိရသေးပါဘူး။

ပြည်သူရှိရာကို ဦးတည်ပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ထိတ်လန့်နေကြရပြီး တခြားနေရာကို တိမ်းရှောင်ကြသူလည်း တစ်ထောင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကတော့ ရက်တိုင်းကျတယ် တချို့ဒေသခံတွေကတော့ တချို့ကတော့ ပြေးတယ် တချို့ကလည်း မပြေးဘူးပေါ့နော။ ၅၀ ရာခိုင်နှုန်းသော လူထုတွေက ရှောင်ကြတယ်ပေါ့နော။ အများအားဖြင့် ဖယ်ခုံအရှေ့ဘက်ခြမ်းသူတွေက ဒီးမော့ဆိုဖက်ကို ရွှေ့ကြတယ် ရွေ့တာတော့ တစ်လကျော်ကျော်လောက်ရှိပြီ စစ်ရှောင်လာတာ။ တိုက်ပွဲဖြစ်တာနဲ့နီးတဲ့နေရာဆို ရွာလုံးကျွတ်စစ်ရှောင်ကြတယ်ပေါ့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီလအတွင်းက ၉၊ ၁၀ ၊ ၁၅ ၊၁၈ ၊ ၂၀ ရက်နေ့တွေမှာ ဖယ်ခုံအရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီရဲ့ လွိုင်ကော်၊မိုးဗြဲ၊ ဖယ်ခုံ အခြေစိုက် တပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေအိမ် ၅ လုံး၊ အိမ်သာ ၂ လုံး ၊ ဆိုင်ကယ် ၃စီးနဲ့ မူကြိုကျောင်းဆောင် ၁ဆောင် လည်းထိမှန် ပျက်စီးခဲ့ပါသေးတယ်။

လတ်တလောမှာလည်း မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး နေ့စဉ် လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေသလို ကျေးရွာရှိရာကိုလည်း ပစ်ခတ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

” မိုးဗြဲမှာက တိုက်ပွဲကတော့ဖြစ်နေဆဲပါ။ လက်နက်ကြီးကလည်း တောက်လျှောက်ပစ်နေတယ်။ လူထုတွေကို လုံခြုံရေးသတိရှိကြဖို့ ပြောချင်ပါတယ်။”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

၂၀၂၅ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြာင်း ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရပ်သားသေဆုံးသူ ၁၃၀ ထက်မနည်း ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img

Recent posts